၁။လက်နက်ချစကား အလျဉ်းမပြောရ။ ၂။ကရင်ပြည် ပြီးပြည့်စုံရမည်။ ၃။ကရင့်လက်နက် ကရင့်လက်ထဲရှိရမည်။ ၄။ကရင့်ကြမ္မာ ကရင်ဖန်တီးရမည်။
အှ်ဆံင်းလာ.ဆါ် ကိုဝ်.ဟှာဍေ။

၂၇၅၁ခုနှစ်ထုတ် ကရင်နှစ်သစ်ကူးသတင်းစာစောင်(ဆစ်ဒနီ)

Karen News Letter 2751

Phado David-Htaw (KNU) Interview

The Eubank girls singing - 07/19/09

White Monkey

Klo and Kweh concert in Omaha

ကရင့်အနုပညာ ကလိုကွယ်တေးဂီတအဖွဲ့
http://shwevideos.net/live_broadcasting.php

2751 Karen New Year, Malaysia (1,2)



နော်ဝေမြောက်ပိုင်း ကရင်နှစ်သစ်ကူးပွဲ ပရိဿတ် ၁၅၀ခန့် ဆင်နွဲ

ဒီဇင်ဘာလ ၂၈ရက်၊ ၂၀၁၁။ (ကေအိုင်စီ)

နော်ဝေနိုင်ငံမြောက်ပိုင်းရှိ ဟာစတပ်(Harstad)ဒေသတွင် ၂၇၅၁နှစ်မြောက် ကရင်နှစ်သစ်ကူးနေ့ကို ဒီဇင်ဘာလ ၂၃ရက်နေ့ က ကျင်းပခဲ့ရာ နိုင်ငံခြားသား အပါအ၀င် လူပရိဿတ် ၁၅၀ဦးခန့် လာရောက်ဆင်နွဲခဲ့ကြသည်။

မဲဆောက်မြို့ “ပါရမီ” ရွှေ့ပြောင်းမြန်မာစာသင်ကျောင်းမှ ခရစ္စမတ်ပွဲ ကျင်းပနေစဉ်

Invitation_to_Karen_Community_for_Peace_Talk___Burmese__Version_


Invitation_to_Karen_Community_for_Peace_Talk___Karen__Version_


မြန်မာအစိုးရနှင့် ဆွေးနွေးရေးအတွက် အကြံပြုကြရန် ကရင်လူမှုအဖွဲ့များအား KNU ဖိတ်ခေါ်

ဒီဇင်ဘာလ ၂၆ရက်။ စောခါးစူးညား (ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး-KNU သည် ၂၀၁၂ခုနှစ်၊ ဇန်န၀ါရီလ ၁၂ရက်နေ့တွင် မြန်မာအစိုးရနှင့် တရားဝင် သွားရောက် တွေ့ဆုံဆွေးနွေးမည်ဖြစ်၍ မတွေ့ဆုံမီ အကြံပြုမှုများ ပေးပို့ကြရန် ပြည်တွင်းပြည်ပရှိ ကရင်လူမှုအဖွဲ့အစည်းများထံသို့ ယခင်အပတ်က ဖိတ်ခေါ်စာတစ်စောင် ပေးပို့ခဲ့သည်။

2751 Karen New Year Celebration(Sydney)

ဇင်းကျိုက်ကျေးရွာ မီးလောင်မှု အိမ်ခြေ ၁၀၀ကျော် ပျက်စီးဆုံးရှုံး

ဒီဇင်ဘာလ ၂၆ရက်။ (ကေအိုင်စီ)


မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်ကျေးရွာတွင် ယမန်နေ့ညက မီးလောင်ကျွမ်းမှုတခုဖြစ်ပွားခဲ့ခြင်းကြောင့် အိမ်ခြေစုစုပေါင်း တစ်ရာကျော် ပျက်စီးဆုံးရှုံးသွားသည်ဟု သိရသည်။

ဒုက္ခသည်စခန်း ကရင်နှစ်သစ်ကူး လူထောင်နှင့်ချီ စည်ကား

ဒီဇင်ဘာလ ၂၆ရက်၊ ၂၀၁၁။ နန်းသူးလေ (ကေအိုင်စီ)


ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ မယ်လ၊ အုန်းဖျန်၊ နို့ဖိုးဒုက္ခသည်စခန်းများတွင် ကရင်သက္ကရာဇ် ၂၇၅၁ခုနှစ် နှစ်သစ်ကူးနေ့ အခမ်းအနားများကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ရာ စခန်းတစ်ခုစီတွင် ထောင်နှင့်ချီသည့် လူထုပရိဿတ်များဖြင့် စည်ကားခဲ့ ကြောင်း သိရသည်။

(ကရင်ပြည်နယ်၊ ဘားအံမြို့နှင့် တောင်ကလေးကျေးရွာတွင် ဒီဇင်ဘာလ ၂၅ရက်နေ့က ပြုလုပ်သည့် ၂၇၅၁ခု ကရင်နှစ်သစ်ကူးပွဲ)

Photo-KIC

ဆစ်ဒနီကရင်လူမှုအဖွဲ့အစည်းမှ ၂၇၅၁ခု၊ ကရင့်နှစ်သစ်ကူးပွဲတော် ကျင်းပပြီးစီး

ဒီဇင်ဘာ ၂၅ရက်၊ ၂၀၁၁။ (ကေအိုင်စီ)

Photo-KIC (သြစတြေးလျားမြို့တော် ဆစ်ဒနီတွင် ကျင်းပသည့် ကရင်နှစ်သစ်ကူးပွဲ)
ဆစ်ဒနီ ကရင်ကွန်မြူနတီမှ ကြီးမှုးကျင်းပသော၂၇၅၁ခုနှစ်မြောက် ကရင့်နှစ်သစ်ကူးပွဲတော် အခမ်းအနား သြစတြေးလျားနိုင်ငံ ဆစ်ဒနီမြို့ Granville Town Hall တွင် ဒီဇင်ဘာ ၂၄ရက်(စနေနေ့) နေ့လည် ၁၁နာရီမှ ညနေ ၄နာရီအထိ ကျင်းပပြီးစီးခဲ့ သည်။

နှစ်သစ်ဆုတောင်း

နှစ်သစ်ဆုတောင်း
(လင်္ကာဒီပ)

