၁။လက်နက်ချစကား အလျဉ်းမပြောရ။ ၂။ကရင်ပြည် ပြီးပြည့်စုံရမည်။ ၃။ကရင့်လက်နက် ကရင့်လက်ထဲရှိရမည်။ ၄။ကရင့်ကြမ္မာ ကရင်ဖန်တီးရမည်။

Thursday, April 29, 2010

ကရင်ဒုက္ခသည် ၁သောင်းခန့် ထိုင်းနိုင်ငံသို့ ဦးတည် ထွက်ပြေးလာနိုင်

ဧပြီလ ၂၉ရက်။ ကေအိုင်စီ

စစ်အစိုးရ၏ နယ်ခြားစောင့်တပ်ကို လက်မခံနိုင်သည့် အချို့ဒီမိုကရက်တစ်
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ တော် (DKBA)နှင့် စစ်
အစိုးရအကြား တိုက်ပွဲ ဖြစ်လာမည်ကို စိုးရိမ်သည့်အတွက် ကရင်ရွာသား
၁သောင်းခန့် ထိုင်းနယ်စပ်သို့ ထွက်ပြေးလာနိုင်သည်ဟု လူသားချင်းစာနာ
ထောက်ထားသည့် အကူအညီပေးရေးအဖွဲ့များက ခန့်မှန်းပြောဆိုသည်။

ဧပြီလ ၂၇ရက်နေ့ညမှ ၂၈ရက်နေ့အထိ ကရင်ပြည်နယ်ဘက်ခြမ်းမှ ရွာသား
၃၀၀ကျော်သည် ထိုင်းနိုင်ငံနယ်စပ်၊ မဲဆောက်မြို့ တောင်ပိုင်းရှိ ဝေါ်လေ
ကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြောင်း ထိုင်း-မြန်မာအခြေစိုက်
အဆိုပါ လူသားချင်းစာနာ ထောက်ထားသည့် အကူညီပေးရေးအဖွဲ့များက ပြောသည်။


ယနေ့သည် စစ်အစိုးရက ၎င်းတို့နှင့် အပစ်ရပ်ထားသည့် DKBA ကို နယ်ခြားစောင့်တပ
် အသွင်ကူးပြောင်းရေး သတ်မှတ်ရက် နောက်ဆုံးဖြစ်သည့်အတွက် DKBA ခေါင်းဆောင်
များအတွင်း သဘောထားကွဲလွဲမှုများရှိနေပြီး အသွင်ကူးပြောင်းရေးကို လက် ခံသည့်
ခေါင်းဆောင်တချို့၏ ဆုံးဖြတ်ချက်ကြောင့် ပဋိပက္ခ တိုးပွားမည်ကိုလည်း ဒေသခံများက
စိုးရိမ်နေကြသည်။

စစ်တပ်၏ကြိုးကိုင်မှုအောက်တွင် ပြန်လည်ဖွဲ့စည်းမည့် DKBA တပ်ကို နယ်ခြားစောင့်တပ်
အသွင်ဖွဲ့စည်းရန် လက်ခံသဘော တူမည်ကို ဒေသခံများက စိုးရိမ်နေကြပြီး ထိုသဘော
တူညီမှု၏ နောက်ဆက်တွဲအဖြစ် ဒေသခံရွာသားများကို အဓမ္မ စစ်သားစု ဆောင်းမှုများ
ပြုလုပ်လာမည်ကိုလည်း ရွာသားများက စိုးရိမ်နေကြသည်ဟု သိရသည်။

ယခုလို အငြင်းပွားဖွယ်ရာ နယ်ခြားစောင့်တပ်(BGF)ကို လက်ခံမည့် DKBA ခေါင်းဆောင်
တချို့၏ ဆုံးဖြတ်ချက်အပေါ် ၎င်းတို့ အဖွဲ့မှ ကျန်ထိပ်ပိုင်းခေါင်းဆောင်များနှင့် တပ်သားများ
ကလည်း ကျေနပ်မှုမရှိဟု သိရသည်။

စစ်တပ်က ၎င်းတို့လိုလားသည့် BGF အသွင်ပြောင်းရေးကို သေချာမှုရှိစေရန် DKBA နယ်
မြေတွင် စစ်တပ်က အင်အားပြသည့် အနေဖြင့် တပ်ရင်း ၁၀ခုကို ဧပြီ ၂၇ရက်နေ့ညနေက
ထပ်မံ ပို့ဆောင်ထားကြောင်း နယ်စပ်သတင်းများအရ သိရသည်။

ယခုလို BGF အသွင်ပြောင်းရေး ဆုံးဖြတ်ချက်အပေါ် စိတ်ပျက်သည့်အပြင် DKBA အဖွဲ့အတွင်း
၂ ဖွဲ့ဖြစ်နေသည့် အနေအထား ရှိနေပြီး ၎င်းတို့အတွင်း ပဋိပက္ခဖြစ်ရန် သေချာနေကြောင်း
DKBA အဖွဲ့မှ ဗိုလ်ကြီးတဦးက ကေအိုင်စီကို ယခုလို ပြောသည်။

“DKBA အဖွဲ့ထဲမှာ အော်တိုမက်တစ် ၂ခြမ်းကွဲလာနိုင်တယ်။ နယ်ခြားစောင့်တပ်ကို လက်ခံတဲ့
အဖွဲ့တွေက ကျနော်တို့ BGF ကို လက်မခံရင် သူတို့နဲ့ တိုက်ပွဲတွေ ဖြစ်နိုင်တယ်။ လက်ခံသူ
တွေက ကရင်လူထုတွေ ပိုပြီးဒုက္ခပိုမိုခံစားမယ်လို့ အငြင်းပွား ပြော နေကြတယ်။ ဒါပေမယ့်
ကျနော်တို့ ကရင်လူထုတွေက ဒုက္ခခံစားနေကြပြီးသားပါ”ဟု ပြောသည်။

ယခုသတင်းကို ရေးသားနေချိန်တွင်ပင် လူသားချင်း စာနာကူညီပေးရေးအဖွဲ့၊ ဆေးဝန်ထမ်းများ
နှင့် ကရင်ခေါင်းဆောင်များ သည် ထိုင်းနယ်စပ်ကို လတ်တလော ရောက်ရှိလာနိုင်သည့် ဒုက္ခ
သည် ၁သောင်းခန့်ကို ၀န်ဆောင်ပေးကြရမည်ဟု ပြောဆိုခဲ့ ကြသည်။

DKBA နှင့် အစိုးရ ဆက်ဆံရေး တင်းမာ

သန်းထိုက်ဦး Thursday, April 29, 2010

[စစ်ရေးပြပွဲတခုတွင် တွေ့ရသည့် DKBA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - ဧရာဝတီ)]

စစ်အစိုးရနှင့် သူ၏ မဟာမိတ် အဖွဲ့ဖြစ်သော DKBA ခေါ် တိုးတက်သော
ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော်သည် ယခုချိန်အထိ နယ်ခြားစောင့်တပ်
အသွင် ပြောင်းရေး အစီအစဉ်အတွက် သဘောတူနိုင်ခြင်း မရှိသေးသဖြင့် နှစ်ဘက်
တင်းမာနေကြသည်။


စစ်ရေးပြပွဲတခုတွင် တွေ့ရသည့် DKBA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - ဧရာဝတီ)
DKBA ကို ဦးဆောင်သူ မြိုင်ကြီးငူ ဆရာတော် ဦးသုဇနက နယ်ခြား စောင့်တပ်
အစီအစဉ်ကို လက်မခံ သောကြောင့် DKBA တပ်ဖွဲ့ ၀င်များကို ၎င်းတို့၏ နေရာများ၌
ပြန်နေကြရန် မိန့်ကြား ထားကြောင်း DKBA နှင့် နီးစပ်သူ တဦးက ပြောသည်။

အောက်ခြေ တပ်မှူး တပ်သားများတွင် အယူအဆ အမျိုးမျိုး ဖြစ်နေသည်ဟု ဆိုသည်။

ကရင်ပြည်နယ် ဘုရားသုံးဆူ မြို့နယ်ရှိ DKBA အရာရှိ တဦးကမူ “ကရင် လူထု အပေါ်မှာ
ကျောခိုင်း ပြီးတော့ ဘယ်တော့မှ သစ္စာ မဖောက်ဘူး၊ စောဘဦးကြီး မူအရ ကိုယ့်လက်နက်
က ကိုယ့်လက် ထဲမှာပဲ ရှိရမယ်၊ ဒီမူကို ကိုင်ဆောင် ပြီးတော့ ရှေ့ဆက် တိုက်ပွဲ ၀င်သွားမယ်”
ဟု ပြောသည်။

သို့သော်လည်း DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ကျော်သန်းနှင့် ထင်ရှားသည့် ခေါင်းဆောင်
တဦး ဖြစ်သည့် ဗိုလ်မှူးကြီး စောချစ်သူတို့က တပ်အသွင်ပြောင်းရေးကို လက်ခံကြောင်း
အတည်မပြုနိုင်သော သတင်းများအရ သိရသည်။

