၁။လက်နက်ချစကား အလျဉ်းမပြောရ။ ၂။ကရင်ပြည် ပြီးပြည့်စုံရမည်။ ၃။ကရင့်လက်နက် ကရင့်လက်ထဲရှိရမည်။ ၄။ကရင့်ကြမ္မာ ကရင်ဖန်တီးရမည်။

Saturday, July 30, 2011

ပစ်ခတ်မှုများကြောင့် စာသင်ကျောင်း ၁၀ကျော် ပိတ်ပစ်လိုက်ရ

ဇူလိုင် ၃၀ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

Photo-KIC (ဒီကေဘီအေ တပ်ဖွဲ့၏ ဂိတ်တနေရာ)

ကရင်နယ်ခြားစောင့်တပ် ခွဲထွက်အဖွဲ့နှင့် လက်ကျန် နယ်ခြားစောင့်တပ်ဖွဲ့တို့အကြား တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ စာသင်ကျောင်း ၁၄လုံးကျော် ပိတ်ပစ်လိုက်ရသည်ဟု ကရင်ကျောင်းဆရာများသမဂ္ဂ(KTWG) ၀က်ဘ်ဆိုက် စာ မျက်နှာတွင် ယမန်နေ့က ဖော်ပြခဲ့သည်။

ပြည်နယ်ဝန်ကြီးအိမ်ယာများ အကုန် မပြီးစီးသေး

ဇူလိုင်လ ၃၀ရက်။ ကေအိုင်စီ
ကရင်ပြည်နယ် ဖားအံမြို့ရှိ ပြည်နယ်ကွင်း၏ လမ်းတစ်ဖက်ခြားနေရာတွင် ပြည်နယ်ဝန်ကြီးများ၏ အိမ်ယာများကို ဆောက် လုပ်နေဆဲဖြစ်ပြီး ယခုအချိန်ထိ ၀န်ကြီး ၄ဦးသာ နေထိုင်လျှက်ရှိသေးကြောင်း ဖားအံမြို့ခံများက ပြောဆိုနေကြသည်။

Friday, July 29, 2011

Mahn Open Letter to Karen Armed Forces-_2_

နယ်ခြားစောင့် ၁၀ဦး KNLA တပ်မဟာ(၇)ထံ လာရောက်ပူးပေါင်း

ဇူလိုင်လ ၂၉ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

Photo-KIC (ကေအဲန်အယ်လ်အေနှင့် လာရောက်ပူးပေါင်းသည့် BGF တပ်ဖွဲ့ဝင်များ)

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် နယ်စပ်တနေရာတွင် အခြေစိုက်သည့် နယ်ခြားစောင့်တပ် တပ်ဖွဲ့ဝင် ၁၀ဦးသည် ယမန်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၇)ထံသို့ လာရောက်ပူးပေါင်းခဲ့ကြသည်။

ဆက်ကြေးမပေးနိုင်၍ ဘုရားသုံးဆူလူထုအချို့ နေအိမ်များမှ ရှောင်တိမ်းနေကြ

ဇူလိုင်လ ၂၉ ရက်။ နန်းသူးလေ (ကေအိုင်စီ)


ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ပြီးခဲ့သည့် ရက်သတ္တပတ်မှစ၍ ရပ်ကွက်လူကြီးများမှတ ဆက်ကြေးများ တောင်းခံပြီး ဇူလိုင်လကုန် နောက်ဆုံးထားကာ ပေးခိုင်းသည့်အတွက် ယခုဆိုလျှင် မြို့ခံတချို့မှာ မိမိတို့၏ နေ အိမ်များမှ ရှောင်တိမ်းနေကြသည်ဟု သိရသည်။

ဘုရားသုံးဆူမြို့၊ ရပ်ကွက်(၃)နေ ပရိဘောဂလုပ်ငန်းရှင်တစ်ဦးက “ရပ်ကွက်တခုတည်းကို ဘတ် လေးသိန်းတောင်းတယ်။ ကျနော်တို့က ဘယ်လိုပေးနိုင်မလဲ။ အခုတလော လုပ်ငန်းကလည်း မကောင်းတော့ အဆင်မပြေဘူး။ ဒီ ၇လပိုင်းအကုန်မှာ ပေးခိုင်းတော့ အခုဆိုရင် ငွေကြေးအတန်အသင့် ရှိသူတွေတောင် ရှောင်ပြေးကုန်ကြပြီ။”ဟု ပြောသည်။

Thursday, July 28, 2011

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း ဆက်မလုပ်ရန် KNU တားမြစ်

ဇူလိုင်လ ၂၈ရက်။ ကေအိုင်စီ

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် ဆက်သွယ်မည့် ထားဝယ်-ကန်ချနပူရီ အဝေးပြေးလမ်းဖောက်လုပ်နေသည့် ဆောက်လုပ် ရေးလုပ်ငန်းကို ထိုဒေသတွင် လှုပ်ရှားနေသည့် ကရင်အမျိုးသားအစည်းအရုံး KNU မှ တားမြစ်ထားသည်ဟု သိရသည်။

အစိုးရနှင့် တိုင်းရင်းသားပဋိပက္ခ ညှိနှိုင်းဆွေးနွေးရန် ဒေါ်စု အသင့်ရှိ

ဇူလိုင်လ ၂၈ရက်။ ကေအိုင်စီ

မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ယခုလတ်တလော ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကို အမြန်ဆုံး အပစ်ရပ်စဲကြပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးရန် အသင့်ရှိကြောင်း မြန်မာ့ဒီမိုကရေစီခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ရက်စွဲဖြင့် အိတ်ဖွင့်စာပေးတစောင် ထုတ်ပြန်လိုက်သည်။

Wednesday, July 27, 2011

အတိုက်အခံများအား ရှင်းလင်းဖယ်ရှားရန် မြန်မာအစိုးရတောင်းဆို

ဇူလိုင်လ ၂၇ရက်။ ကေအိုင်စီ


ထိုင်းနိုင်ငံတွင်းရှိ အတိုက်အခံ မြန်မာနိုင်ငံရေး အဖွဲ့အစည်းများနှင့် ဒုက္ခ္ခသည်စခန်းများအား ရှင်းလင်းပေးရန် မြန်မာအစိုးရက ထိုင်းအစိုးရဘက်သို့ တောင်းဆိုလိုက်သည်ဟု သိရသည်။

ထိုသို့ တောင်းဆိုရာတွင် အချက် ၃ချက် ပါဝင်သည်ဟု တာ့ခ်ခရိုင်ဝန် စမတ်လွိုင်ဖား(Samart Loifah)က ၂၅ရက်နေ့တွင် ပြု လုပ်သော အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဇူလိုင်လထုတ် ကေအိုင်စီ ဗွီဒီယို