မြင်နေရာ မမြင်ကွယ်ရာ
ဘယ်နေရာမဆို
ဘာကိုမှ မလိမ်ညာတတ်တဲ့သူ
အဖြူရောင်သစ္စာရှိအနွယ်မျိုး
ရိုးရိုးကျင့် မြင့်မြင့်ကြံ
မှန်မှန်လုပ် အဟုတ်သာပြော
မြေကြောရေကြော သာမောကိုးနဒီ
ဘီစီ ၇၃၉မတိုင်ခင်ထဲက
ဓါးမဦးချ အခြေတည် အမြစ်တွယ်ခဲ့လာ
ဒါတို့မြေ တို့ရေ တို့ဘိုးဘွားအမွေ။

ယဉ်ကျေးမှုဓလေ့ထုံးစံများ
တို့စကား တို့စာပေ
အခြေအနေတွေက အရှိတရား
ဘယ်သိကြား ဘယ်လူစားမျိုးမှ လာဖျက်လို့မရ။

သတိထားရမှာက မရိုးအ ကြစမ်းပါနဲ့
သမိုင်းကို တတ်အောင်သင်ကြပါ
သမိုင်းသာရှိ သမိုင်းမသိရင်
နင်…နေရစ်ပေအုံး မရွှေထားရယ်လို့
ရင်ထုလို့ မနှမျောချင်ဘူးကွယ်။

ပဏာမကို ခ၀ါမချရဲတဲ့အမှု
ဟိုတစုဒီတစု သိမ်သိမ်မွေ့မွေ့ပြု
မုသားရထားဝန်ကြီးဦးအောင်မင်း ပေးလာမယ့်ဆု
ဂရုပြုလိုက်စမ်းပါ
နာတာရှည်ရောဂါ အညာအလိမ်ဆေးဝါး
ပါးပါးလှပ်လှပ် သူကုမယ်ယခု
အနုမျက်လှည့် အယောင်ဆောင်
“ဘကြီးအောင်ညာတယ်”ဒုတိယပိုင်း ဆက်ရေးမယ်သတိပြု။

သြော်…ခါတော်မှီကောက်သစ်စားပွဲ
တို့လည်းလိုက်ပါရစေ
တပြေ(ပြည်)လုံး တပြေးထဲ
တရွေးလည်း မပိုစေနှင့်
ချစ်သစ်မြူးရာမြေ
နှစ်သစ်ကူးမှာလေ
ပွင့်သစ်ဖူးပါစေရေး
ငြိမ်းချမ်းရေးအစစ်အမှန်
အမြန်သယ်ဆောင်လာဖို့
မှန်မှန်ကန်ကန် ရွေးချယ်ဆုံးဖြတ်
သုံးသပ်ရဲတင်းနိုင်ကြပါလှဲ့
အိုဘယ့်…ရှင်တော်ဘုရားထံ ဆုပန်ခြွေရင်း။ ။

ဒီဇင်ဘာ ၂၅၊ ၂၀၁၁။
လင်္ကာဒီပသည် ကေအိုင်စီ၏ ပင်တိုင်ကဗျာရေးသားသူဖြစ်သည်။

Karen Newsletter _November-2011


မြန်မာစစ်တပ်တွင် အနိုင်ကျင့်မှုများ ရှိနေဆဲဟု ထွက်ပြေးလာသည့် တပ်သားတစ်ဦးပြော

ဒီဇင်ဘာလ ၂၄ရက်။ စောခါးစူးညား (ကေအိုင်စီ)

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်း လှုပ်ရှားနေသည့် စကခ-၁၂ လက်အောက်ခံ ခြေမြန်မာတပ်ရင်း- ခမရ(၂၃၀)မှ တပ်သား တစ်ဦးဖြစ်သူ အသက် ၂၁နှစ်အရွယ် အောင်ကိုလတ်သည် အထက်အရာရှိ၏ ဖိနှိပ်အနိုင်ကျင့်မှုကြောင့် ယခုလ ၁၂ရက်နေ့က ကရင်အမျိုးသားအစည်းအရုံး-KNU ထံသို့ ထွက်ပြေးရောက်ရှိလာခဲ့သည်။

(ကြံ့-ဖွပ် သိန်းစိန်)စစ်အုပ်စုနှင့် အပြစ်အခတ်ရပ်စဲရေးနှင့်ပါတ်သက်၍ မန်းရောဘတ် ဘဇန်၏ အမြင်သဘောထား

Mahn Zan suggestion to KNU-2-_PDF_

ပါတီမှတ်ပုံတင်ရေး မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ မစဉ်းစားသေး

ဒီဇင်ဘာလ ၂၃ရက်။ (ကေအိုင်စီ)


ကြားဖြတ်ရွေးကောက်ပွဲဝင်ရန်အတွက် ပါတီမှတ်ပုံတင်ခြင်း မတင်ခြင်းကိစ္စကို မစဉ်းစားသေးကြောင်း မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (MNDF)က ယမန်နေ့တွင် ကျင်းပခဲ့သည့် ၎င်းတို့ပါတီ၏ ဗဟိုကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်။

President speet to Karen New Year Karen Final

President speet to Karen New Year Final Burmese


မွန်ပြည်သစ်ပါတီနှင့် အစိုးရကိုယ်စားလှယ် ပဏာမ ငြိမ်းချမ်းရေး တွေ့ဆုံ

ဒီဇင်ဘာလ ၂၂ရက်။ (ကေအိုင်စီ)

Photo-IMNA 
မွန်ပြည်သစ်ပါတီနှင့် ပြည်ထောင်စုအဆင့် အစိုးရ ငြိမ်းချမ်းရေးအဖွဲ့တို့ ပဏာမ ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် ပထမအကြိမ် အဖြစ် ယနေ့ တွေ့ဆုံခဲ့ကြသည်။

အကျဉ်းသားများ ထပ်မံလွှတ်ပေးမည်ဟု မီးရထားဝန်ကြီး ဦးအောင်မင်း ထုတ်ဖော်ပြော

ဒီဇင်ဘာလ ၂၂ရက်။ စောခါးစူးညား (ကေအိုင်စီ)

မီးရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း
လာမည့်နှစ် ဇန်န၀ါရီလတွင် မြန်မာနိုင်ငံ အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေး အကျဉ်းသားအပါအ၀င် ရာဇ၀တ် အကျဉ်းသား များကို ထပ်မံလွှတ်ပေးမည်ဟု ယမန်နေ့က ကရင်အမျိုးသားအစည်းအရုံး-KNUနှင့် တွေ့ဆုံစဉ် မီးရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက ထုတ်ဖော်ပြောဆိုခဲ့သည်။