DKBA သည် ၁၉၉၅ ခုနှစ်တွင် KNU မှ ခွဲထွက်ပြီးနောက် တဖြည်းဖြည်း အင်အား
ကြီးမားလာသည့် လက်နက်ကိုင် အဖွဲ့ ဖြစ်သည်။

ကရင်ပြည်နယ်ရှိ လက်နက်ကိုင် အဖွဲ့များအနက် ဗိုလ်မှူးချုပ် ထိန်မောင် ဦးဆောင်သော
KNU/ KNLA ငြိမ်းချမ်းရေး ကောင်စီ အမည်ရှိ အဖွဲ့ကလည်း နယ်ခြားစောင့်တပ် အစီအ
စဉ်ကို လက်မခံကြောင်း ထိုင်းမြန်မာ နယ်စပ်မှ လာသော သတင်းများအရ သိရသည်။

ငြိမ်းချမ်းရေး ယူထားသည့် ယခင် သူပုန်အဖွဲ့များ အားလုံး နယ်ခြားစောင့် တပ်ဖွဲ့များ အဖြစ်
အသွင် ပြောင်းရန် စစ်အစိုးရက သတ်မှတ်ထားသည့် နောက်ဆုံးအချိန်မှာ ယမန်နေ့ကပင်
ကုန်ဆုံးသွားပြီဖြစ်သည်။

အသွင်ပြောင်းခြင်း မပြုသည့်အဖွဲ့သည် စစ်ရေးအရ အရေးယူမှုနှင့် ကြုံတွေ့ရနိုင်သည်ဟု
အကဲခတ်တချို့က ခန့်မှန်းကြသည်။

၁၉၈၉ ခုနှစ်မှ စတင်၍ အစိုးရနှင့် အပစ်အခတ် ရပ်ထားသော တိုင်းရင်းသား လက်နက်ကိုင်
အဖွဲ့ပေါင်း ၁၇ ဖွဲ့ ရှိသည်။

ရွေးကောက်ပွဲ ပြုလုပ်ရန် ပြင်ဆင်နေသည့် စစ်အစိုးရက နယ်ခြားစောင့်တပ်ဖွဲ့ အစီအစဉ်ကို
၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင်ခဲ့သည်။

ယခုအချိန်အထိ အသွင်ပြောင်းပြီးသည့် အဖွဲ့ ၃ ဖွဲ့ ရှိပြီ ဖြစ်သည်။

နယ်ခြားစောင့်တပ်ဖွဲ့ရန် ဒီကေဘီအေက ယေဘုယျ သဘောတူထား

ဧပြီလ ၂၈ရက်။ နန်းထူးစံ (ကေအိုင်စီ)

နအဖ စစ်အစိုးရတို့ ကမ်းလှမ်းထားသည့် အပစ်ရပ်အဖွဲ့များ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အ မျိုးသား တပ်မတော် (ဒီကေဘီအေ)က ယေဘုယျ
အားဖြင့် သဘောတူထားကြောင်း သိရသည်။

ယမန်နေ့က ဒီကေဘီအေ ဌာနချုပ်တည်ရှိရာ မြိုင်ကြီးငူအထူးဒေသတွင် ဒီကေဘီအေ
အရာရှိကြီးများနှင့် နအဖ အရှေ့တောင် တိုင်း စစ်ဌာနချုပ်မှ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်ဇော်မင်း
ဦးဆောင်သောအဖွဲ့ တွေ့ဆုံဆွေးနွေးခဲ့ရာမှ ယင်းသို့ သဘောတူထားခြင်းဖြစ် သည်ဟု
အစည်းအဝေးကို တက်ရောက်ခဲ့သူ ဒီကေဘီအေ တပ်မဟာ (၉၉၉)မှ တပ်ရင်းမှူးတဦးက
ယခုလို ပြောဆိုသည်။



သူက “မနေ့က အစည်းအဝေးမှာ ဘုန်းကြီး မပါပေမယ့် ဒီကေဘီအေ ခေါင်းဆောင်အား
လုံးနီးပါး ပါတယ်။ နအဖ ဘက်ကတော့ ဒု တိုင်းမှူးနဲ့အဖွဲ့ ပါတယ်။ ကျနော်တို့ ဆွေးနွေးပြီး
သဘောတူကြတာဖြစ်တယ်။ ဒီလိုဆွေးနွေးရာမှာ ကျနော်တို့ ဌာနချုပ်ကို ဘယ်နေ ရာမှာ
ထားမလဲ။ တပ်တွေကို ဘယ်လိုနေရာယူရမလဲ စတာတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်”ဟု
ကေအိုင်စီကို ယနေ့ ပြောဆို သည်။

ယနေ့သည် စစ်အစိုးရက အပစ်ရပ်တိုင်းရင်းသားအဖွဲ့များအား နယ်ခြားစောင့်တပ်အဖြစ်
ပြောင်းလဲဖွဲ့စည်းရန် သတ်မှတ်ထားသည့် အတွက် အဆိုပါအစည်းအဝေးသို့ တက်ရောက်သည့်
ဒီကေဘီအေခေါင်းဆောင်များက သဘောတူလိုက်ခြင်းဖြစ်ပြီး ဒီကေဘီအေ မှ ၎င်းတို့၏လုပ်ပိုင်
ခွင့်အချို့ကို နအဖဘက်မှ မဆုံးဖြတ်ပေးနိုင်သေးသဖြင့် ဗိုလ်ချုပ်ရဲမြင့်နှင့် ပြောဆိုရမည်ဟု
တပ်မှူးတဦးက ပြော သည်။

သို့သော်လည်း ထိုနယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအစီအစဉ်ကို သဘောမတူသည့်
ဒီကေဘီအေ အဖွဲ့ဝင်များလည်းရှိပြီး ဒီ ကေဘီအေ တပ်မဟာ (၅)မှူး ဗိုလ်မှူးကြီးစော
လားပွယ်နှင့် ကလိုထူးဘော ဗျူဟာမှူး ဒုဗိုလ်မှူးကြီး စောမုတ်သုန်တို့က ယမန်နေ့ အ
စည်းအဝေးသို့ တက်ရောက်ခြင်းမရှိကြောင်း နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။

အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို ဒီကေဘီအေက လက်ခံသ
ဘောတူလိုက်သော်လည်း ၂၀၀၇ခုနှစ် က စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့သည့်
ကေအဲန်ယူ-ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီက လုံးဝ လက်မခံနိုင်ကြောင်း
ယခုလ ၂၂ရက်နေ့က နအဖ ဗိုလ်ချုပ်ရဲမြင့်ထံသို့ စာရေးသားပေးပို့ခဲ့သည်ဟု သိရသည်။

ကရင်ငြိမ်းချမ်းရေးကောင်စီ စခန်းအနီး နအဖတပ်များ စစ်ရေးပြ

ရဲရင့်/ ၂၈ ဧပြီ ၂ဝ၁ဝ
နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် လက်မခံသည့် ကေအန်ယူ-ကေအန်အယ်လ်အေ
ငြိမ်းချမ်းရေးကောင်စီအဖွဲ့ အခြေစိုက်ရာ ကော့ကရိတ်မြို့နယ် ထော့ကိုကိုးရွာရှိ ဌာန
ချုပ်ကို နအဖတပ်ဖွဲ့များက အင်အားအလုံးအရင်းဖြင့် ၀င်ရောက်ချေမှုန်းရန် စစ်ရေးပြမှုများ
လုပ်ဆောင်နေသဖြင့် တပ်ဖွဲ့ဝင်များ စခန်းမှ စတင်ဆုတ်ခွာနေသည်ဟု တပ်မှူးတဦးက
ပြောသည်။

အပစ်ရပ်အဖွဲ့များ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် နအဖ၏ နောက်ဆုံးသတ်
မှတ်ရက်ဖြစ်သည့် ယနေ့တွင် နအဖတပ်များက ယခုကဲ့သို့ စစ်ရေးပြခြိမ်းခြောက်မှုများ
ပြုလုပ်ခြင်းဖြစ်သည်ဟု ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှ အဆိုပါတပ်မှူးက ပြောသည်။



အဖွဲ့၏ဥက္ကဋ္ဌ စောဌေးမောင်အပါအ၀င် တပ်ဖွဲ့ဝင်အများစုမှာ ယမန်နေ့မှ စတင်ကာ
၎င်းတို့၏ ယခင်တပ်စခန်းဟောင်းရှိရာ ထိုင်းနယ်စပ်သို့ ပြန်လည်ဆုတ်ခွာသွားပြီဟု
သိရသည်။

ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့က နယ်ခြားစောင့်တပ် အသွင်ပြောင်းမည့်ကိစ္စကို
လက်မခံနိုင်ကြောင်း ယခုလ (၂၂) ရက်တွင် နအဖ စစ်ဖက်ရေးရာအရာရှိချုပ်
ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်ထံ စာပေးပို့ခဲ့သည်။