Tuesday, July 26, 2011

ဧရာတိုင်းမှ သောကမီးလျှံများ

မန်းတောလောင်း (ဇူလိုင်လ ၂၆ရက်၊ ၂၀၁၁ခုနှစ်)

မြို့နယ် ၂၆မြို့နယ်။ ခရိုင် ၆ခရိုင်နှင့် ပေါင်းစည်းထားသော ဧရာဝတီတိုင်းဒေသကြီးတွင် နေထိုင်ကြသူများထဲတွင် ကရင် တိုင်းရင်းသားတို့သည် ဒုတိယ အများဆုံဖြစ်သည်။ အသေအချာ သန်းခေါင်စာရင်း ကောက်ကြည့်မည်ဆိုလျှင် ကရင်လူဦးရေ အများဆုံးဖြစ်မည်ဟု ယူဆကြသည်။ 

မြန်မာအစိုးရသစ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုများ ပျက်ကွက်ဟု BEWG ပြောဆို

ဇူလိုင်လ ၂၆ရက်။ နန်းသူးလေ (ကေအိုင်စီ)

အစိုးရ၏ ဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်းတခု
မြန်မာအစိုးရသစ်အနေဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းပျက်ကွက်လျှက်ရှိကြောင်း မြန်မာနိုင်ငံ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အလုပ်အဖွဲ့ BEWG မှ ယမန်နေ့က အစီရင်ခံစာ ထုတ်ပြန်ပြောဆိုလိုက်သည်။

အစိုးရအား ပြန်လည်တော်လှန်သည့် ခွဲထွက် နယ်ခြားစောင့်(BGF)တပ်ဖွဲ့ကို ဦးဆောင်သူ ဗိုလ်မှူးစောဘိနှင့် ကရင်သတင်းဌာန(ကေအိုင်စီ) တွေ့ဆုံမေးမြန်းခြင်း

မေး- BGF ကနေပြီးမှ DKBA အဖြစ် ဘက်ပြောင်းလာရတဲ့ အကြောင်းရင်းကို ပြောပြပါလား။
ဖြေ - ဘာကြောင့် BGFကို ကျနော်တို့လက်မခံလဲဆိုတော့ ကျနော်တို့ပြန်တုန်းက DKBA အနေနဲ့ပဲ ရပ်တည်ချင်တယ်။ ဒါပေ မယ့် အခုက သူတို့ (အစိုးရ)က ကျနော်တို့ကို နယ်ခြားစောင့်တပ်အဖြစ် ပြန်လုပ်လိုက်တယ်။ သူတို့ကတော့ ကောင်းတဲ့ဘက် ကိုပဲ ပြောတာပေါ့။ ကျနော်တို့အမြင်က ဒီလုပ်ရပ်ဟာ ကျနော်တို့ ကရင်လူမျိုးကို ကြိုးကိုင်နိုင်မှာမဟုတ်ဘူး။ အစိုးရလူတွေ ဖြစ် လာပြီးဆိုတော့ အစိုးရရဲ့လုပ်ရပ်တွေဟာ ပြည်သူလူထုတွေ လက်ခံကြတာမှ မဟုတ်တာဆိုတော့ ကျနော်တို့တွေ BGF အလုပ်ကို တော်လှန်ပြီးတော့ ဒီကေဘီအေအနေနဲ့ပဲ ပြန်ပြီး ရပ်တည်မယ်။

မြန်မာစစ်သည်တဦး ကေအဲန်ယူ တပ်မဟာ(၇)ထံ ထွက်ပြေးရောက်ရှိ

ဇူလိုင်လ ၂၆ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

Photo-KIC (ထွက်ပြေးလာသူ မြန်မာစစ်သည် စိုင်းအိုက်စံ)
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သင်္ကန်းညီနောင် အခြေစိုက် အစိုးရစစ်တပ် စကခ(၁၂) လက်အောက်ခံ ခမရ(၃၅၇)တပ်ရင်းမှ တပ်သား စိုင်းအိုက်စံသည် ယမန်နေ့က ကေအဲန်အယ်လ်အေ တပ်ရင်း(၁၀၁)ထံသို့ ထွက်ပြေးရောက်ရှိလာသည်။

Monday, July 25, 2011

ဒေါ်စုနှင့် မြန်မာအစိုးရ တွေ့ဆုံမှု အားမရကြောင်း ကရင်အဖွဲ့များပြော

ဇူလိုင်လ ၂၅ရက်။ စောခါးစူး (ကေအိုင်စီ)

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦး အောင်ကြည်တို့ ရန်ကုန်မြို့ အစိုးရဧည့်ဂေဟာ၌ ယနေ့ တွေ့ဆုံပွဲအပြီး နှစ်ဖက်စလုံးက “ကျေနပ်အားရကြောင်း” ထုတ်ပြန်ကြေ ငြာခဲ့သော်လည်း နိုင်ငံရေးအရ ထူးခြားသည့် ပြောင်းလဲမှု ဖြစ်ပေါ်မလာနိုင်ကြောင်း ကရင်အဖွဲ့အစည်းများက ပြောဆိုလိုက်သည်။

ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများကို ဇူလိုင် ၂၇ရက်နေ့တွင် ဆင့်ခေါ်ထား

ဇူလိုင်လ ၂၅ရက်။ ကေအိုင်စီ

ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီ ၃၇ပါတီကို ပြည်ထောင်စု ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်က ဇူလိုင်လ ၂၇ရက်နေ့တွင် နေပြည်တော်သို့ ဆင့်ခေါ်ထားကြောင်း သိရသည်။

၁၀နှစ်အောက် ကလေးငယ်များ နှာစေး ချောင်းဆိုးအဖြစ်များ

ဇူလိုင်လ ၂၅ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

တောင်ငူခရိုင်၊ ထန်းတပင်နှင့် သံတောင်မြို့နယ်ရှိ တောပိုင်းကျသည့်ဒေသများတွင် ယခု ရက်သတ္တပတ်အတွင်း မိုးသည်းထန် စွာ ဆက်တိုက် ရွာသွန်းမှုကြောင့် ၁၀နှစ်အောက် ကလေးအများစုသည် နှာစေး၊ ချောင်းဆိုး အဖြစ်များလျှက်ရှိကြောင်း ဒေသ ခံတဦးက ပြောသည်။

Sunday, July 24, 2011

ရေလွှမ်းမိုးမှုကြောင့် ဖားအံမြို့ ရေဘေးဒုက္ခသည်များ စာသင်ကျောင်းတွင် မှီခိုနေရ

ဇူလိုင်လ ၂၄ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)