ဘုရားသုံးဆူဒေသ ရာဘာဈေး ပြန်လည်ဦးမော့လာ

ဒီဇင်ဘာလ ၂၂ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

Photo-KIC (ကြာအင်းဆိပ်ကြီးမြို့နယ်မှ ရာဘာစိုက်ခင်း)
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူဒေသတွင် ယခုရက်ပိုင်းအတွက် ရာဘာဈေး အနည်းငယ် ပြန်တက် လာသည်ဟု ရာဘာလုပ်ငန်းလုပ်ကိုင်သူ ဒေသခံက ပြောသည်။

“ပင်လုံ”ကို အသုံးချနေပြီ

တူမောင်ညို (၂၀၁၁၊ ဒီဇင်ဘာ ၂၁ရက်)


“ဒုတိယပင်လုံ ”သို့မဟုတ် “၂၁ရာစုပင်လုံ”အကြောင်း ပြောကြဆိုကြပြီးတဲ့နောက် ဒီတခါ “ပင်လုံ” အကြောင်းပြောတာ ဦးအောင်သောင်း ဖြစ်တယ်။
ဦးအောင်သောင်းက ပထမတစ်ကြိမ်ပြောတာ မပေါက်လို့နဲ့တူတယ်။ ဒုတိယတစ်ကြိမ်ထပ်ပြောတယ်။ တဆင့်ပြန်ပြောတာကို ကြားရတာ ဖြစ်တယ်။ ဦးအောင်သောင်းအသံကို တိုက်ရိုက်ကြားရတာ မဟုတ်ဘူး။

KYO ကရင်လူငယ်အစည်းအရုံး ထုတ်ပြန်ချက်

Statement_on_Karen_Youth_Consultation____KYO_Annual_Meeting__Burmese_

ကရင်သက္ကရာဇ် ၂၇၅၁ ခုနှစ် ကရင်နှစ်သစ်ကူးနေ့ သို့ ပေးပို့ သော KYO ကရင်လူငယ်အစည်းအရုံး၏ သ၀ဏ်လွှာ

KYO_speech__Karen_New_Year_Burmese

၂၀၁၂ ဇန်န၀ါရီလတွင် အစိုးရနှင့် သွားရောက်တွေ့ဆုံမည်ဟု ကေအဲန်ယူပြောဆို

ဒီဇင်ဘာလ ၂၁ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)

Photo-KNU (ပထမအကြိမ် တွေ့ဆုံခဲ့သည့် အစိုးရကိုယ်စားလှယ်နှင့် ကေအဲန်ယူကိုယ်စားလှယ်များ)
ကရင်အမျိုးသားအစည်းအရုံး (KNU) သည် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအတွက် လာမည့်နှစ် ဇန်န၀ါရီ ၁၂ရက် နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၌ မြန်မာအစိုးရနှင့် သွားရောက်တွေ့ဆုံမည်ဟု KNU ဘက်က ပြောဆိုလိုက်သည်။

လှည်းတန်းလမ်းဆုံ ဗုံးပေါက်ကွဲမှု သေကြေဒဏ်ရာရမှုရှိ

ဒီဇင်ဘာလ ၂၁ရက်။ ကေအိုင်စီ


ရန်ကုန်မြို့နယ်ရှိ လှည်းတန်းလမ်းဆုံတွင် ယနေ့မနက် ၁၁နာရီခွဲဝန်းကျင်၌ ဗုံးတစ်လုံးပေါက်ကွဲရာ သေဆုံးသူနှင့် ဒဏ်ရာရရှိ သူများ ရှိသည်ဟု သိရသည်။

အဆိုပါဗုံးပေါက်ကွဲမှုမှာ လှည်းတန်းလမ်းဆုံအနီးရှိ အများသုံး ပုဂ္ဂလိက သန့်စင်ခန်း၏ အမျိုးသမီးအိမ်သာဘက်ခြမ်း၌ ဖြစ်ပွား ခြင်းဖြစ်ပြီး အမျိုးသမီး ၁ဦး သေဆုံးကာ အမျိုးသမီး ၁ဦးမှာ ဒဏ်ရာရရှိသွားခဲ့ကြောင်း ကိုယ်တိုင်သွားရောက် မြင်တွေ့ခဲ့သူ ပြည်တွင်းသတင်းထောက်တစ်ဦးက ပြောသည်။

ကျောင်းသားများစုံညီပွဲတော်ကို မတက်မနေရဟု ကျိုက်ဒုံပညာရေးမှူး ညွှန်ကြားချက်ထုတ်

ဒီဇင်ဘာလ ၂၁ရက်။ စောခါးစူးညား၊ စောသိန်းမြင့် (ကေအိုင်စီ)

Photo-KIC (ကရင်ပြည်နယ် ကျေးရွာတရွာမှ မူလတန်း ကျောင်းသူကျောင်းသားများ)
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျိုက်ဒုံတိုက်နယ် ပညာရေးမှူး ဒေါ်စန်းစန်းတင်က ယခုလ ၂၇ရက်နေ့၌ ကျိုက်ဒုံ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်မည့် ကျောင်းသားများစုံညီပွဲတော်သို့ နယ်မြေခံ ကျောင်းဆရာ၊ ဆရာမနှင့် ကျောင်း သားကျောင်းသူများကို မသွားမနေရစနစ်ဖြင့် ညွှန်ကြားချက်ထုတ်ထားကြောင်း ဒေသခံများက ပြောသည်။

ရှေ့တန်းမထွက်လိုသည့် တပ်အရာရှိများကိုယ်စား HIV ဝေဒနာရှင်များက အစားထိုး ဆေးခွင့်ယူပေး

ဒီဇင်ဘာလ ၂၀ရက်။ နော်ဆဲကလယ် (ကေအိုင်စီ)


ရန်ကုန်တိုင်းအတွင်းရှိ မြန်မာအစိုးရစစ်တပ်မှ အရာရှိများသည် ရှေ့တန်းမထွက်လိုသည့်အတွက် HIV ပိုး ကူးစက်ခံရသူများ အား ငွေပေးကာ မင်္ဂလာဒုံ စစ်ဆေးရုံသို့ ကိုယ်စားဆေးရုံတက်ခိုင်းကာ ဆေးခွင့်များယူလျက်ရှိကြောင်း ကိုယ်စား ဆေးရုံတက် ပေးရသူတစ်ဦးက ပြောသည်။