အဆိုပါစာထဲတွင် အသွင်ပြောင်းမည့်ကိစ္စ လက်မခံနိုင်သည့် အကြောင်းများကို
အသေးစိတ်ရေးသားထားပြီး ကရင်အမျိုးသားထုအတွင်း စစ်မှန်သည့်ငြိမ်းချမ်းရေး
တည်ဆောက်၍မရဘဲ အချင်းချင်းတိုက်ခိုက် သတ်ဖြတ်နေမှုများသည် နအဖစစ်
အုပ်စု၏ သပ်လျှိုဖြိုခွဲမှုများကြောင့်ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် နယ်ခြားစောင့်
တပ်ဖြစ်စေ၊ ဌာနေပြည်သူ့စစ် တပ်ဖွဲ့ဖြစ်စေ၊ မည်သည့်အသွင်ပြောင်းလဲမှုကိုမှ
လက်ခံမည်မဟုတ်ကြောင်း ဖော်ပြထားသည်။

နအဖဘက်မှမူ သတ်မှတ်ရက်အတွင်း အသွင်ပြောင်းရမည်ဖြစ်ပြီး လက်နက်များကို
အပ်နှံရမည်ဖြစ်ကြောင်း၊ အမိန့်မလိုက်နာသည့် အဖွဲ့များသည် မတရားအသင်းအဖြစ်
သတ်မှတ်ခံရမည်ဖြစ်ကြောင်း၊ ကျေနပ်မှုမရှိပါက ယခင်လာ လမ်းအတိုင်း ပြန်သွား
နိုင်ကြောင်း အကြောင်းပြန်ခဲ့သည်ဟု သိရသည်။

နအဖဘက်မှ ဒေသတွင်း တပ်အင်အားများ ပိုမိုတိုးမြှင့်ကာ တပ်လှန့်ထားသဖြင့်

ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့နှင့် အချိန်မရွေး တိုက်ခိုက်မှုများ ဖြစ်ပွားနိုင်သည်ဟု ကေအန်အယ်လ်အေမှ တပ်မှူးတဦးက ပြောသည်။

မြ၀တီမြို့ခံတဦးက “ဒီနေ့ မြ၀တီမှာ အောက်ကစစ်တပ်တွေ တက်လာတာ အတော်များတယ်။
မြ၀တီ ခလရ (၂၇၅) နားက အမြောက်တပ်မှာလည်း (၁၂၀) အမြောက်နဲ့ အခြားလက်
နက်ကြီးတွေ ဆင်ထားတယ်။ အမြောက်တပ်ကလူတွေ ပြောတာကတော့ တပ်လှန့်ထားတယ်
တဲ့” ဟု ပြောသည်။

ဒီကေဘီအေမှ တပ်မှူးတဦးက “ဒီကေဘီအေဗဟိုက နယ်ခြားစောင့်တပ်လုပ်ဖို့ သဘော
တူလိုက်ပေမယ့် တပ်မဟာ (၅) က ဗိုလ်လားပွယ်တို့ရဲ့ တပ်ရင်း (၉၀၆) နဲ့ (၉၀၇)
ဆိုရင် လုံးဝလက်မခံဘူး။ ဒီကေဘီအေ (၅၅၅) တပ်မဟာကလည်း သူတို့ လုံးဝ လက်မ
ခံဘူးလို့ ပြောတယ်။ ဒီတပ်တွေရှိတဲ့ နေရာတွေမှာ အခြေအနေက မကောင်းတော့ဘူး။
မြ၀တီမြို့ရဲ့ တောင်ဘက် မိုင် (၂၀) လောက်မှာရှိတဲ့ တပ်မဟာ (၅) အနားမှာ မြန်မာ
စစ်တပ်တွေချထားပြီး ဒီကေဘီအေကော သူတို့ကော တောင်ကုန်းတွေမှာ လက်နက်ကြီးတွေ
ဆင်ထားကြပြီ။ ကြည့်ရတာ မကြာခင်မှာ သေနတ်ပေါက်ဖို့ရှိတယ်” ဟု ပြောသည်။

အဆိုပါဒေသအတွင်း စစ်ရေးတင်းမာမှုများကြောင့် ထိုင်းဘက်သို့ ရွာသားအချို့ ယနေ့စတင်
တိမ်းရှောင်လျက်ရှိပြီး ထိုင်းဘက်ခြမ်း နယ်စပ်မျဉ်းတလျှောက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ
တိုးမြှင့်ချထားသည်။


အမျိုးသားချင်း လက်ထပ်သူ လူမှုရေးအဖွဲ့မှ အထုတ်ခံရ


အမျိုးသား အချင်းချင်း လက်ထပ် ထားသည့် ကရင် တိုင်းရင်းသား အဆိုတော် တဦးကို ရန်ကုန် အခြေစိုက် Klo and Kweh ဖောင်ဒေးရှင်းက အဖွဲ့ဝင်အဖြစ်မှ မကြာသေးမီက ထုတ်ပယ်ပြီး အဖွဲ့၏ အခမ်းအနားများတွင် သီချင်းဆိုခွင့် ပိတ်ပင်လိုက်ကြောင်း သိရသည်။

အဆိုတော်၏ အမည်မှာ ယူရီ ဖြစ်ပြီး ထိုင်းအမျိုးသား တဦးနှင့် လွန်ခဲ့သည့် ၃ နှစ်ကပင်
လက်ထပ် ထားသည်ဟု သိရသည်။
“(Klo and Kweh အဖွဲ့က) စင်ပေါ်ကို ပေးမတက်ပါဘူး၊ လိင်တူ ချစ်သူ ဖြစ်လို့ သီချင်း
ပေးမဆို နိုင်ပါဘူး၊ ကရင်ထဲမှာ လိင်တူ ချစ်သူ မရှိပါဘူး ဆိုပြီးတော့ ကျနော့်ကို အခု
ထိုင်းမှာ လာလုပ်တဲ့ ဒီအဖွဲ့ရဲ့ ၉ နှစ်မြောက် အထိမ်း အမှတ်ပွဲက စပြီးတော့ ကြေညာ
လိုက်တာပါ"ဟု အဆိုတော် ယူရီက ဧရာဝတီကို ပြောသည်။


အဖွဲ့ကြီးက ထိုသို့ ပိတ်ပင် လိုက်သည့် အတွက် အလွန် ၀မ်းနည်းပြီး မိမိကိုယ်ကို
သတ်သေရန်ပင် စဉ်းစားမိခဲ့သည်ဟု ယူရီက ဆိုသည်။ ထုတ်ပယ်သည့် အကြောင်းနှင့်
ပတ်သက်ပြီး အဖွဲ့ ခေါင်းဆောင်များကို မေးမြန်း သော်လည်း ပြန်လည် ဖြေကြားခြင်း
မရှိဟု သူက ပြောပြသည်။

Klow and Kweh အဖွဲ့ကို အမေရိကန် ပြည်ထောင်စုရောက် ကရင်တိုင်းရင်းသား
များ၊ မြန်မာနိုင်ငံမှ ကရင် တိုင်းရင်းသားများက ၂၀၀၁ ခုနှစ်တွင် တည်ထောင်
ခဲ့သည်ဟု သိရသည်။ ယူရီသည် ထိုအဖွဲ့၏ ဂီတဆိုင်ရာ လုပ်ငန်း အဖွဲ့ ဖြစ်သော
Klo and Kweh Music Awards (KKMA)တွင် စတင် ဖွဲ့စည်းစဉ်ကပင်
ပါဝင် ဆောင်ရွက် ခဲ့သည်ဟု ဆိုသည်။

ဧရာဝတီက ထိုလုပ်ငန်း အဖွဲ့ သဘာပတိ Dr. Ya Ha Lay Lay La အား
ဆက်သွယ် မေးမြန်းသည့်အခါ အဆိုတော် ယူရီနှင့် ပတ်သက်ပြီး ပြောစရာ
မရှိဟူသော အဖြေကိုသာ ရရှိခဲ့သည်။

အဆိုတော် ယူရီသည် ကရင်သီချင်း စီးရီး ၂ ခွေ ထွက်ရှိထားသူ ဖြစ်သည်ဟု
သိရသည်။ ယခင်က အဲမန္တလေး လေကြောင်းလိုင်းတွင် လေယာဉ်မောင်အဖြစ်
၁၀ နှစ်ကြာ လုပ်ကိုင်ခဲ့ ဖူးသည်ဟု ဆိုသည်။

ယူရီသည် ၂၀၀၅ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့သည်။ မကြာမီမှာပင် နှစ်ဘက်
မိဘများကို အသိပေးပြီး ထိုင်းအမျိုးသား တဦးနှင့် လက်ထပ်၍ လက်ရှိ ထိုင်းနိုင်ငံ
တွင်ပင် နေထိုင်လျက် ရှိသည်။