Photo-KIC (ဖားအံမြို့တွင်း ရေကြီးသည့်ရပ်ကွက်လမ်းတွင် လှေဖြင့်သွားလာနေရသည်။)
ကရင်ပြည်နယ်၏ မြို့တော် ဖားအံမြို့တွင် ဇူလိုင်လ တတိယပတ်အတွင် သံလွင်မြစ်ရေလျှံတက်လာမှုကြောင့် မြို့တွင်းရှိ ရပ် ကွက်အတော်များများရှိ မြေနိမ့်ပိုင်းများတွင် ရေလွှမ်းမိုးကာ ယမန်နေ့မှစ၍ အမှတ်(၁) အထက်တန်းကျောင်းတွင် ရေဘေးဒုက္ခ သည်များ ယာယီ ရွှေ့ပြောင်းနေထိုင်လျှက်ရှိသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

မျိုးဆက်ပျက် ပျက်သုဉ်းတော့မဲ့ ကရင်မျိုးနွယ်စု ထဲ မှ သလခုံ လူမျိုး

မျိုးဆက်ပျက် ပျက်သုဉ်းတော့မဲ့ ကရင်မျိုးနွယ်စု ထဲ မှ ရသေ့နှင့် အမေရိကန် ခရစ်ယာန် သာသနာပြု
သလခုံ လူမျိုးတို့ ရဲ့  ကိုးကွယ်ရာ ဆရာတော် ရသေ့ နှင့် အမေရိကန် ခရစ်ယာန် သာသနာပြု MR Allan Eubank (ထိုင်းမြန်မာ နယ်စပ် တနေရာ) တွေ့ ဆုံစဉ် ၁၉၈၈ သလခုံ လူမျိုးတို့ ဟာ တပ်မဟာ(၆) KNU နယ်မြေ မှာ ဘုရားသုံးဆူ ဒေသ အနား မှာ ရွှာငယ်တချို့  နဲ့ ကျုံးဒိုး မြို့ နယ်မှာ ရွှာငယ် လေးတွေ ဖွဲ့ ပြီးနေထိုင်ကြပါတယ် လူဦးရေ က ရာဂဏန်း လောက်ဘဲ ရှိတော့ပါတယ်၊ ယောက်ကျာင်္းလေး မှန်သမျှ သျှောင်တစောင်းထုံး ကြရတယ်။

Friday, July 22, 2011

စစ်တပ်၏ လမ်းပိတ်ဆို့မှုကြောင့် ရွာသားများ စားဝတ်နေရေး အခက်အခဲဖြစ်နေ

ဇူလိုင်လ ၂၂ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
Photo-CIDKP (တောင်ငူခရိုင်အတွင်းမှ တောင်ယာခုတ် ဒေသခံများ)
ကရင်ပြည်နယ်မြောက်ပိုင်း တောင်ငူခရိုင်တွင် လှုပ်ရှားနေသည့် အစိုးရစစ်တပ်များသည် ရွာသားများ၏ ၀င်ထွက်သွားလာမှု ကို ပိတ်ဆို့လိုက်သောကြောင့် ယခုအချိန်တွင် ရွာသားများသည် စားဝတ်နေရေး အခက်အခဲ ပြဿနာနှင့် ကြုံနေရသည်ဟု ထိုဒေသမှ လာသည့်သတင်းအရ သိရသည်။

ရွာသား ၂ဦးကို အစိုးရစစ်တပ်မှ ဖမ်းဆီးသတ်ဖြတ်ခဲ့

ဇူလိုင်လ ၂၂ရက်။ စောသိန်းမြင့် (ကေအိုင်စီ)


ကရင်ပြည်နယ်၊ သံတောင်မြို့ အရှေ့ဘက် ၄မိုင်ကွာတွင် လှုပ်ရှားနေသော အစိုးရစစ်တပ် စကခ(၉) လက်အောက်ခံ ခမရ (၃၇၄)တပ်ရင်းသည် ဒေသခံ ရွာသား ၂ဦးကို ယခုလ ၁၃ရက်နေ့က ဖမ်းဆီးကာ သတ်ဖြတ်ပစ်ခဲ့သည်ဟု သိရသည်။

Thursday, July 21, 2011

ကရင်ပြည်နယ်တွင် အာဇာနည်နေ့ မှေးမှိန်နေဆဲ

ဇူလိုင်လ ၂၁ရက်။ စောခါးစူး (ကေအိုင်စီ)

Photo-KIC (ဖားအံမြို့အရှေ့ဘက် လမ်းခွလမ်းဆုံနေရာ)

ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်သော ၆၄နှစ်မြောက် အာဇာနည်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များ အပါ အ၀င် ရန်ကုန်မြို့ရှိ မြန်မာပြည်သူ ထောင်နှင့်ချီ အာဇာနည် ဂူဗိမာန်သို့ သွားရောက်ဂါရ၀ ပြုခဲ့ကြသော်လည်း ကရင်ပြည်နယ်တွင်မူ အာဇာနည်နေ့ မှေးမှိန်နေဆဲဟု ကရင်ပြည်နယ်အတွင်း နေထိုင်ကြသူများက ပြောသည်။

DKBA လက်နက်ကြီးများဖြင့် အပစ်ခံရ

ဇူလိုင်လ ၂၁ရက်။ စောခါးစူး (ကေအိုင်စီ)

Photo-DKBA (အစိုးရတပ်ကို တောလှန်နေသည့် ဒီကေဘီအေတပ်ဖွဲ့ဝင်များ)

ကရင်ပြည်နယ် မြ၀တီမြို့နယ် မေတ္တာလင်းမြိုင်ရွာအနီးရှိ မြန်မာအစိုးရတပ်နှင့် ကရင်နယ်ခြားစောင့်တပ်ဖွဲ့များက တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA)ကို ယနေ့ နံနက် ၅နာရီခန့်တွင် လက်နက်ကြီးကျည်အလုံး ၂၀ခန့် ပစ်ခတ်ခဲ့သည် ဟု စုံစမ်းသိရှိရသည်။

ကေအဲန်ယူနှင့် တိုက်ခိုက်မှုကြောင့် BGF တပ်ဖွဲ့ဝင် ၁ဦး ကျဆုံး

ဇူလိုင်လ ၂၁ရက်။ နန်းသူးလေ (ကေအိုင်စီ)

Photo-NPG (ကေအဲန်ယူ တပ်မဟာ(၇) တပ်ဖွဲ့ဝင်တစ်ဦး)

ကရင်ပြည်နယ် ပိုင်ကျုံမြို့နယ်အတွင်းရှိ ထီးပယ်ရွာအနားတွင် နယ်ခြားစောင့်တပ်(BGF)နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KLNA)တို့ ယမန်နေ့က တိုက်ပွဲဖြစ်ပွားရာ BGF ဘက်မှ ၁ဦး ကျဆုံးသွားခဲ့သည်ဟု ကေအဲန်ယူဘက်က ပြော သည်။