နောက်ပြန်လှည့်နေသော မွန်ပြည်နယ်၊ သထုံမြို့ စည်ပင်သာယာ

လူထုအသံ


အမေရိကန်နိုင်ငံ အပါအ၀င် အာဆီယံနိုင်ငံများကပါ မြန်မာနိုင်ငံအား နောက်ပြန်မလှည့်ဖို့ အတင်းတိုက်တွန်းနေတာကို ပြည်သူအားလုံးက သိကြမှာပါပဲ။ နောက်ပြန်မလှည့်ပါနဲ့ ဆိုတာကလည်း ပြည်သူတွေကို အစိုးရက ငရဲအိုးထဲကို ဇောက်ထိုး ထည့်နေလို့ နိုင်ငံတကာက ကြည့်မကောင်းလို့ လမ်းကြောင်းအမှန်ကို လမ်းပြမြေပုံသဖွယ် တိုက်တွန်းကူညီပေးနေကြတာ ဖြစ်ပါတယ်။

၎ကြိမ်မြောက် ကရင်မျိုးဆက်သစ်ကျောင်း သင်တန်းဆင်းပွဲ ကျင်းပပြီးစီး

ဒီဇင်ဘာလ ၁၆ရက်။ နန်းသူးလေ (ကေအိုင်စီ)

Photo-KIC (ကျောင်းဆင်းပွဲတွင် တွေ့ရသည့် မျိုးဆက်သစ် ကရင်လူငယ်မောင်မယ်များ)

ကရင်အမျိုးသားအစည်းအရုံး-KNU က ကြီးမှူးဖွင့်လှစ်ခဲ့သည့် ၄ကြိမ်မြောက် ကရင်မျိုးဆက်သစ်သင်တန်းကျောင်းဆင်းပွဲ အခမ်းအနားကို ကေအဲန်ယူ တပ်မဟာ(၇) ထိန်းချုပ်နယ်မြေတွင် (ဒီဇင်ဘာလ ၁၅ ရက်နေ့)ယမန်နေ့က ကျင်းပပြီးစီးခဲ့သည်။

အဖွဲ့ချုပ် တာဝန်ပေးအပ်ပါက ရွေးကောက်ပွဲဝင်မည်ဟု ဒေါ်နန်းခင်ထွေးမြင့် ပြောဆို

ဒီဇင်ဘာလ ၁၆ရက်။ စောခါးစူးညား (ကေအိုင်စီ)

မကြာမီ ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲ၌ လစ်ဟာနေသည့် မဲဆန္ဒနယ်မြေများတွင် အဖွဲ့ချုပ်မှ တာဝန်ပေးအပ် ပါက ၀င်ရောက်အရွေးခံမည်ဟု အမျိုးသားဒီမိုကရေအဖွဲ့ချုပ်-NLD ၏ ကရင်ပြည်နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်နန်းခင်ထွေးမြင့်က ကေအိုင်စီသို့ ယနေ့ ပြောကြားလိုက်သည်။

တပ်အပြောင်းလဲ လုပ်ဆောင်သည့် အစိုးရတပ် မိုင်းထိ

ဒီဇင်ဘာလ ၁၆ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

Photo-KIC (KNLA တပ်ဖွဲ့ဝင်များ)

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် ဝေါ်လေဒေသတွင် ယခုရက်ပိုင်းအတွင်း တပ်အပြောင်းအလဲများ လုပ်ဆောင်နေသည့် အစိုးရ စစ်တပ်သည် မြေမြှုပ်မိုင်း ထိမှန်ကာ ၃ဦး သေဆုံးခဲ့သည်ဟု နယ်စပ်ရှိ စစ်ဖက်ရေးရာသတင်းများအရ သိရသည်။

ငြိမ်းချမ်းရေးဆွေးနွေးသည့် KPC ကို အာဏာပိုင်များ စောင့်ကြည့်မှုရှိနေ

ဒီဇင်ဘာလ ၁၅ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

Photo-KIC (ဘားအံမြို့၊ တောင်ကလေးပဋိပတ္တိသာသနာ့ အေးရိပ်သာ မုခ်ဦးအ၀)
ကရင်အမျိုးသားအစည်းအရုံး(KNU) ထိပ်ပိုင်းခေါင်းဆောင်တချို့နှင့် ယခုလ ပထမပတ်က တွေ့ဆုံခဲ့သည့် ဘားအံမြို့ အခြေ စိုက် ကရင်ငြိမ်းချမ်းရေးကော်မတီ(KPC) ကို အစိုးရအာဏာပိုင်များက စောင့်ကြည့်နေသည်ဟု ကေအိုင်စီက စုံစမ်းသိရှိရ သည်။

၁လနီးပါးအရွယ် ကလေးငယ်၏မိခင်ကို မြန်မာစစ်တပ် ဓားဖြင့် ထိုးသတ်

ဒီဇင်ဘာလ ၁၅ရက်။ စောခါးစူးညား (ကေအိုင်စီ)

Photo-KIA
တိုက်ပွဲများဖြစ်ပွားရာဒေသ ကချင်ပြည်နယ် မန်စီမြို့နယ် ခါ့ပရာကျေးရွာမှ မွေးကင်းစ သုံးပတ်သားအရွယ် ကလေးငယ်တစ်ဦး ၏ မိခင်ဖြစ်သူ အသက် ၃၄နှစ်အရွယ် ကချင်အမျိုးသမီး ဒေါ်ဆွမ်ခါရွယ်တောင်ကို မြန်မာစစ်တပ်က ဓါး(ဘက်နက်)ဖြင့် ထိုး သတ်ခဲ့သည်။

KNLA နယ်မြေအတွင်း မြန်မာစစ်တပ် အင်အားဖြည့်လာ

ဒီဇင်ဘာလ ၁၄ရက်။ (ကေအိုင်စီ)


ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်အတွင်းတွင် မြန်မာစစ်တပ် စစ်ကွပ်ကဲရေးဌာနချုပ်-စကခ(၁၉) လက်အောက်ခံ စစ်ဗျူ ဟာ(၃)က ယခုပတ်အတွင်း အင်အားဖြည့်ရန် ရောက်ရှိလာသည်ဟု ထိုဒေသရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA က ပြောသည်။