လိင်တူခြင်း ထိမ်းမြားမှုကို မြန်မာပြည် အပါအ၀င် နိုင်ငံ အများအပြားတွင် ပိတ်ပင်
ထားသည်။ လက်ထပ်ခွင့် ရရေးအတွက် လှုံ့ဆော်မှုများ ရှိသော်လည်း အောင်မြင်မှု
အနည်းအကျဉ်းသာ ရသဖြင့် အမျိုးသမီးချင်း၊ အမျိုးသားချင်း တရားဝင် လက်ထပ်
နိုင်မှုကို နိုင်ငံအနည်းငယ် တွင်သာ တွေ့နိုင်သည်။

အမျိုးသားချင်း လက်ထပ်ထားသူ အဆိုတော် ယူရီ၏ အခြေအနေကို စာနာသည်ဟု
မိန်းမလျာ (လိင်တူ ချစ်သူ) များအကြောင်း အထူးပြုလေ့လာ ရေးသားဖူးသည့်
နာမည်ကျော် စာရေးဆရာမ နုနုရည် (အင်းဝ) က ဆိုသည်။

"သူတို့က မိန်းကလေးစိတ်၊ မိန်းမ အတွေးအခေါ်ပဲ ဖြစ်နေတယ်လေ၊ သူတို့ကို
ပြောင်းလဲလို့မှ မရတာ၊ အဲ့ဒီလို မရတဲ့ အတွက် မိန်းမတယောက် အနေနဲ့ သူတို့ကို
လက်ထပ်ဖို့ အထိ လူ့ အသိုင်းအ၀ိုင်းက ခွင့်ပြုမယ်၊ အားလုံး ကလည်း အဆင်ပြေမယ်
ဆိုရင် သူတို့အတွက် ကောင်းတာပေါ့”ဟု နုနုရည် (အင်းဝ) က ဧရာဝတီကို
ပြောသည်။

ယူရီ ကဲ့သို့သော အမျိုးသားများကို “မိန်းမလျာ” ဟု အများက ခေါ်ကြသည်။
သို့သော်လည်း ၎င်းတို့ကမူ “လိင်တူချစ်သူ” ဟူသော ဝေါဟာရကို ပိုမို နှစ်သက်သည်ဟု သိရသည်။

သာမန် အမျိုးသားများ အဖြစ် ပြောင်းလဲ နေထိုင်ရန် မဖြစ်နိုင်ကြောင်း သိရှိကြ
သောကြောင့် မိန်းမလျာများသည် ယနေ့ခေတ်တွင် ၎င်းတို့၏ အခြေအနေမှန်ကို
သတ္တိရှိရှိ ထုတ်ဖော် လာကြသည်ဟု စာရေးဆရာမ နုနုရည် (အင်းဝ) က ပြောသည်။

“လူတွေရဲ့ အမြင်တွေက မပြောင်းလဲပေမယ့် သူတို့က သတ္တိ ပိုကောင်း လာတယ်၊
အရင်ကဆိုရင် ပတ်ဝန်းကျင်က ၀ိုင်းနှိမ်ကြတော့ ဒါကို ကြောက်ပြီး မဖော်ရဲဘူးလေ၊
ပုန်းနေ တဲ့ဘ၀နဲ့ပဲ တသက်လုံး သွားတဲ့ သူတွေ ရှိတယ်”ဟု စာရေး ဆရာမက
ရှင်းပြသည်။

“တကယ်တော့ ဒါက ဟော်မုန်း ပြောင်းလဲ ခြင်းကြောင့် ဖြစ်လာတဲ့ အတွက် နားလည်မှု
ပေးနိုင်ရင် ကောင်းတယ်၊ ဒါကို အပြစ်ကြီး တခုလို သဘောထားပြီး ဆက်ဆံမယ် ဆိုရင်
တော့ မကောင်းပါဘူး” ဟု နုနုရည် (အင်းဝ) က ဆက်ပြောသည်။

မိန်းမလျာများသည် AIDS ရောဂါ ပျံ့ပွားစေသူများ ဖြစ်သောကြောင့် လူ့အသိုင်း အ၀ိုင်း
တွင် မရှိသင့်သူများဖြစ်သည်ဟု ယူဆနေ သူများကိုပင် တွေ့ဖူးကြောင်း HIV/AIDS
ဝေဒနာရှင်များကို ကူညီပြီး ပညာပေးလုပ်ငန်း လုပ်ဆောင်နေသော ရန်ကုန်မြို့မှ မဖြူဖြူ
သင်းက ပြောသည်။

“ဒီလိုလူတွေကို မရှိသင့်ဘူးလို့ ပြောနေမယ့်အစား ရှိလာပြီ ဆိုရင် ဘယ်လို လုပ်မလဲ
ဆိုတာ စဉ်းစားသင့်ပါတယ်၊ သူတို့ကို အသိ အမှတ်မပြုဘူး ဆိုရင် ဒါကို ခိုးကြောင်ခိုး
ဝှက် ဖြစ်နေဦးမှာပဲလေ၊ ဒီလို ရောဂါ ဆိုတာကလည်း ပွင့်လင်းမှုမရှိဘူး၊ နားလည်မှု
မရှိဘူး ဆိုရင် ပိုပြီး ပြန့်ပွားဖို့ပဲ ရှိမှာပဲ”ဟု မဖြူဖြူသင်းက ဧရာဝတီကို ပြောသည်။

အမျိုးသမီးသည် အမျိုးသားထက် နိမ့်ကျသည်ဟုပင် ယူဆတတ်ကြသည့် မြန်မာနိုင်ငံ
တွင် မိန်းမလျာများ အခွင့်အရေး ရရှိရန် ခက်ခဲဦးမည်ဟုလည်း သူက ပြောဆိုသည်။

လူမှုပတ်ဝန်းကျင်တွင် ဆိုးဝါးစွာ ဖယ်ကြဉ်ခံထားရသော မိန်းမလျာများအပေါ် လူအများ၏
အမြင်သည် အနည်းငယ်သာ ပြောင်းလဲ လာသည်ဟု ရန်ကုန်မြို့မှ လူငယ်တဦးဖြစ်သူ
ကိုခိုင်မာက ဧရာဝတီကို ပြောသည်။

“အခုဆိုရင် သူတို့နဲ့အတူ လက်ဖက်ရည်ဆိုင် တွဲထိုင်မယ်၊ ဆံပင်ပုံစံ ပြင်ချင်ရင် သူတို့ဆီမှာ
သွားပြင်မယ်၊ ဒီလိုတွေ လူငယ် ယောကျာ်းလေးတွေ ကြားထဲမှာ ရှိလာတယ်၊ ဒါပေမယ့်
လိင်တူချစ်သူအဖြစ် ခံယူထားတဲ့သူ အတွက်တော့ အကန့်အသတ်တွေ အများကြီး ရှိနေပါ
သေးတယ်"ဟု ကိုခိုင်မာက ပြောသည်။

မိန်းမလျာ အလှပြိုင်ပွဲများကို ယမန်နှစ်က ရန်ကုန်နှင့် မန္တလေးတို့တွင် ခမ်းခမ်း နားနား
ကျင်းပနိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ကျင်းပခွင့်ရရန် မသေချာတော့ကြောင်း သိရသည်။

မိန်းမလျာများသည် အတတ်ပညာတခု တတ်မြောက်မှသာ လူအများက ထိုအတတ်ပညာကို
အသုံးပြုရန်အတွက် နေရာပေး ဆက်ဆံတတ်ကြသည်ဟု စာရေးဆရာမ နုနုရည်(အင်းဝ)
က ပြောဆိုသည်။

ဧရာဝတီမှ ကူးယူဖော်ပြသည်။

Wednesday, April 28, 2010

သြစတြေးလျ ကရင်အမျိုးသား အစည်းအရုံး (AKO)၏သဘောထားကြေညာချက်

သြစတြေးလျ ကရင်အမျိုးသား အစည်းအရုံး (AKO)၏သဘောထားကြေညာချက်
AKO Statement April 2010

Tuesday, April 27, 2010

မြန်မာစစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် KNU/ KNLA ငြိမ်းချမ်းရေး ကောင်စီမှ တုံ့ပြန်ချက် (အပိုင်း၁)

Bo Htin Maung

KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ မြန်မာစစ်အစိုးရထံ ပေးပို့သည့် ထုတ်ပြန်ကြေညာချက်

KNU

Monday, April 26, 2010

ဒီကေဘီအေနှင့် နအဖ တင်းမာမှုဖြစ်

ဧပြီလ ၂၆ရက်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ဖလူးကျေးရွာအနီးတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ တော်(ဒီကေဘီအေ)နှင့် နအဖ တပ်ဖွဲ့ဝင်များ ယနေ့မနက်ပိုင်းတွင် တင်းမာမှု အနည်းငယ်ဖြစ်ပွားခဲ့သည်ဟု သိရသည်။