Wednesday, July 20, 2011

Pathways to Primary Industry Flier Semester 2 2011.2pdf

Pathways to Primary Industry Flier Semester 2 2011.2pdf



သတင်းပေးပို့သူ စောဗစ်တာအား ကျေးဇူးတင်ပါသည်။

တိုင်းရင်းသားဒေသ လူ့အခွင့်အရေးချိုးဖောက်မှုများ ဥရောပစိတ်မ၀င်စား

ဇူလိုင်လ ၂၀ရက်။ စောခါးစူးညား (ကေအိုင်စီ)

Photo-KIC (Burma Campaign UK မှ နမ့်ဇိုယာဖန်း)
မြန်မာနိုင်ငံ တိုင်းရင်းသားဒေသများတွင် ဖြစ်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအ ကြား စိတ်ဝင်စားမှု နည်းပါးသည့်အတွက် စိတ်ပျက်မိကြောင်း ဥရောပတိုက်တွင် မြန်မာ့အရေး လှုပ်ရှားနေသည့် ဗြိတိန်အခြေ စိုက် Burma Campaign-UK အဖွဲ့က ပြောကြားလိုက်သည်။

ထိုင်းစစ်ရဟတ်ယာဉ်တစီး မြန်မာဘက်ခြမ်းတွင် ပျက်ကျ

ဇူလိုင်လ ၂၀ရက်။ ကေအိုင်စီ

Black Hawk အမျိုးအစားရှိ ထိုင်းစစ်ရဟတ်ယာဉ်တစ်စီး မြန်မာဘက်ကမ်းမှာ ယမန်နေ့က ပျက်ကျသွားကြောင်း ထိုင်းသ တင်းဌာနများတွင် ဖော်ပြထားသည်။

Tuesday, July 19, 2011

မြေသိမ်းမည့်သတင်းကြောင့် ရာဘာခြံပိုင်ရှင်များ စိုးရိမ်မကင်းဖြစ်နေကြ

ဇူလိုင်လ ၁၉ရက်။ ကေအိုင်စီ


မွန်ပြည်နယ် သံဖြူဇရပ်-ရေးလမ်းနှင့် ဘုရားသုံးဆူလမ်းခွဲတဝိုက်ရှိ ဧက ၆၀၀နှင့် ၁၀၀၀ကြားရှိ ရာဘာခြံမြေကို အစိုးရစစ်တပ် က သိမ်းယူမည်ဆိုသည့်သတင်းကြောင့် ဒေသခံ ရာဘာခြံပိုင်ရှင်များက စိုးရိမ်နေကြသည်။

အစိုးရတပ် အပြောင်းအလဲတွင် ရွာသားများ လမ်းပြအဖြစ် လိုက်ပါနေရ

ဇူလိုင်လ ၁၉ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ မြစ်တန်းမြို့နယ်ခွဲတွင် လှုပ်ရှားနေသည့် အစိုးရစစ်တပ်က ယခုရက်ပိုင်းအ တွင်း တပ်အပြောင်းအလဲ ပြုလုပ်ရာတွင် သွားလာရေးအဆင်ပြေစေရန် ထိုဒေသရှိ ကျေးရွာများမှ ရွာတရွာ လျှင် ရွာသား ၃ဦးစီမှာ လမ်းပြအဖြစ် ခေါ်ယူအသုံးပြုနေကြောင်း ထိုဒေသမှလာသည့်သတင်းအရ သိရ သည်။

Monday, July 18, 2011

ဆစ်ဒနီတွင် နိုင်ငံရေးဆိုင်ရာ လူထုနှီးနှောဖလှယ်ပွဲ ကျင်းပပြီးစီးခဲ့

ဇူလိုင်လ ၁၈ရက်။ စောကျော်ခွီး (ကေအိုင်စီ)

Photo-KIC (ဆစ်ဒနီမှ လူထုနှီးနှောဖလှယ်ပွဲ)
မြန်မာပြည်တွင် ကျင်းပခဲ့သည့် လွှတ်တော်အပြီး နိုင်ငံရေးအခြေအနေ၊ နိုင်ငံတကာနှင့် မြန်မာ့အရေး လှုပ်ရှားသူများ၏ အခြေ အနေ၊ တိုင်းရင်းသားများအရေးနှင့် ပတ်သက်၍ လူထုနှီးနှောဖလှယ်ပွဲတစ်ရပ်ကို သြစတြေးလျားနိုင်ငံ၊ နယူးဆောသ့်ဝေးပြည် နယ် ဆစ်ဒနီမြို့တွင် ဇူလိုင်လ ၁၆ရက်နေ့က ကျင်းပပြီးစီးခဲ့သည်။

မဲ့ကသာကျေးရွာအတွင်း၌ စာသင်ကျောင်း မဖွင့်နိုင်သေး

ဇူလိုင်လ ၁၈ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

Photo-KIC (ကရင်ပြည်နယ်မှ မူလတန်းကလေးငယ် ကျောင်းသူကျောင်းသားများ)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူဒေသရှိ မဲ့ကသာရွာတွင် တိုက်ပွဲများကြာင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြ သည့် ရွာသူရွာသားများမှာ ယခုအချိန်၌ ရွာတွင် ပြန်လည် နေထိုင်နိုင်ကြပြီဖြစ်သော်လည်း စာသင်ကျောင်းကိုမူ ဖွင့်လှစ်နိုင် ခြင်း မရှိသေးကြောင်း ကေအိုင်စီက စုံစမ်းသိရှိရသည်။

ရှမ်းအမျိုးသမီးများအား အဓမ္မကျင့် နှိပ်စက်မှု SWAN နှင့် SHRF မှ နိုင်ငံတကာထံ တင်ပြ

ဇူလိုင်လ ၁၈ရက်။ နော်ခိုင် (ကေအိုင်စီ)


ပြည်တွင်းစစ်ကြောင့် အမျိုးသမီးများအား ရိုက်နှက်နှိပ်စက်၍ မုဒိမ်းကျင့် စော်ကားမှုများ ရှမ်းပြည်နယ်တွင် ဖြစ်ပွားနေပြီး ရှမ်း အမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်းနှင့် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်တို့မှ နိုင်ငံတကာ အသိုင်းအ၀ိုင်းထိ တင်ပြထားသည်ဟု သိရသည်။