ရွာသားများအား ညမထွက်ရအမိန့် အစိုးရစစ်တပ် ထုတ်ပြန်

ဒီဇင်ဘာလ ၁၄ရက်။ စောဖိုးမူး (ကေအိုင်စီ)


တနင်္သာရီတိုင်း၊ ပလောမြို့နယ်၊ အမိုဒေသတွင် လှုပ်ရှားနေသည့် အစိုးရစစ်တပ်က ဒီဇင်ဘာလ ၇ရက်နေ့မှစ၍ ဒေသခံရွာ သားများအား ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်သည်ဟု ဒေသခံရွာသားများ၏ ပြောပြချက်အရ သိရသည်။

2751 Karen New Year (MN-USA)


ကလို့ထူးဘောအဖွဲ့နှင့် ပြည်ထောင်စု အစိုးရအဆင့်တို့ တွေ့ဆုံဆွေးနွေး

ဒီဇင်ဘာလ ၁၃ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

မြန်မာအစိုးရ ကိုယ်စားလှယ်နှင့် ဒီကေဘီအေ ကလို့ထူးဘောအဖွဲ့တို့သည် ဒီဇင်ဘာလ ၁၁ရက်နေ့က ကရင်ပြည်နယ်၊ ဘား အံမြို့တွင် ပထမအကြိမ် ပြည်ထောင်စုအစိုးရအဆင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု အစိုးရပိုင် ကြေးမုံသတင်းစာတွင် ယနေ့ ဖော်ပြထားသည်။

မိုးမောက်မြို့နယ်တွင် မြန်မာစစ်တပ်မှ စစ်လေယာဉ်ဖြင့် အင်အားထပ်ဖြည့်

ဒီဇင်ဘာလ ၁၃ ရက်။ စောခါးစူးညား (ကေအိုင်စီ)

ကချင်ဒေသကို ထိုးစစ်ဆင်ရပ်ရန် မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်က ကာကွယ်ရေးဦးစီးချုပ်ထံ ညွှန်ကြားစာ ပေးပို့ခဲ့သော် လည်း မိုးမောက်မြို့နယ်၌ ယနေ့ညနေ ၂နာရီတွင် တိုက်ပွဲဖြစ်ပွားလျှက်ရှိပြီး မြန်မာစစ်တပ်ဘက်မှ စစ်လေယာဉ်ဖြင့် တပ်အင် အားများ ပို့ဆောင်နေသည်ဟု ကချင်လွတ်မြောက်ရေးတပ်မတော်-KIA က ပြောသည်။

စားမြဲ၊ ၀ါးမြဲ ဘာမှမပြောင်းလဲသေးသော ကရင်ပြည်နယ်

ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေမှာ ရေးသားအသံလွှင့်နေတာတွေကော အာဆီယံအကြီးအကဲများ၊ အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများအကြားမှာ ပြောနေကြတာတွေကော နိုင်ငံတော်အစိုးရ ဦးသိန်းစိန် အစိုးရဟာ အပြောင်းအလဲစနေပြီ ပြောင်းလဲနေပြီလို့ သိရပါတယ်။ နိုင်ငံတကာအနေနဲ့လည်း ရှေ့ကိုဆက်သွားပြီး နောက်ပြန်မလှည့်စေရန်လည်း ၀ိုင်းဝန်း ထိန်းကြောင်းနေကြပါတယ်။ 

ကလေးကူးသန်းရောင်းဝယ်မှု ပပျောက်ရေးနေ့ မဲဆောက်တွင် ကျင်းပ

ဒီဇင်ဘာလ ၁၂ရက်။ နန်းသူးလေ (ကေအိုင်စီ)

Photo-KIC (စီဒီစီကျောင်းမှ ကလေးကူးသန်းရောင်းဝယ်မှု ဆန့်ကျင်ရေးနေ့ အခမ်းအနား မြင်ကွင်း)
မြန်မာနိုင်ငံ ကလေးကူးသန်းရောင်းဝယ်မှု လျော့ကျရေးလုပ်ငန်းအဖွဲ့ (Burma- ACT)က ကြီးမှူး၍ ယနေ့ကျရောက်သည့် ကလေးကူးသန်းရောင်းဝယ်မှု ဆန့်ကျင်ရေးနေ့ အခမ်းအနားကို ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ Children Development Center (CDC)ကျောင်းတွင် ယနေ့မနက် ၈နာရီက ကျင်းပခဲ့ကြသည်။

ပဒိုမန်းငြိမ်းမောင် မြန်မာအစိုးရ၏ ဖမ်းဆီးခံရမှုကို ကေအဲန်ယူ လက်ခံ

ဒီဇင်ဘာလ ၁၂ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

Photo-KIC (၂၀၀၉ခုနှစ်က မြန်မာ့မီဒီယာကွန်ဖရင့်တွင် တွေ့ရသည့် ပဒိုမန်းငြိမ်းမောင်)
ကေအဲန်ယူ ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်သည် ယခုလ ၈ရက်နေ့က ရန်ကုန်မြို့၊ မင်္ဂလာဒုံ တရားရုံးတွင် အမှုဖွင့် စစ် ဆေးနေသည်ဟု ပြည်တွင်းထုတ် သတင်းဂျာနယ်တစ်စောင်၏ ရေးသားဖော်ပြမှုသည် ဖြစ်နိုင်ကြောင်း ကေအဲန်ယူက ပြော သည်။

မိုင်ဂျာယန်ဒေသရှိ ကချင်ဒုက္ခသည်များ ယားနာ၊ ၀မ်းလျှောနှင့် ဖျားနာမှု ပိုများလာ

ဒီဇင်ဘာလ ၁၂ရက်။ စောခါးစူးညား (ကေအိုင်စီ)


ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ မိုင်ဂျာယန်ဒေသတွင် ရက်သတ္တပတ်ကျော်ကြာ ဒုက္ခသည်များ ဖြစ်ပွားနေသည့် ယားနာ၊ ၀မ်းလျှောနှင့် ဖျားနာမှုများ လျော့ကျသွားခြင်းမရှိဘဲ ပိုမို များပြားလာဆဲ ဖြစ်သည်ဟု ထိုဒေသတွင် အခမဲ့ ဆေးကုသပေးသည့် ဆေးဝန်ထမ်းများက ပြောသည်။