နအဖ အမှတ်(၉) စစ်ကွပ်ကဲရေးဌာနချုပ် လက်အောက်ခံ ခလရ(၁၀၆)တပ်ဖွဲ့သည် အဆိုပါကျေးရွာသားများအား သေနတ် ဖြင့် လာရောက်ခြိမ်းခြောက်မှုများ ပြုလုပ်သည့်အပေါ် ဒီကေဘီအေနှင့် နအဖတပ်များ ပစ်ခတ်မှုဖြစ်လုနီးပါး တင်းမာသွားခဲ့ သည်ဟု တပ်မဟာ(၅)မှူး ဗိုလ်မှူးကြီးစောလားပွယ်(နှုတ်ခမ်းမွှေး)က ကေအိုင်စီကို ယခုလို ပြောသည်။


“ဒီနေ့မနက် ၈နာရီခွဲလောက်မှာ နအဖတပ်တွေက ရွာထဲဝင်လာပြီး ရွာသားတွေကို သေနတ်နဲ့လာပြီး ချိန်တာတွေ ဘာတွေ လုပ်တယ်။ ဒါမျိုးလုပ်တာ ကျနော်တို့ မကြိုက်ဘူး။ ဖလူးကြီးနဲ့ ဖလူးလေးရွာကြားက မေတ္တာလမ်းမတံတားနားမှာ ကျနော်တို့ တပ်နဲ့ နအဖတပ်နဲ့ အခြေအနေ တင်းမာမှုနည်းနည်းဖြစ်သွားတယ်”ဟု ဆိုသည်။

ယင်းဖြစ်ပွားမှုမှာ ပစ်ခတ်မှုအထိ မရှိခဲ့သော်လည်း နအဖ တပ်ဖက်မှ ဖုန်းဆက်တောင်းပန်ခဲ့ကြောင်းနှင့် လက်ရှိအချိန်တွင် တဖက်နှင့်တဖက် မကျူးကျော်ကြရန် သတိပေး ပြောဆိုထားခဲ့ကြသည်ဟု သိရသည်။

ထိုအခြေအနေနှင့် ပတ်သက်၍ အမည်မဖော်လိုသူ ရွာသားတဦးက “ကျနော် သိသလောက် နအဖဟာ နယ်ခြားစောင့်တပ်အ တွက် ဒီကေဘီအေကို ၂၄ရက်နေ့က လက်နက်အပ်ခိုင်းတာ မအပ်လို့ သိပ်မကျေနပ်ဘူး။ ခုအခြေအနေက သူတို့တွေ တဖက် နဲ့တဖက် အလစ်မပေးဘဲ စောင့်ကြည့်နေကြတဲ့ အနေအထားမှာရှိတယ်”ဟု ပြောသည်။

ပြီးခဲ့သည့် ၂၄ရက်နေ့က ဒီကေဘီအေတပ်များ နယ်ခြားစောင့်တပ်အဖြစ် နအဖတပ်ထံ လက်နက်အပ်နှံမည်ဟု ကြားသိရ သော်လည်း တပ်မဟာ(၉၉၉)မှ တပ်ရင်းမှူးတဦးက ၎င်းတို့အနေဖြင့် တပ်အင်အားစာရင်းကို ထိုနေ့တွင်ပင် အထက်သို့ ပို့ ဆောင်လိုက်ပြီဟု ပြောဆိုခဲ့သည်။

ယခုလ ၂၂ရက်နေ့က ဒီကေဘီအေ ဌာနချုပ်တည်ရှိရာ မြိုင်ကြီးငူရှိ ရွှေဂွန်းကျေးရွာအနီးတွင် နအဖတပ်များနှင့် ဒီကေဘီအေ တပ်များ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နအဖဘက်မှ လူမှား၍ ပစ်ခတ်မိခြင်းဖြစ်ကြောင်း အကြောင်းပြပြောဆိုခဲ့သည်ဟု ကြားသိခဲ့ရ သော်လည်း အတည်ပြုချက် မရရှိခဲ့ပေ။

ယင်းသို့ နအဖ တပ်များ၏ လူထုအပေါ် ပြုမူမှုများသည် နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးနှင့် သက်ဆိုင်နိုင်သည်ဟု ခန့် မှန်းရပြီး အခြေအနေကြည့်ကာ လှုပ်ရှားရပ်တည်သွားရမည်ဟု ဗိုလ်မှူးကြီးစောလားပွယ်က ယခုလို ပြောဆိုသည်။

သူက “နအဖတွေ လူထုကို ဒီလိုလုပ်တာဟာ နယ်ခြားစောင့်တပ်ကိစ္စနဲ့လည်း ဆိုင်နိုင်တယ်။ သူတို့ အေးအေးဆေးဆေးလုပ် ရင် ကျနော်တို့လည်း အေးအေးဆေးဆေးပဲ။ ၂၈ရက်နေ့ကျရင်တော့ စောင့်ကြည့်ရမှာပေါ့”ဟု ပြောသည်။

နအဖ စစ်အစိုးရသည် လာမည့် ဧပြီ ၂၈ရက်နေ့တွင် တိုင်းရင်းသားအပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ်အဖြစ် အပြီး ပြောင်းလဲရမည်ဟု သတ်မှတ်ညွှန်ကြားထားခဲ့သည်။

ထော့မဲပါ၏သားမောင်များ

ဓါတ်ပုံ-(ကေအိုင်စီ)

ထော့မဲပါ၏သားမောင်များ

ကောင်းကင်စိတ်ထားနဲ့မောင်
နွေခေါင်ခေါင် ခရီးရှည်တွေ
ရေဖောင်ဖောင်မှာလည်း မနားတမ်း
တာဝန်တွေ ထမ်းခဲ့တာ
ခြောက်ဆယ်မှာ(၁)နှစ်စွန်းခဲ့ပြီဘဲ။

မြေကမ္ဘာလိုကျင့်တဲ့မောင်
သင့်ကျောပြောင် သူနင်းသွားလည်း
မငြူစူ မညည်းတွား
မုန်းများလဲ မပွားခဲ့ မထားခဲ့သူ
နှလုံးသားအလှနဲ့ယူခဲ့ပြီ။

ကျောက်ရုပ်တွေမဟုတ်တဲ့မောင်
ကျောက်ဆောင်လိုသူမာကျောခဲ့
နောက်လှည့်ရန် အလျဉ်းမတွေး
အဆင်းလေးတွေ ဘီးတပ်မလိုက်ခဲ့သူ
မူသစ္စာသွေးဂတိပြုရင်း
တစ်လှမ်းချင်း တစ်လှမ်းချင်း ချီလာခဲ့ကြတယ်။

အမှန်တရားမှာ
စံထားကာပွဲဝင်လာသည်
ရှည်ကြာဆုံး ခိုင်ခံဆုံး
သင်ဟာနှံန်ုး(၁၀၀)အပြည့်နဲ့
လမ်းဆုံးမှာ ပန်းတိုင်ဆွတ်ခူးမဲ့ လူသားတွေလေ
ရေရှည်ကိုအမှန် ဂရုပြုကြတယ်
ထော့မဲပါရဲ့သားမောင်များပေမို့။
(လင်္ကာဒီပ)


မှတ်ချက် ။ ။ ကရင်အမျိုးသားများအတွက် စောဘဦးကြီးမူကို လက်ကိုင်ထားပြီး
အသက်ကို ပဓာနမထားဘဲ တော်လှန်ရေး လမ်း ပေါ်တွင် အားသွန်ခွန်စိုက် လျောက်နေ
ကြသော ရဲရင့် မြင့်မြတ်သူ ကရင့်တပ်မတော်သားများကို (၂၀၁၀)ခုနှစ် ဇူလိုင်လ
(၅)ရက်နေ့တွင်ကျရောက်မည့် “ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နေ့ ” ကို
ဤကဗျာလေးဖြင့် ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။

သြစတြေးလျ ကရင်အမျိုးသား အစည်းအရုံး (AKO)၏သဘောထားကြေညာချက်

သြစတြေးလျ ကရင်အမျိုးသား အစည်းအရုံး (AKO)မှ (၂၀၁၀)ရွေးကောက်ပွဲသို့  ၀င်ရောက်
ယဉ်ပြိုင်မည့် ကရင်ပါတီများ ကရင်အမျိုးသားအလံတော်ကို ပါတီအလံအဖြစ် အသုံးပြုမှုကို
ဆန့် ကျင်
AKO Statement (April_2010)[1]

Sunday, April 25, 2010

ရွှေလက်တွဲမြဲနိုင်ဖို့ဆိုတာ လူမှန်မူမှန်မှဖြစ်မယ်။

ရွှေလက်တွဲမြဲနိုင်ဖို့ဆိုတာ လူမှန်မူမှန်မှဖြစ်မယ်။
ငြိမ်း/ကောင်စီ ဗိုလ်ချူပ် စောထိန်မောင်မှ နအဖ ဗိုလ်ချူပ်ရဲမြင့်တို့အား MRTVရုပ်သံတွင်
မြင်တွေ့ရစဉ်က