ဇွန်လထုတ် ကရင့်တင်းစဉ်

Karen Newsletter _June-2011_

Saturday, July 16, 2011

Mahn open letter to Karen armed forves-1

Mahn open letter to Karen armed forves-1

မြေဧက ၃,၀၀၀ကျော် မတရားသိမ်းဆည်းခံရမှု အာဏာပိုင်များ လျစ်လျူရှု

ဇူလိုင်လ ၁၆ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ နတ်ထိပ်ကျေးရွာတွင် ရွာသားများပိုင်ဆိုင်သည့် ဧက ၃,၀၀၀ကျော်ရှိ မြေလွတ်မြေ ရိုင်းများ ယခင် ဒီကေဘီအေ တပ်မှူးအချို့က မတရား ရောင်းပစ်လိုက်သည့်အပေါ် နစ်နာကြေးများ ရရှိရန် ပြီးခဲ့သည့်မေလက ဖားအံမြို့ရှိ ပြည်နယ်အုပ်ချုပ်ရေးရုံးသို့ ရွာသားများ သွားရောက်တင်ပြခဲ့သော်လည်း အာဏာပိုင်များက ယနေ့အထိ အရေးယူ ဖြေရှင်းပေးခြင်း မရှိသေးကြောင်း သိရသည်။

“ချွတ်ချော်တဲ့ လွှတ်တော်” ရုပ်သံဇာတ်လမ်း မိတ်ဆက်ပွဲ WLB ပြုလုပ်

ဇူလိုင်လ ၁၆ရက်။ နန်းသူးလေ (ကေအိုင်စီ)

Photo-WLB  (ဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်သူအချို့)
မြန်မာအစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲညီလာခံကို သရော်ထားသည့် 'ချွတ်ချော်တဲ့လွှတ်တော်' အမည်ရှိ ရုပ်သံဗီဒီယို ဟာသ ဇာတ်ကား မိတ်ဆက်ပွဲ အခမ်းအနားကို အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ (WLB)က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Holiday Garden Hotel တွင် ဇူလိုင်လ ၁၄ရက်နေ့၊ ည ၇နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့သည်။

Friday, July 15, 2011

ဆရာတော် ဦးပညာသာမိ ၅၁နှစ်ပြည့် မွေးနေ့မင်္ဂလာပွဲ ကျင်းပပြီးစီး

ဇူလိုင်လ ၁၅ရက်။ စောညွှန့်သောင်း (ကေအိုင်စီ)

တောင်ကလေးကျောင်းတိုက် မုခ်ဦးဝင်ပေါက်
ယမန်နေ့က သက်တော် ၅၁နှစ်ပြည့်မြောက်သည့် တောမှီရဟန်းတစ်ပါးဖြစ်သူ တောင်ကလေးဆရာတော် ဦးပညာသာမိ၏ မွေးနေ့မင်္ဂလာပွဲကို ဖားအံမြို့အရှေ့ဘက် တောင်ကလေးကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

လွှတ်တော်အမတ်များ မီဒီယာနှင့် မပတ်သက်ရန် ကရင်ပြည်နယ်ဝန်ကြီးချုပ် တားမြစ်

ဇူလိုင်လ ၁၅ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)

လက်ရှိ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဗိုလ်မှူးချုပ်ဇော်မင်းသည် ပြည်နယ်အတွင်းရှိ လွှတ်တော်အမတ်အချို့အား သတင်းမီဒီယာ များနှင့် ပြောဆိုခြင်း မပြုလုပ်ရန် ပြီးခဲ့သည့်လက ခေါ်ယူတားမြစ်ခဲ့ကြောင်း အမတ်များနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းက ပြော ဆိုနေကြသည်။

နက်ဖြန်တွေရဲ့ ကြားတစ်နေရာ

မန်းတောလောင်း ၇-၇-၂၀၁၁

ကျနော်တို့ ကုန်ဆုံးသွားသော နက်ဖြန်သည် သေခြင်းတရားဆီသို့ ဦးတည့်နေသည်။ အဆုံးစွန် နက်ဖြန်နှင့် ယနေ့အကြား ကျနော်တို့သည် ခရီးသွားဧည့်သည်များသာ ဖြစ်သည်။ ကျနော်တို့ ခရီးသွားများသည် ခေါင်းမော့ရင်ကော့၍ ခရီးသွားနိုင်ပါသ လား။ ခေါင်းငိုက်စိုက်ချ၍ ခရီးသွားနေရသလား။

Thursday, July 14, 2011

ဗိုလ်မှူးစောဘိ၏ ခွဲထွက် နယ်ခြားစောင့်တပ်ဖွဲ့ စစ်ရေးပြင်ဆင်ပြီး

ဇူလိုင်လ ၁၅ရက်။ ကေအိုင်စီ

Photo-KIC (ခွဲထွက် နယ်ခြားစောင့်မှ စစ်ရေးအတွက် ကြိုတင်ပြင်ဆင်နေသည်)
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူဒေသအခြေစိုက် ဗိုလ်မှူးစောဘိ ဦးဆောင်သည့် ကရင်နယ်ခြားစောင့်တပ် (BGF) ခွဲ ထွက်အဖွဲ့သည် ယခုအချိန်တွင် အစိုးရစစ်တပ်အား ပြန်လည်ခုခံရန်အတွက် စစ်ရေးပြင်ဆင်မှုများ အသင့်အနေအထားတွင် ရှိနေကြောင်း ကိုယ်တိုင်သွားရောက် တွေ့ဆုံခဲ့သူ ကေအိုင်စီသတင်းထောက်တစ်ဦးက ယခုလို ပြောပြသည်။

နယ်ခြားစောင့် ၆ဦး လက်နက်ခဲယမ်းနဲ့အတူ KNLA ထံ လာရောက်ပူးပေါင်း

ဇူလိုင်လ ၁၄ရက်။ နန်းသူးလေ (ကေအိုင်စီ)

ကရင်ပြည်နယ်ရှိ မြ၀တီမြို့နယ်တွင် အခြေစိုက်လှုပ်ရှားနေသည့် နယ်ခြားစောင့်တပ်ရင်း(၁၀၁၇)မှ စစ်သည် ၅ဦးနှင့် (၁၀၂၀) တပ်ရင်းမှ စစ်သည် ၁ဦးသည် ယမန်နေ့က ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA)ထံသို့ လက်နက်ခဲယမ်းများနှင့်အတူ လာရောက်ပူးပေါင်းခဲ့သည်။

အကျဉ်းသားပေါ်တာများကို မြန်မာစစ်တပ် အသုံးပြုမှုရပ်တန့်ရန် လိုအပ်

ဇူလိုင်လ ၁၄ရက်။ နန်းသူးလေ (ကေအိုင်စီ)

(Photo-FBR) ကရင်ပြည်နယ်ရောက် အကျဉ်းသားပေါ်တာများ
မြန်မာပြည်အရှေ့ဘက်ခြမ်းရှိ ရှေ့တန်းနယ်မြေတွင် အစိုးရစစ်တပ်က အကျဉ်းသားများကို ရှေ့တန်းနယ်မြေတွင် ပေါ်တာအ ဖြစ် အသုံးပြုနေခြင်းမှ ရပ်တန့်ပစ်ရန် ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)နှင့် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(HRW)တို့က အစီရင်ခံစာ ထုတ်ပြန်ပြောဆိုလိုက်သည်။