လက်ရှိ မိုင်ဂျာယန်တွင် ဒုက္ခသည်များကို ဆေးကုသပေးနေသည့် ဆေးဆရာမတဦးက “မနေ့ကဆို ဖျားတဲ့သူနဲ့ပါ တွက်ရင် ၀မ်းလျှောနဲ့ ယားနာသူ ဆေးခန်းမှာ လာပြတဲ့သူ ၆၀နီးပါးလောက် ရှိတယ်။ ယားနာသူတွေ များလွန်းလို့ ဆေးခန်းလာပြတဲ့သူ တွေကို အကူအညီတောင်းပြီး အချင်းချင်း ယားနာဆေးလူးခိုင်းရတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

Burma in limbo-8


Burma in limbo-7


KNU-Government battle continues

Karen-Burmese War-1


ကရင်ပြည်နယ်ရှိ ကရင်ငြိမ်းချမ်းရေးကော်မတီ KNU နှင့် တွေ့ဆုံ

ဒီဇင်ဘာလ ၉ရက်။ စောခါးစူးညား (ကေအိုင်စီ)

ကေအဲန်ယူ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီဝင် ပဒိုစောအားတိုး
ဘားအံမြို့ အခြေစိုက် ကရင်ငြိမ်းချမ်းရေးကော်မတီ-KPC နှင့် ကရင်အမျိုးသားအစည်းအရုံး-KNU တို့သည် ဒီဇင်ဘာလ ၇ရက်နေ့က ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ငြိမ်းချမ်းရေးကိစ္စနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

၅၂နှစ်မြောက် ဒေါက်တာစင်သီယာမောင်၏ မွေးနေ့မှတ်တမ်း

KNU ချုံခိုတိုက်ခိုက်မှုကြောင့် အစိုးရစစ်တပ်မှ ၃ဦး ထိခိုက်ကျဆုံး

ဒီဇင်ဘာလ ၉ရက်။ စောဖိုးမူး (ကေအိုင်စီ)


တနင်္သာရီတိုင်း၊ ပလောမြို့နယ် တစ်နေရာတွင် လှုပ်ရှားနေသည့် အစိုးရစစ်တပ်အား KNU တပ်မဟာ(၄) တပ်ဖွဲ့၏ ချုံခိုတိုက် ခိုက်မှုကြောင့် ၂ဦးသေဆုံးပြီး ၁ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု ဒေသခံရွာသားများက ပြောသည်။

Burma in limbo-6


ငြိမ်းချမ်းရေးဖိတ်ခေါ်နေသော်လည်း အစိုးရက လူ့အခွင့်အရေး ချိုးဖောက်နေဆဲ

ဒီဇင်ဘာလ ၈ရက်၊ ၂၀၁၁ခုနှစ်။ စောသိန်းမြင့် (ကေအိုင်စီ)

Photo-KHRG
မြန်မာအစိုးရက အပစ်အခတ်ရပ်စဲရေးအတွက် ကရင်အမျိုးသားအစည်း (ကေအဲန်ယူ)အား ငြိမ်းချမ်းရေး ကမ်းလှမ်းဆွေးနွေးမှု များ လုပ်ဆောင်နေသော်လည်း ယခုတလော ကရင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပွားနေဆဲ ဖြစ်သည် ဟု ကေအဲန်ယူဘက်က ပြောသည်။

ကချင်ဒေသတွင် တိုက်ပွဲပြင်းထန်ပြီး ဒုက္ခသည်များလာဆဲ

ဒီဇင်ဘာလ ၈ရက်။ စောခါးစူးညား (ကေအိုင်စီ)

Photo-Phil Thornton (လိုင်ဇာဒေသရှိ ကချင်ဒုက္ခသည်များ)
ကချင်ဒေသတွင် ကချင်လွတ်မြောက်ရေးတပ်မတော်-KIA နှင့် မြန်မာစစ်တပ်တို့အကြား တိုက်ပွဲများ ဆက်လက် ပြင်းထန် လျှက်ရှိပြီး စစ်ကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးရသည့် စစ်ပြေးဒုက္ခသည်ဦးရေလည်း ပို၍ များပြားလာသည်ဟု KIA က ယနေ့ ပြောကြားလိုက်သည်။

ပြောင်းလဲမှုများမှသည် ပြုပြင်မှုများဆီသို့

အယ်ဒီတာ့အာဘော်

ပြောင်းလဲမှုများမှသည် ပြုပြင်မှုများဆီသို့

အရာဝတ္ထုတစ်ခု၊ ဥတုရာသီနှင့် လောကီလူသားများအကြား ဖြစ်ပျက်ပြောင်းလဲမှုများမှာ တစ်သမတ်တည်း တည်ငြိမ်၍မနေ။ ဖြစ်ပြန် ပျက်ပြန် လောကဓံဟူသော စကားအရ မိသားစုတခုတွင်း၊ လူမှုအဖွဲ့အစည်းအတွင်း၊ မြို့ရွာများအတွင်း၊ တိုင်းပြည် တခုအတွင်း ဖြစ်ပျက်မှု၊ ပြောင်းလဲမှုများကလည်း အဆိုးနှင့် အကောင်း ဒွန်တွဲကာ အစဉ်သဖြင့် ဖြစ်ပေါ်လေ့ရှိသည်။

၂၀၁၁ခုနှစ် ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုရှင်ကို စတင် အဆိုတင်သွင်းနိုင်ပြီ

ဒီဇင်ဘာလ ၈ရက်။ နန်းသူးလေ (ကေအိုင်စီ)

Photo-KIC (၂၀၁၀ခုနှစ် ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုရှင် နော်ဒီဇင်ဘာဖော)
ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုကို ၂၀၁၁အတွက် ဆုရှင်များကို စတင် အဆိုတင်သွင်းနိုင်ပြီဖြစ်ကြောင်း ဖန်းဖောင်ဒေးရှင်း (Phan Foundation) မှ ယမန်နေ့က ထုတ်ပြန်ကြေညာလိုက်ပြီ ဖြစ်သည်။

Burma in limbo-5


Thousands celebrate Dr. Cynthia Maung birthday

December 8: Nan Thoo Lei (KIC)

Photo-KIC
Thousands of well-wishers turned up at the Children Development Center, a migrant school based in the border town of Mae Sot to celebrated Dr. Cynthia Maung’s 52nd birthday on the 6th December.