စာဖတ်ပရိတ်သတ်များခင်ဗျာ......
နအဖ စစ်ထောက်လှမ်းရေးချူပ် ဗိုလ်ချူပ်ရဲမြင့်ထံသို့ လိပ်မူပြီး KNU/KNLA ငြိမ်း/ကောင်စီ
မှ ဗိုလ်ချူပ်စောထိန်မောင် ပေးပို့ သောစာ မိတ္တူကို အများပြည်သူ သိရှိစေရန်တင်ပြပေး
လိုက်ပါသည်။ အဆိုပါ ဗိုလ်ချူပ်ရဲမြင့် ထံသို့ ပေးပို့ သောစာသည် ယခုလ ဧပြီ ၂၂ ရက်
နေ့ တွင် BGF နယ်ခြားစောင့်တပ်ကိစ္စနှင့် စပ်လျဉ်း၍ နောက်ဆုံးနေ့ အဖြစ်သတ်မှတ်ထား
သော နအဖ စစ်အစိုးရ၏ ရာဇာသံပေးမှုကို တုံပြန်လိုက်သော ပြတ်သားသည့် ပေးစာတစ်
စောင်ဖြစ်ပါသည်။

KNU တပ်မဟာ(၇)မှူးဟောင်းတစ်ဦးဖြစ်သော ဗိုလ်ချူပ်စောထိန်မောင် သည် ယခုအချိန်တွင်
နအဖ ဗမာစစ်အစိုးရ၏ လည့်ဖျားမှုများကို တဖြည်းဖြည်းသဘောပေါက်လာပုံရနေပါသည်။
ဗိုလ်ချူပ်ရဲမြင့်ကို လည်း ကတိမတည်သူ လူလိမ်အဖြစ် မေးခွန်းများ ထုတ်ထားပါသည်။

စာပါအကြောင်းအရာများတွင် နအဖတပ်မတော်မှ ၄င်းတို့အပေါ်တောင်းဆိုထားသော အချက်
များကို ငြိမ်းချမ်းရေးကောင်စိ ဗိုလ်ချုပ် စောထိန်မောင်နှင့်၎င်းတို့အဖွဲ့မှ ပြန်လည်တုံ့ပြန်ရေး
သားထားချက်များဖြစ်သည်။ ဗိုလ်ချူပ် ရဲမြင့်ထံသို့ ပေးစာကို ပေးပို့ လာသော အမည်မဖေါ်
လိုသူ မိတ်ဆွေအား အထူးကျေးဇူးတင်ပါကြောင်း၊ သောသီခိုအဖွဲ့ သားများနှင့် စောကျော်ခွီးမှ
ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

KNU/KNLA PEACE COUNCIL’s Response to 22nd April Deadline of Merger with Burma Army:

Letter_to_Lt_Gen_Ye_Myit__2__3_Fin -

သောသီခိုဘလော့မှ ထပ်ဆင့် ကူးယူဖော်ပြသည်။

အာဏာရှင်လက်က ရုန်းထွက်ဘို့ အလားအလာအကောင်းဆုံးအချိန်

VOA 24 April 2010

အာဏာရှင်အောက်က ရုန်းထွက်ဖို့ အလားအလာ အကောင်းဆုံးအချိန်

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်က ရီပါပလစ်ကန် ကွန်ဂရက်စ်လွှတ
်တော်အမတ် ဒေနာ ရိုရာဘာကာ (Dana Rohrabacher) က အခုအချိန်ဟာ မြန်မာ
ပြည်သူတွေ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားတွေနဲ့ မျိုးချစ် တပ်မတော်သားတွေ
ညီညီညွတ်ညွတ်နဲ့ စစ်အာဏာရှင်စနစ်အောက်ကနေ ရုန်းထွက်ဖို့ အကောင်းဆုံး အချိန်ဖြစ်
တယ်လို့ ပြောကြားလိုက်ပါတယ်။


မြန်မာအရေးနဲ့ပတ်သက်ပြီးတော့ ကွန်ဂရက်စ်လွှတ်တော်မှာ သူပြောကြားတဲ့မိန့်ခန်းနဲ့ပတ်
သက်ပြီး ဗွီအိုအေ မြန်မာပိုင်းက ဆက်သွယ်မေးမြန်းချက်ကို ဖြေကြားရာမှာ သူက အခုလို
ပြောကြားသွားတာဖြစ်ပါတယ်။ အထက်က ပြောကြားခဲ့သလိုပဲ မြန်မာပြည်သူတွေ၊ ဒီမိုက
ရေစီအင်အားစုတွေနဲ့ မျိုးချစ်တပ်မတော်သားတွေ ပူးပေါင်းကြရင် လျှပ်တပြတ်အတွင်းမှာ
အောင်မြင်မယ်လို့ မစ္စတာ ရိုရာဘာကာ က ဆိုထားတဲ့အတွက် ဒါဟာ အပြောလွယ်သ
လောက် လုပ်ရခက်မယ့်ကိစ္စ၊ "easier said than done" ဖြစ်မနေဘူးလား ဆိုတဲ့
ဗွီအိုအေ မြန်မာပိုင်းရဲ့ အမေးကိုတော့ သူက အခုလို စပြီးတောဖြေပါတယ်။

"ကျနော့်အနေနဲ့ အမေရိကန်နိုင်ငံခြားရေး မူဝါဒချမှတ်ရာမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်
လာခဲ့ပြီး မြန်မာ့အရေးကို မြန်မာပြည်သူတွေရဲ့ အကျပ်အတည်းကို သတိထားစောင့်ကြည့်
လာခဲ့တဲ့ ၂၁ နှစ်အတွင်းမှာ အခုချိန်ဟာ မြန်မာပြည်သူတွေ သူတို့ကိုယ်သူတို့ လွတ်မြောက်
အောင်လုပ်ဖို့၊ အာဏာရှင်စနစ်အောက်က လွတ်မြောက်အောင်လုပ်ဖို့အတွက်ရော၊ တရုတ်တို့ရဲ့
ကျွန်အဖြစ် ကျရောက်နိုင်တဲ့ အန္တရာယ်က လွတ်မြောက်အောင် လုပ်ဖို့အတွက်ပါ အခွင့်
အလမ်း အကောင်းဆုံး အချိန် ဖြစ်ပါတယ်။"

အခုချိန်ဟာ အခွင့်အသာဆုံးလို့ဆိုရလောက်အောင် အရင်ကနဲ့ ဘာများကွာခြားနေလို့လဲ
ဆိုတဲ့မေးခွန်းကိုတော့ လွှတ်တော်အမတ် ဒေနာရိုရာဘာကာ က အခုလို ဖြေကြားသွားပြန်
ပါတယ်။

"ကျနော်တို့ဟာ အခု ပွင့်နေတဲ့တံခါးဝတခုကို ရောက်ရှိနေပါတယ်။ မင်းဆိုးမင်းညစ်စနစ်ကို
ဆန့်ကျင်တဲ့ မြန်မာပြည်က အဖွဲ့အစည်းအမျိုးမျိုးတို့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား
သူတွေ ဦးဆောင်တဲ့မြန်မာတွေ တိုင်းရင်းသားအုပ်စုတွေဟာ စည်းစည်းလုံးလုံး ညီညီညွတ
်ညွတ်နဲ့ ပူးပေါင်းဆောင်ရွက်ရမယ့်အချိန်ပါ။ ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခဟာ အခုလောက်
ဘယ်တုန်းကမှ မဆိုးခဲ့ပါဘူး။ စစ်တပ်အတွင်းမှာရှိတဲ့ မျိုးချစ်တပ်မတော်သားတွေအနေနဲ့
လည်း ချစားပျက်စီးနေတဲ့ အစိုးရ၊ တရုတ်လို ပြည်ပနိုင်ငံမျိုးရဲ့ လက်အောက်ခံလုပ်ချင်နေ
တဲ့ အစိုးရရဲ့ စစ်တပ်ဖြစ်နေတာထက် လူထုရဲ့ ချစ်ခင်လေးစားမှုကို ရရှိတဲ့ ပြည်သူ့ဝန်ထမ်း
တပ်မတော်ဖြစ်မြောက်ရေးကို လိုလားတောင့်တနေကြပါတယ်။"

အမေရိကန်အောက်လွှတ်တော်အမတ် ဒေနာရိုရာ ဘာကာ ပြောသွားတာဖြစ်ပါတယ်။ ဒီဆက်
သွယ်မေးမြန်းချက် အပြည့်စုံကို ဗုဒ္ဓဟူးနေ့မှာတင်ဆက်ပေးမယ့် မြန်မာ့အရေးသုံးသပ်ချက်
အစီအစဉ်မှာ ဆက်ပြီးနားဆင်နိုင်ပါတယ်။

Tuesday, April 20, 2010

တိုက်ပွဲခေါ်သံ

တိုက်ပွဲခေါ်သံ

ဓါတ်ပုံ (ကေအိုင်စီ)