အလုပ်သမားမှတ်ပုံတင်ပြုလုပ်ချိန် သက်တမ်းကုန်ဆုံးပြီ

ဇူလိုင်လ ၁၄ရက်။ ကေအိုင်စီ

 ယမန်နှစ်ကမဲဆောက်မြို့ထိုင်းလူဝင်မှုကြီးကြပ်ရေးရုံးတွင် တွေ့ရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ
ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ထိုင်းအလုပ်သမားမှတ်ပုံတင် (work permit) ပြုလုပ်နေသည်မှာ ယနေ့ ဇူလိုင် လ ၁၄ရက်နေ့တွင် နောက်ဆုံးရက်အဖြစ် သက်တမ်းကုန်ဆုံးသွားပြီ ဖြစ်သည်။

Wednesday, July 13, 2011

မာနယ်စိုး စစ်ဆင်ရေးမှာဝင်တဲ့ ကျောင်းသားတပ်မတော် ရဲဘော်များနဲ့ ကိုမိုးသီးဇွန် တွေ့ဆုံ

Monday, July 11, 2011

ထိတ်လန့်ကြောက်ရွံ့မှုကြောင့် ကြိတ်ရွာသားများ အလုပ်အကိုင်ပျက်နေ

ဇူလိုင်လ ၁၁ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

Burma Army Battalion 22 Troops
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကြိတ်ကျေးရွာတွင် အစိုးရစစ်တပ်နှင့် ကရင်တပ်ဖွဲ့များအကြား ပစ်ခတ်မှုများ မကြာ ခဏ ဖြစ်ပွားသောကြောင့် ယခုအချိန်တွင် ရွာသားများသည် ထိတ်လန့်ကြောက်ရွံ့ကြပြီး အလုပ်အကိုင်လည်း ပျက်ရသည်ဟု ရွာ သားများက ပြောသည်။

Sunday, July 10, 2011

မြ၀တီဗုံးပေါက်မှု ထိခိုက်သူ မရှိ

ဇူလိုင် ၁၁ရက်။ ကေအိုင်စီ


မြ၀တီမြို့၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံး အနောက်ဘက်တွင် ယမန်နေ့ည မြန်မာစံတော်ချိန် ၈နာရီကျော်တွင် ဗုံးတစ်လုံးပေါက်ကွဲခဲ့ရာ ထိခိုက်သေကြေမှု မရှိကြောင်း သိရသည်။

မြို့ခံတစ်ဦးက “ဗုံးပေါက်တဲ့အသံကတော့ အတော်ကျယ်တယ်။ နေရာက ကြံ့ခိုင်ရေးရုံးအနောက်ဘက်က မြောင်းထဲမှာ ပေါက် တာ။ ဘယ်သူ့ကိုမှ ထိခိုက်သွားတာ မရှိပါဘူး။”ဟု ဆိုသည်။

KCN Karen community in Norway သတင်းထုတ်ပြန်ချက်

KCN Karen community in Norway owif


သတင်းပေးပို့လာသူအား ကျေးဇူးတင်ရှိပါသည်။

Saturday, July 9, 2011

နိုင်ငံသစ် တစ်နိုင်ငံ မွေးဖွားလာခြင်း

Saturday, 09 July 2011 06:57 Int.news


ဆယ်စုနှစ်ပေါင်းများစွာ မြောက်ပိုင်း အစိုးရ တပ်ဖွဲ့များနဲ့ စစ်ပွဲတွေ ဆင်နွှဲခဲ့ရတယ်။ ပြည်သူ သန်းပေါင်းများ အသက်အိုးအိမ် ဆုံးရှုံးခဲ့ရပြီးပြီး။

အခုအခါမှာတော့ တောင်ပိုင်း ဆူဒန်ဟာ သီးခြားနိုင်ငံ အဖြစ် နိုင်ငံသစ် အနေနဲ့ ပျော်ပွဲတွေ ဆင်ယင် ကျင်းပနေပါတယ်။ ဆယ်စုနှစ် ၅ ခုကျော် တိုက်ပွဲများနဲ့ နောက်ဆုံး ပြည်တွင်းစစ် ၂ နှစ်ကျော် ဆင်နွှဲခဲ့ အပြီးမှာတော့ ဆူဒန်နိုင်ငံကနေ ခွဲထွက် နိုင်ခဲ့လို့ တောင်ဆူဒန် သမ္မတနိုင်ငံဟာ ကမ္ဘာ့နိုင်ငံသစ် အဖြစ် ရပ်တည်လို့ ရသွားပါပြီ။ ကုလသမဂ္ဂက အသိအမှတ်ပြုတဲ့ ၁၉၃ နိုင်ငံမြောက် တိုင်းပြည် ဖြစ်လာပါတော့တယ်။

တတိယဘုံမှအပြန်

တတိယဘုံမှအပြန်
(လင်္ကာဒီပ)

ဒို့အရေး ဒို့အရေးတွေအော်
ကြွေးကြော်ခဲ့တယ် လမ်းမထက်မှာ
“စစ်အာဏာရှင်ချုပ်ငြိမ်းရေး”တဲ့
ဟုတ်ပါပြီ အမောင်
“ဒီတောင်ကို မောင်ဖြိုမယ်”ဆို
ပြည်သူကို ကတိတွေ အထွေထွေ
ပေးခဲ့လေတယ် မဟုတ်လား။

မညီမျှမှုတွေ အထွေထွေက
လောကငရဲ အကြပ်အတည်းကြောင့်
စွဲစွဲမြဲမြဲ ဝုန်းကနဲဝုန်းကနဲ
သဲသဲမဲမဲတောက်လောင်
ကောက်ရိုးတောင်မီးတောင်လို
ဟိုတချိန်တုန်းက အသင်
“သခွပ်ပင်က မီးတကျီကျီ” ပြခဲ့ဖူးတယ်လေ။

လိုရာပြည့်စုံ တတိယဘုံမှာ
တခါက အတူမက်ခဲ့ကြ
ဒီမိုကရေစီ ပြည်ထောင်စုအရေး
တစက်လေးမှ မကြားရတော့ပါလား အမောင်
အတောင်ပံလဲ ခြံရံခွဲရက်
ဇတ်ပျက်ခွပ်ဒေါင်းကြီး ဖြစ်နေပါရော့လား။

တန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင့်
သင့်လူထု သင့်လူမျိုးရေး
သင်ပေးခဲ့တဲ့ ကတိတွေနဲ့
လျှောက်ခဲ့တဲ့လမ်းတွေ
ပန်းတွေမခင်းတဲ့လမ်းဆိုး
အမျိုးကို အရမ်းချစ်ပါတယ်ဆို။