ပင်လယ်ရပ်ခြားဖွံ့ဖြိုးရေး -ODA မကူညီမီ ကွင်းဆင်းလေ့လာမှု ဂျပန် ကြိုလုပ်သင့်

ဒီဇင်ဘာလ ၇ရက်။ စောခါးစူးညား (ကေအိုင်စီ)

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ လောပိတ(ဘီလူးချောင်း) အမှတ်-၂ ရေအားလျှပ်စစ်စစ်ရုံ ပြန်လည်ပြုပြင် မွမ်းမံရေးအတွက် မြန်မာအစိုးရအား ပင်လယ်ရပ်ခြားဖွံ့ဖြိုးရေးအကူအညီ-ODA မပေးမီ ထိုဒေသကို ကွင်းဆင်းလေ့လာမှု ကြို လုပ်သင့်ကြောင်း ဂျပန်အစိုးရအား ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP က ယနေ့ တိုက်တွန်းလိုက်သည်။

ကွတ်ခိုင်မြို့နယ်တွင် ဗုံးပေါက်ကွဲ၍ အစိုးရတပ်ဖွဲ့ ၇ဦး ထိခိုက်သေဆုံး

ဒီဇင်ဘာလ ၇ရက်။ နော်ဆဲကလယ် (ကေအိုင်စီ)


သျှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မန်ဘန်ရွာအနီးတွင် ယမန်နေ့က ဗုံး ၂လုံးပေါက်ကွဲခဲ့ရာ အဆိုပါဒေသတွင် လှုပ် ရှားနေသည့် မြန်မာအစိုးရ စစ်တပ် ၃ဦး ကျဆုံးခဲ့ပြီး ၄ဦး ဒဏ်ရာရရှိသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

Karen New Year Invitation


The Padoh Mahn Sha Young Leader Award 2011 - English


Burma in limbo-4


“ထာဝရ ငြိမ်းချမ်းရေး” ဆိုတာ လက်နက်စွန့်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ဘောင်ထဲဝင်ဖို့ဖြစ်တယ်

(တူမောင်ညို)
၂၀၁၁ခုနှစ်၊ ဒီဇင်ဘာ ၆ရက်။


တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်ပြီး သမ္မတဦးသိန်းစိန်ပြောတဲ့ “ထာဝရငြိမ်းချမ်းရေး”ဆိုတာ “လက်နက်စွန့် ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ဘောင်ထဲကို ဝင်လာဖို့ပဲဖြစ်တယ်”

နိုဝင်ဘာလ ၁၉ရက်၊ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာ သတင်းစာသမားတွေနဲ့တွေ့ဆုံရာမှာ သမ္မတဦးသိန်းစိန်က “ထာဝရ ငြိမ်းချမ်းရေး” ရဲ့အဓိပ္ပါယ်ကို အဲဒီလိုပြောခဲ့ပါတယ်။ တစ်ပြိုင်နက်ထဲမှာ နိုင်ငံရေးအကျဉ်းသား သို့မဟုတ် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေ မရှိဘူးလို့လည်း ခပ်တင်းတင်း ပြောခဲ့တာလည်း ဖြစ်ပါတယ်။

ကော့ကရိတ်တောင်ဘက်ဒေသတွင် စပါးအထွက်နှုန်း လျော့နည်းလာ

ဒီဇင်ဘာလ ၆ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် တောင်ဘက်ခြမ်းရှိ ကြိတ်ကျေးရွာအုပ်စုတွင် ယခုနှစ်အတွင်း မိုးစပါးအထွက်နှုန်း သိသိ သာသာ လျော့နည်းလာသည်ဟု လယ်သမားများက ပြောဆိုနေကြသည်။

ကချင်စစ်ဘေးသင့် ဒုက္ခသည်များကို ပရဟိတကွန်ယက်အဖွဲ့ သွားရောက်ကူညီ

ဒီဇင်ဘာလ ၆ရက်။ နန်းသူးလေ (ကေအိုင်စီ)

ကချင်ပြည်နယ်အတွင်းရှိ စစ်ပွဲကြောင့် နယ်မြေလုံခြုံမှုမရှိသော စစ်ဘေးသင့်ဒေသများရှိ ကလေးလူငယ်များ အပါအ၀င် ဒုက္ခ သည်များကို လူသားချင်း စာနာမှု အကူအညီများ ထောက်ပံ့ရန် မန္တလေးမြို့ရှိ ပရဟိတလုပ်ငန်းများ ဆောင်ရွက်နေသည့်အဖွဲ့ ၁၁ခုက ဒီဇင်ဘာလ ၄ရက်နေ့တွင် သွားရောက်ကူညီခဲ့သည်။

စာရေးဆရာ ချစ်ဦးညို၊ မောင်စိန်ဝင်း(ပုတီးကုန်း)နှင့် နုနုရည်(အင်းဝ)တို့ ဒီဇင်ဘာလ ၄ရက်နေ့တွင် မဲဆောက်မြို့၌ ပြုလုပ်ခဲ့သည့် စာပေဟောပြောပွဲ

၅၂နှစ်ပြည့် ဒေါက်တာစင်သီယာမောင်မွေးနေ့ အခမ်းအနား ကျင်းပပြီးစီး

ဒီဇင်ဘာလ ၆ရက်။ နန်းသူးလေ (ကေအိုင်စီ)


ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် မဲဆောက်မြို့ရှိ Children Development Center (CDC) ကျောင်းတွင် လူမှုရေးလုပ်ငန်းများ လုပ်ကိုင် နေသည့် ဒေါက်တာစင်သီယာမောင်၏ (၅၂)နှစ်ပြည့် မွေးနေ့ပွဲကို ယနေ့မနက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

မယ်တော်ဆေးခန်းအကြောင်း တစေ့တစောင်း

Book+about+KNDO+Major+General+Mahn+Kyaw+Thoung


Burma in limbo-3

Burma in limbo-3

သမ္မတ၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို ဖြိုခွဲခြင်းနည်းဗျူဟာဟု UNFC ပြော

ဒီဇင်ဘာလ ၅ရက်။ စောခါးစူးညား (ကေအိုင်စီ)