ရဲဘော်……..
ဇွဲကောင်းလိုက်ကြတာ
မွန်ဂို သဲချောင်းကလာကြတယ်
နယ်မြေတွေ ရေကြည်ရာမြက်နုရာ
ရှာဖွေ လာလမ်းတလျောက်
သံပေါက် ကဗျာများထားခဲ့ကြတယ်
ဇွဲကပင်တောင်က သက်သေပေါ့ကွယ်။

ရဲဘော်……..
ကိုးမြစ်ဝှမ်းဆင်း၊ သံလွင်မင်းအပြင်
တနင်္သာ၊ ဧရာ
ဥဿာပဲခူး(ဂိုး)၊ ဒီစည်းရိုးဟာ
ကိုးဒီသွေးများကမ္ဘာ
ဒီမြေနေရာ တို့သာသခင်
အမှန်မြင်တတ်ကြစေ။

ရဲဘော်……..
မတရားတဲ့ ပဒေသရာဇ်
မတရားတဲ့အခြေအမြစ်မဲ့တွေ
မတရားတဲ့ မဟာရူးတွေကြောင့်
သမိုင်းနှောင့်သမိုင်းပျောက်
မီးတောက်တွေ ဝေနေကြတုန်း။

ရဲဘော်……..
ငါတို့မရိုင်းဘူး မရိုင်းဘူး
သမိုင်းအရပြောတာပါ။
ခေတ်အဆက်ဆက် တုံ့မပြန်ခဲ့
ခေတ်အဆက်ဆက် ငုံ့ခံခဲ့ကြတာ
စာနာမှု ရှေ့တန်းတင်
ညှာတာမှု ရှေ့တန်းတင်
ညီအစ်ကိုပင် သဘောထားခဲ့ကြလည်း။

ရဲဘော်……..
စုတ်လေ စုတ်လေ ငတ်မပြေ
ဖုတ်တစ္ဆေအာဏာရူးများ
လူပါးဝ နအဖငမိုက်ငပေ
အမြင်မှန်တွေဆိုက်စေဖို့
သခင်ခြံတဝိုက် ကရင်အလံပြန်စိုက်မယ်။
သခင်ခြံတဝိုက် ကရင်အလံပြန်စိုက်မယ်။
သခင်ခြံတဝိုက် ကရင်အလံပြန်စိုက်မယ်။

(လင်္ကာဒီပ)



မှတ်ချက်။ ။ မှန်ကန်သော ကရင့်သမိုင်း၊ ပျောက်လုနီးပါး ကျန်နေသေးသော သမိုင်းအချက်အလက်အချို့ကို ပြန်လည်သိမ်းဆည်းရင်း ကရင်တမျိုးသားလုံး၏ ဘဝ ရပ်တည်မှုတွေအတွက် သက်စွန့်ဆံဖျားကြိုးစား တာဝန်ထမ်းဆောင်နေကြသော တော၊ တောင၊် အတွင်း၊ အပြင် အရပ်ရပ်မှ ကရင့်တော်လှန်ရေးသမားများအား ဤကဗျာလေးဖြင့် ချီးကျူးဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။

Monday, April 19, 2010

ကရင်အမျိုးသားအလံကို ပါတီအလံအဖြစ် UKL သတ်မှတ်မှုအပေါ် ကန့်ကွက်မှုများရှိ

ဧပြီလ ၁၉ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ပြည်ထောင်စု ကရင်အမျိုးသားများအဖွဲ့ချုပ် (United Karen League-UKL) ပါတီက ကရင်အမျိုးသားအလံတော်ကို ပါတီ အလံအဖြစ် အသုံးပြုပြီး မှတ်ပုံတင်လျှောက်ခဲ့ခြင်းအပေါ် ပြည်တွင်းပြည်ပရှိ ကရင်ပြည်သူများအတွင်း ကန့်ကွက်မှုများ ရှိခဲ့ကြ သည်။



UKL သည် ပါတီ၏ အလံအဖြစ် ကရင်အမျိုးသားအလံတော်နှင့် ပါတီတံဆိပ်ကို တပါတည်း ထည့်သွင်းကာ ဧပြီလ ၈ရက်နေ့ တွင် နိုင်ငံရေးပါတီ မှတ်ပုံတင်လျှောက်ခဲ့သည့်အပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပါတီအမည်၊ အလံနှင့် တံဆိပ် တို့ကို ကန့်ကွက်လိုက (၇)ရက်အတွင်း ခိုင်လုံသော အထောက်အထားများဖြင့် လာရောက်ကန့်ကွက်နိုင်ပါကြောင်း နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများ ၁၄(ဃ)အရ ဧပြီလ ၁၀ရက်နေ့တွင် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာတို့၌ ကြေ ညာခဲ့သည်။


ထိုကြေညာချက်ပါ သတ်မှတ်ရက်အတွင်း UKL ပါတီအလံအဖြစ် ကရင်အမျိုးသားအလံကို အသုံးပြုခြင်းအား ကန့်ကွက် ကြောင်း ကရင်နှစ်သစ်ကူးကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်)၏ အတွင်းရေးမှူးကိုယ်တိုင် ယခုလ (၁၆) ရက်နေ့တွင် နေပြည်တော်ရှိ ရွေးကောက်ပွဲကော်မရှင်သို့ သွားရောက်အသိပေးကန့်ကွက်ခဲ့သည်ဟု ကရင်နှစ်သစ်ကူးဗဟိုကော်မတီနှင့် နီးစပ်သူတဦးက ကေအိုင်စီကို ပြောသည်။

၎င်းက “UKL ပါတီက ကရင်အမျိုးသားအလံကို ပါတီအလံအဖြစ် အသုံးပြုမယ်ဆိုတဲ့အကြောင်း ဒီလ ၁၀ရက်နေ့မှာ သတင်း စာထဲမှာပါလာတယ်။ အဲဒါကို ကရင့်နှစ်သစ်ကူး ကျင်းပရေးဗဟိုကော်မတီဝင်က (၇)ရက်အတွင်း ကန့်ကွက်တဲ့အနေနဲ့ ကော် မတီ အတွင်းရေးမှူးစောလှထွန်း ကိုယ်တိုင် ဧပြီလ ၁၆ရက်နေ့က နေပြည်တော်မှာ ကန့်ကွက်စာ သွားတင်တယ်။ ရွေးကောက် ပွဲကော်မရှင်ကလည်း ဒါကို လက်ခံထားလိုက်ပြီး တမျိုးသားလုံးရဲ့အလံ ဖြစ်ပါကြောင်း ခိုင်လုံတဲ့ အထောက်အထား တင်ပြပေး ဖို့ ပြန်လည်တောင်းဆိုထားတဲ့ အနေအထားမှာ ရှိတယ်”ဟု ဆိုသည်။

UKL သည် ပါတီ၏ယခင်အလံ ရှိထားနှင့်သော်လည်း ယခုလို အမျိုးသားအလံကို ပြောင်းလဲအသုံးပြုခြင်းအပေါ် ကရင်ပြည်သူ အတော်များများက နားမလည်နိုင်ကြသလို လက်ရှိအသုံးပြုထားသည့် ပါတီတံဆိပ်မှာလည်း မဟာရန်ကုန်၊ ကရင်နှစ်သစ်ကူး ဗဟိုကော်မတီ၏ တံဆိပ်ဟောင်းသာဖြစ်ကြောင်း အဆိုပါ နီးစပ်သူက ထပ်မံပြောဆိုသည်။

အလားတူ ကရင်အမျိုးသားအစည်းအရုံး (KNU)ကလည်း ကရင်အမျိုးသားအလံကို ပါတီအလံအဖြစ် အသုံးပြုမှုအပေါ် ကန့် ကွက်သည့် ကြေညာချက်ကို ဧပြီလ ၁၆ရက်တွင်ပင် ထုတ်ပြန်ခဲ့ရာ အလံတော်သည် ကရင်တမျိုးသားလုံး၏ နေ့ထူးနေ့မြတ်နှင့် ကရင့်ရိုးရာယဉ်ကျေးမှုပွဲများ၌သာ သုံးခွင့်ရှိပြီး ယခုလို ပါတီအလံအဖြစ် အသုံးပြုခြင်းအားဖြင့် ကရင်လူထုအတွင်း အတွေးအ ခေါ် ကွဲပြားသွားနိုင်သည်ဟု KNU ဒုဥက္ကဌ စောဒေးဗစ်သကဘောက ယခုလို ပြောသည်။