ဇိမ်ခံအိမ် ဇိမ်ခံကား
သင်စံစားနေချိန်မှာ
ငါတို့မှာ ငတ်တလှည့် ပြတ်တလှည့်
လုပ်လက်စ အလုပ်တွေကို
အသက်ကိုပဓာနမထား
အားလုံးတွက်ရည်စူး
စိတ်ကိုထူးခတ်လုပ်ဆောင်နေတုန်းပါ အမောင်။

အကူညီ တစိတ်တဆံ
အသံဗလံတစွန်းတစ
သင်မဟတော့ဘူးလား အမောင်
ရွှေတောင်ပံကို သင့်ကိုသင်
စီရင်ရိုက်ချိုးလိုက်ပြီလား
လည်စင်းခံလိုက်ပြီလားကွာ
ရင်နာနာနဲ့ ငါမေးချင်လျက်
ဇာတ်ပျက်ကရင် အဖြစ်မခံပါနဲ့တော့ အမောင်။

ဘယ်ခုံမှာထိုင်ထိုင်
ဘယ်နိုင်ငံ ဘယ်ဘုံမှာနေနေ
လူတွေမှာ အရေးကြီးတာလေး
ပေးခဲ့တဲ့ ကတိသစ္စာ
သင့်မှာ ကိုယ်စီတာဝန်တွေရှိကြတာမို့
ပြန်လာလက်တွဲ ခရီးဆုံးလျှောက်လှမ်းလိုက်ကြပါစို့။ ။

ဧပြီလ ၂၁၊ ၂၀၁၁။

Friday, July 8, 2011

ကရင်ပြည်နယ်အတွင်း မြို့တွင်းတိုက်ပွဲဖြစ်မည်ကို လူထုစိုးရိမ်

ဇူလိုင်လ ၈ရက်။ (ကေအိုင်စီ)

Photo-KIC (ဖားအံ အဝေးပြေးကားဂိတ်တစ်နေရာ)
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူဒေသတွင် ပြီးခဲ့သည့်ရက်သတ္တပတ်က ကရင်နယ်ခြားစောင့်တပ်နှင့် မြန်မာစစ်တပ် များ ပဋိပက္ခဖြစ်ပွားမှုကြောင့် ယခုအချိန်တွင် လှိုင်းဘွဲ၊ ဖားအံနှင့် ကော့ကရိတ်မြို့များ၌ လုံခြုံရေးများ ချထားလျှက်ရှိသဖြင့် မြို့တွင်းတိုက်ပွဲဖြစ်ပွားမည်ကို လူထုအနေဖြင့် အထူးစိုးရိမ်နေကြသည်ဟု သိရသည်။

ဖိနပ်စက်ရုံအလုပ်သမား ၂,၀၀၀ကျော် လုပ်အားခအတွက် ဆန္ဒပြ

ဇူလိုင်လ ၇ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့၏ တစ်ဖက်ရှိ ထိုင်းဘက်ခြမ်းမှ ဖိနပ်စက်ရုံတရုံ၌ ယနေ့မွန်းလွဲပိုင်းတွင် အလုပ်သမား ၂,၀၀၀ကျော်က ၎င်းတို့၏ လုပ်အားခအတွက် တောင်းဆိုရာမှ ဆန္ဒပြမှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

Thursday, July 7, 2011

မြို့ပြတိုက်ပွဲနှင့် ငြိမ်းချမ်းရေး

အယ်ဒီတာ့အာဘော်

မြို့ပြတိုက်ပွဲနှင့် ငြိမ်းချမ်းရေး
နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေး ဆိုသည့်ဆောင်ပုဒ်ပါ လက်တွေ့ အကောင်အ ထည်ဖော်ဆောင်မှုမှာ ဗမာပြည်နှင့် တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံးအတွက် ယခုအချိန်ထိ ပေါ်ထွန်းလာခြင်း မရှိ သေး။ မဆလ၊ န၀တ၊ နအဖ ခေတ်အဆက်ဆက်သော စစ်အစိုးရလက်ထက် နိုင်ငံရေးပြဿနာကို စစ်ရေးအရ ဖြေရှင်းလာမှု များ၏ နောက်ဆက်တွဲမှာ ကြံ့ဖွံ့အစိုးရလက်ထက်တိုင် မပြီးဆုံးနိုင်သေးကြောင်း နေပြည်တော်၊ မန္တလေး၊ ကြပ်ပြေး၊ တောင်ငူ ဗုံးပေါက်ကွဲမှုများနှင့် ဘုရားသုံးဆူ မြို့ပြတိုက်ပွဲများက သက်သေပြလျှက်ရှိသည်။

ယာယီမြန်မာနိုင်ငံကူးလက်မှတ် သက်တမ်း ၆နှစ်အထိ တိုးမြှင့်

ဇူလိုင်လ ၇ရက်။ ကေအိုင်စီ

ယာယီ မြန်မာနိုင်ငံကူးလက်မှတ် ထပ်လျှောက်ထားသူများ ယခင်သက်တမ်း သုံးနှစ် ပြုလုပ်ပေးနေမည့်အစား ၂၀၁၁ခုနှစ်၊ ဇူလိုင် လ ၁ရက်နေ့မှစပြီး အသစ်ပြုလုပ်သူများ သက်တမ်း ၆နှစ်အထိ တိုးမြှင့် ပြုလုပ်ပေးကြောင်း သိရသည်။

ဂျပန်သို့ တတိယနိုင်ငံ အစီအစဉ် ကရင်ဒုက္ခသည် ၅၀ဦး ထပ်မံ လျှောက်ထား

ဇူလိုင်လ ၇ရက်။ နန်းသူးလေ (ကေအိုင်စီ)

Photo-KIC (မယ်လစခန်းတွင် ဂျပန်ရောက် ဒုက္ခသည်များ၏ နေထိုင်မှုဓာတ်ပုံများ ကပ်ထားစဉ်)

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းတွင် တတိယနိုင်ငံ ခိုလှုံသည့် အစီအစဉ်ဖြင့် ဂျပန်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ရန် ပြီးခဲ့သည့် ဇွန်လ ၁ရက်နေ့က ဒုက္ခသည် ၅၀ဦး UN ရုံးသို့ ထပ်မံ သွားရောက်လျှောက်ထားခဲ့သည်ဟု သိရှိရသည်။

Karen Community _ Settlement Update E Newsletter Winter 2011

Karen Community _ Settlement Update E Newsletter Winter 2011

Tuesday, July 5, 2011

မြ၀တီရှိ BGF တပ်ဖွဲ့အား KNLA ၀င်ရောက်ပစ်ခတ်၊ ၃ဦး ထိခိုက်ဒဏ်ရာရ

ဇူလိုင်လ ၅ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် မယ့်ပလယ်တိုဂွင်တွင် လှုပ်ရှားသည့် နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့အား ယမန်နေ့က ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၇) တပ်ဖွဲ့များက သွားရောက်ပစ်ခတ်ခဲ့ရာ BGF တပ်ဖွဲ့ဝင် ၃ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