မြန်မာသမ္မတ ဦးသိန်းစိန်၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ဖြစ်သည့် တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်သည် ညီညွှတ်သော တိုင်း ရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ-UNFC ကို ဖြိုခွဲခြင်းနည်းဗျူဟာသာဖြစ်သည်ဟု UNFC က ယနေ့ ပြောကြားလိုက် သည်။

မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတား ပြန်လည် ဖွင့်လှစ်

ဒီဇင်ဘာလ ၅ရက်။ စောသိန်းမြင့် (ကေအိုင်စီ)


ထိုင်းနှင့် မြန်မာနှစ်နိုင်ငံကြား ဆက်သွယ်ထားသည့် မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတားကို ယနေ့နံနက်(၇)နာရီခွဲတွင် နှစ် ဘက်အာဏာပိုင်များက ပြန်လည် ဖွင့်လှစ်လိုက်ပြီး ဖြစ်သည်။

မြသတီ-မဲဆောက်ချစ်ကြည်ရေးတံတား ပြန်လည်ဖွင့်လှစ်

တနှစ်ခွဲနီးပါး ပိတ်ထားခဲ့သည့် မြ၀တီ-မဲဆောက် ချစ်ကြည်ရေးတံတားကို
ဒီဇင်ဘာလ ၅ရက် (ထိုင်းဘုရင့်မွေးနေ့)တွင် ထိုင်းနှင့် မြန်မာ အာဏာပိုင်များက ပြန်လည်ဖွင့်လှစ်လိုက်ပြီးဖြစ်သည်။

လွင့်ပါးပြယ်ပျက်ခဲ့ပြီ

M. ထက်ခေါင်
(၁)

ရာသီစက်ဝန်း တစ်ပတ်လည်ခဲ့ ပြန်ချေပြီ။ တနှစ်တာ လွန်မြောက်လာသည့် ယခုအချိန်တွင် လက်ရှိ ကြုံတွေ့နေရ သည့် ကိစ္စများနှင့် ပတ်သက်၍ “အဖြစ်ကတော့ မနှစ်ကနှင့်မတူ”ဟုပင် ဆိုရပေတော့မည်။ ထိုစကားမှာ အကောင်းဘက်သို့ တိုးတက်ပြောင်းလဲလာသည့် အခြေအနေများပေါ်တွင် သုံးစွဲသော စကားမဟုတ်ပဲ ကျဆင်း ဆုတ်ယုတ်သော အနေအထား များ၌သာ သုံးစွဲလေ့ရှိသော မြန်မာစကား ဖြစ်သည်။

Burma in limbo-2

Burma in limbo-2

TAFE Electrical Diploma Courses Advertisement

Advertisement

ယာယီက ယာယီပါ

ယာယီက ယာယီပါ
(လင်္ကာဒီပ)

အချိန်ဆွဲလမ်းကြောင်း
ထောင်းထောင်းညက် ခြေပစ်မယ့်ဗျူဟာ
ချော့တခါ ခြောက်တလှည့်
လှပတဲ့ မက်လုံးနဲ့မြူ
ညံ့တဲ့သူခံစတမ်းလေ
မြေခွေးဥာဏ် တညစ်ညစ်
အနှစ်မပါ ပလီညာ
အကာအဖုံး ဗလာထုံးတွေ
လာလုံးနေတာ တို့သိရမယ်။

မယောင်ရာ ဆီလူး
မခူးသင့်တာခူး
မတူးသင့်တာတူး
ငမူးတစ်သိုက်ရဲ့လုပ်ပုံ
ယုံတဲ့သူရဲ့ခေါင်း
ဝင်အောင်းပစ်လိုက်ပါ နံရံတွေ
ဒီ သေမင်းရထားကြီး ဖြတ်သန်းဖို့
တို့တွေ သံလမ်းအဖြစ် ခံကြတော့မှာလား။

သဘောတရားလမ်းကြောင်းမှန်
ဧကန်မလွဲဘူးဆိုရင်သာ
နေရာအနှံ့ စစ်ပွဲတွေရပ်
မုဒိမ်းတပ်တွေရုပ်သိမ်း
ထိန်းသိမ်းထား နိုင်ငံရေးအကျဉ်းသား
တစ်ပြားတစ်ချပ်မကျန် လွှတ်ပေး
တိုင်းရေးပြည်ရေး အနာဂတ်အရေး
ဆွေးနွေးကြမယ် အားမနာတမ်းပေါ့။

တိုင်းရင်းသားမှန်ရင်
လူမထင်ချင်တဲ့
ရှင်ဘုရင်ရူးမျိုးဆက်တွေ
ဒေသဖွံ့ဖြိုးရေးအကြောင်းရှာ
အာဏာစက်ချဲ့ထွင်ရေးမူ
ကျူပင်ခုတ် ကျူငုတ်မကျန်အောင်
ဖလံတောင်အလှတွေ
ခြွေဖျက် ခြေဖျက်မယ့်အကွေ့
လက်တွေ့မကျ ကွက်ရွှေ့ပြတာ နားလည်ကြစို့။

ဒီဇင်ဘာ ၂၊ ၂၀၁၁
လင်္ကာဒီပသည် ကေအိုင်စီ၏ ပင်တိုင်ကဗျာရေးသားသူဖြစ်သည်။

ကချင်လူထု ထိခိုက်သေဆုံးမှု အစိုးရ၏ စွပ်စွဲဖော်ပြချက်ကို KIA ငြင်းဆို

ဒီဇင်ဘာလ ၃ရက်၊ ၂၀၁၁ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)

ကချင်လွတ်မြောက်ရေးတပ်မတော်-KIA ပစ်ခတ်မှုကြောင့် ကချင်လူထု ၁ဦး သေဆုံးပြီး ၇ဦး ဒဏ်ရာရရှိခဲ့သည်ဟု ယနေ့ ထုတ် မြန်မာအစိုးရပိုင်သတင်းစာ၏ စွပ်စွဲဖော်ပြချက်မှာ မဟုတ်မမှန်ကြောင်း KIA က တုံ့ပြန်ငြင်းဆိုလိုက်သည်။

အဖွဲ့ဝင်များ အစိုးရနှင့် တွေ့ဆုံသည့်ကိစ္စ UNFC ပြန်လည်သုံးသပ်

ဒီဇင်ဘာလ ၂ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ညီညွတ်သော တိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်များနှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့ တွေ့ဆုံ မှုတွင် ပြန်လည်သုံးသပ်မှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

Burma in limbo-1