Monday, July 4, 2011

ပြည်တွင်းစစ်ရပ်စဲရန် ဦးသိန်းစိန်အစိုးရအား ဒီမိုကရေစီအင်အားစု ၉ဖွဲ့ပြောဆို

ဇူလိုင်လ ၄ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

သမ္မတဦးသိန်းစိန် အစိုးရအနေဖြင့် တိုင်းရင်းသားဒေသများတွင် ထိုးစစ်ဆင်မှုများ ရပ်စဲပြီး ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်ရန်အ တွက် စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်းရေး ခေါ်ယူရမည်ဖြစ်ကြောင်း ဒီမိုကရေစီအင်အားစုအဖွဲ့ (၉)ဖွဲ့က ယနေ့ တိုက်တွန်း ပြောဆိုလိုက်သည်။

တိုင်းရင်းသားပါတီ အပါအဝင် ကြံ့ဖွံ့ပါတီမှ လူငယ်များ ဂျပန်သွားမည်

ဇူလိုင်လ ၄ရက်။ ကေအိုင်စီ

ဂျပန်ခရီးစဉ်အတွက် သွားရောက်လေ့လာမည့် နိုင်ငံရေးပါတီ ၅ပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့မှ ကိုယ် စားလှယ်များ ကြိုတင်ပြင်ဆင်မှုများ လုပ်နေကြောင်း သိရသည်။

Sunday, July 3, 2011

အယ်ဒီတာမှတဆင့် နိုင်ငံတော်သမ္မတကြီး သိရှိစေရန်

ကရင်ပြည်နယ် အရှေ့ဖက် နယ်စပ်မြို့လေးဖြစ်တဲ့ မြ၀တီမြို့လေးမှာ နေထိုင်ကြတဲ့ ပြည်သူတွေဟာ ရှေးယခင်ကတည်းက ဗုဒ္ဒဘာသာကို လွတ်လပ်စွာ ကိုးကွယ်ခဲ့ပြီး ဘာသာရေး အလွန်ကိုင်းရှိုင်းခဲ့ကြပါတယ်။ တနှစ်ပတ်လုံးမှာလည်း ဘုရားစေတီ များ၊ ဘုန်းတော်ကြီးကျောင်းများနဲ့ ရပ်ကွက်ဓမ္မာရုံများမှာ အသံမစဲ ပဌာန်းဒေသနာတော်တွေကို ရွတ်ဖတ်သံကြားနေရလို့ နေ ထိုင်ကြတဲ့ ရဟန်းရှင်လူ ပြည်သူလူထုဟာ အလွန်သာယာချမ်းမြေ့စွာ နေထိုင်ကြတာကို တွေ့ရပါတယ်။ 

စစ်ရေးတင်းမာနေတဲ့ မြိုင်ကြီးငူအရေးနဲ့ ပတ်သက်ပြီး တပ်ရင်းမှူး စောဖေါဒိုနဲ့ ဆက်သွယ်မေးမြန်းချက်

စောဒါးဘို၊ ၀၃-၀၇-၂၀၁၁

ကချင်ပြည်နယ်ဘက်က KIA နဲ့ ဗမာစစ်တပ်တို့ ငြိမ်းချမ်းရေးဆွေးနွေးနေချိန်မှာ ကရင်ပြည်နယ်၊
မြိုင်ကြီးငူဒေသမှာတော့ စစ်ရေးတင်းမာမှုအနေအထားမှာရှိနေတယ်ဆိုတာ အားလုံးသိပြီးသား ဖြစ်
ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး KNU တပ်မဟာ(၇)၊ တပ်ရင်း(၁၀၁)
မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောဖေါဒိုနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

Saturday, July 2, 2011


မိုးကြီး၍ ချောင်းရေလျှံတက်မှုကြောင့် ဇွန်လကုန်ပိုင်းတွင် လှိုင်းဘွဲမြို့တွင်း ရေလွှမ်းမိုးခဲ့သည်။

ယခုနှစ်တွင် ပန်းတနော်မြို့နယ်ရှိ ငြုပ်ခင်းများ မိုးမိကာ ပျက်စီးမှုရှိခဲ့သည်။

KNLA တပ်ဖွဲ့ဝင်များ စောင့်ကြိုပစ်ခတ်မှုကြောင့် ခမရ(၅၄၇) တပ်ရင်းမှူးကျဆုံး

ဇူလိုင်လ ၂ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

Photo-KIC (KNLA Brigade 7 troops-ကေအဲန်အယ်လ်အေ တပ်မဟာ ၇တပ်ဖွဲ့ဝင်များ)
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ခလယ့်ဒေးကားလမ်းအတိုင်း တက်လာသည့် အစိုးရစစ်တပ်အား ယနေ့မွန်းလွဲပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ဖွဲ့များက စောင့်ကြိုပစ်ခတ်ခဲ့ရာ အစိုးရတပ်ဘက်က တပ်ရင်းမှူး တစ်ဦး အပါအ၀င် ၂ဦး ကျဆုံးကာ ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNLA ဘက်က ပြောသည်။

Friday, July 1, 2011

လှိုင်းဘွဲမြို့ မြစ်ရေကြီးမှု အနည်းငယ်သာ လျော့ကျသေး

ဇူလိုင်လ ၁ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)

Photo-KIC (လှိုင်းဘွဲချောင်းရေ လွှမ်းမိုးခံရသည့် လယ်ကွင်းများ)

ကရင်ပြည်နယ်အတွင်း လှိုင်းဘွဲမြို့ပေါ်တွင် ဇွန်လ ၂၆ရက်မှ ၃၀ရက်နေ့အထိ လှိုင်းဘွဲချောင်းရေ လျှံတက်မှုကြောင့် မြို့ပေါ်ရှိ ရပ်ကွက်အတော်များများ ရေလွှမ်းမိုးခဲ့ပြီး ယခုအချိန်ထိ အနည်းငယ်သာ လျော့ကျသေးကြောင်း မြို့ခံများ၏ ပြောပြချက်အရ သိရသည်။

ဓါးစာခံရွာသား ၁၀၀ကျော်အား အစိုးရစစ်တပ် ပြန်လွှတ်ပေးခဲ့

ဇူလိုင်လ ၁ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ပြီးခဲ့သည့်အပတ်က ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဓါးစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော အဇင်းရွာသား ၁၀၀ကျော်ကို အစိုးရစစ်တပ်က ယမန်နေ့တွင် ပြန်လွှတ်ပေးလိုက်ပြီဟု သိရသည်။