“ကရင့်အမျိုးသားအလံတော်ဟာ အမျိုးသားတခုလုံးကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်း သို့မဟုတ်ရင်လည်း တမျိုးသားလုံးကို ကိုယ်စားပြုတဲ့အစိုးရ၊ အမျိုးသားရေး အခမ်းအနားနဲ့ နေ့ကြီးရက်ကြီးအပြင် သိက္ခာရှိတဲ့ အခမ်းအနားတွေမှာ သုံးပါတယ်။ ပါတီ ဆိုတာက တမျိုးသားလုံးကို ကိုယ်စားမပြုနိုင်ဘူး။ တစိတ်တပိုင်းလောက်သာ ကိုယ်စားပြုတာ ဖြစ်တယ်။ အခုဖွဲ့တဲ့ပါတီက နအဖက ခင်းကျင်းထားတဲ့ ရွေးကောက်ပွဲကိုဝင်မယ့် ပါတီဖြစ်တဲ့အတွက် မသုံးသင့်ဘူးဆိုပြီး ကန့်ကွက်တာဖြစ်တယ်”ဟု သူ က ဆိုသည်။

ထို့အပြင် ပြည်ပရှိ Karenunited ၀ိုင်းတော်သားများကလည်း စစ်အစိုးရသည် သံဃာတော်များကိုပင် သတ်ဖြတ်ရန် ၀န်မလေး သည့်အတွက် အနာဂတ်တွင် UKL ပါတီကို မတရားအသင်း ကြေညာလိုက်ပါက ကရင်အမျိုးသားအလံတော်သည် တရားမ၀င် အလံအဖြစ်သို့ ရောက်ရှိသွားနိုင်သည့်အတွက် ဧပြီလ ၁၃ရက်နေ့စွဲဖြင့် ကရင်အလံတော်အား UKL ပါတီအလံအဖြစ် မှတ်ပုံ တင်ခြင်းကို စတင်ကန့်ကွက်ခဲ့သည်။

အခြား သြစတြေးလျား၊ ဂျပန်၊ အမေရိကန်၊ ကိုရီးယား၊ မလေးရှားနိုင်ငံ အပါအ၀င် ပြည်ပရောက် ကရင်ပြည်သူများကလည်း ကရင်အမျိုးသားအလံတော်ကို ကာကွယ်ကြရန် အွန်လိုင်းပေါ်မှတဆင့် နှိုးဆော်ခဲ့ကြသည်။

UKL ပါတီသည် ၁၉၉၀ခုနှစ် ရွေးကောက်ပွဲတွင် ကရင်တိုင်းရင်းသား ကိုယ်စားပြုပါတီတခုအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော် လည်း လွှတ်တော်အမတ်တနေရာမှ မရရှိခဲ့ပေ။ ထိုအချိန်က ပါတီဥက္ကဌမှာ မန်းတင်အောင်သန်း၊ ဒုဥက္ကဌ စောသန်းအောင်၊ အထွေထွေ အတွင်းရေးမှူး မန်းမျိုးညွှန့်နှင့် တွဲဖက်အတွင်းရေးမှူးမှာ စောဂျူးတို့ဖြစ်သော်လည်း ယခု ပြန်လည်မှတ်ပုံတင် လျှောက်ရာတွင်မူ ကော်မတီဝင်အဟောင်းများ မပါရှိကြောင်း ၎င်းတို့နှင့် နီးစပ်သည့် အမည်မဖော်လိုသူ ရန်ကုန်မှ ကရင်အမျိုး သားတဦးက ပြောသည်။

ပြည်ထောင်စု ကရင်အမျိုးသားများ အဖွဲ့ချုပ်(UKL)၏ ပါတီရုံးချုပ်ကို ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ကရင်အမျိုးသားရပ် ကွက် အမှတ်(၁) စောတေလိန်းနှင့် ဦးလူနီလမ်းတွင် တည်ရှိပြီး စစ်အစိုးရ ကြီးမှူးကျင်းပမည့် ၂၀၁၀ရွေးကောက်ပွဲတွင် ၀င် ရောက်ယှဉ်ပြိုင်ရန် ကရင်ပြည်သူ့ပါတီ(KPP) အပါအ၀င် အခြား နိုင်ငံရေးပါတီ (၁၉)ပါတီနှင့်အတူ မှတ်ပုံတင်လျှောက်ထားပြီး ဖြစ်သည်။

၁၈၈၁ခုနှစ်က ဖွဲ့စည်းခဲ့သော ဒေါကလူအဖွဲ့ကြီးမှ ဦးဆောင်၍ ကရင်တမျိုးသားလုံးနှင့်သက်ဆိုင်သော (၁)ကရင်နှစ်သစ်ကူး နေ့ (၂)ကရင်အမျိုးသားသီချင်း (၃)ကရင်အမျိုးသားအလံတော်ကို ၁၉၃၆ခုနှစ်၌ သဘာပတိ ဆရာစံဘော်လက်ထက်တွင် လွှတ်တော်သို့ တင်သွင်းတောင်းဆိုခဲ့ပြီး ၁၉၃၇ခုနှစ်တွင် ဥပဒေမူကြမ်းအမှတ် ၂၆၊ ၁၉၃၇ဖြင့် ၎င်းတောင်းဆိုချက်ကို အတည် ပြု သတ်မှတ်ခဲ့သည်။

Saturday, April 17, 2010

ပြည်ထောင်စုကရင်အမျိုးသားအဖွဲ့ချုပ်(UKL) ထံသို့ ကရင်ကွန်မြူနတီအဖွဲ့  ယူကေ မှ ကရင်အမျိုးသားအလံတော်ကို ပါတီအလံအဖြစ် အသုံးပြုမည်ကိုကန့် ကွက်


FOR_UKL_PARTY -

KNU ကရင်အမျိုးသားအစည်းအရုံးမှ ၂၀၁၀ ရွေးကောက်ပွဲသို့  ၀င်ရောက်ယဉ်ပြိုင်မည့် ကရင်ပါတီများ ကရင်အမျိုးသားအလံတော်ကို ပါတီအလံအဖြစ် အသုံးပြုမှုကို ဆန့် ကျင်


KNU_statement_about_Karen_Flag -

Wednesday, April 14, 2010

ကရင်လူမျိုးတစ်ဦး၏အမြင်နှင့်သုံးသပ်ချက်

ရက်စွဲ။ ။ဧပြီလ (၁၅)ရက် (၂၀၁၀)ခုနှစ်
သတင်း-စောကျော်ခွီး


အကြောင်းအရာ။ ။ကရင်ပါတီနှစ်ခုမှ ကရင်အလံကို ၄င်းတို့၏ ပါတီအလံအဖြစ် အသုံးပြုပြီး ရွေး ကောက်ပွဲဝင်ရန် ပြင်ဆင်နေမှုအပေါ် ကရင်လူမျိုးတစ်ဦး၏သုံးသပ်ချက်

လေးစားအပ်ပါသော ကရင်ပြည်သူလူထုခင်ဗျား………

ကျနော်တို့ ကရင်လူမျိုးတို့၏တော်လှန်ရေးခရီးလမ်းတွင် သူ့လူ ကိုယ်ဖက်သား
လမ်းလွဲချော်သွားသော၊ မိမိကိုယ်ကို မိမိ ဗမာနအဖတို့၏ထောင်ချောက်ထဲသို့
ရောက်မှန်းမသိရောက်နေကြသော၊ ဘေးကြပ် နံကြပ် အကြပ်အတည်းကြားက
ကရင်ပြည်သူတို့၏ ဘဝကိုစာနာသယောင်နှင့် မိမိကိုယ်ကိုမိမိ ကယ်တင်ရှင်
ထလုပ်ရာမှ ကရင်တမျိုးသားလုံး၏ အပြစ်ပယ်ခံအဖြစ်ကိုရောက်ရှိသွားတတ်ကြသည့်
လွန်ခဲ့သော အနှစ်(၆၀)ကျော်က အဖြစ်အပျက်များသည် ယခုအခါတွင်
တကျော့ပြန်လည်လာပြီလောဟု ကျနော် တွေးနေမိပါသည်။


(၂၀၁၀)ခုနှစ် ဧပြီလ( ၁၀ )ရက်နေ့ထုတ် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာတွင
် ကြော်ညာထားသော “ကရင်ပါတီနှစ်ခုမှ ကရင်အလံကို ၄င်းတို့၏ ပါတီအလံအဖြစ်
အသုံးပြုပြီး (၂၀၁၀) ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးကောက်ပွဲကော
်မရှင်ထံ မှတ်ပုံတင်မှုအပေါ်ကန့်ကွက်လိုက (၇)ရက် တစ်ပတ်အတွင်း အချက်
အလက် အခိုင်အမာနှင့်ကော်မရှင်ထံအသိပေးကန့်ကွက်နိုင်သည်” ဟုဆိုသည့်
ပြည်တွင်းမှလာသော၊ မိတ်ဆွေ သူငယ်ချင်းများ ဆီမှလာသော သတင်းကိုဖတ်ရ၍
အင်မတန်မှ စိတ်မကောင်းဖြစ်မိပါသည်။ ဤကဲ့သို့ ကြော်ညာထားခြင်းသည်က
ကရင်တမျိုးသားလုံးတို့အပေါ်မရိုးသားမှုများနှင့် အကွက်ဆင်ဖန်တီးပြီး ထောင်ချောက်
ဆင်ထားခြင်းများသာဖြစ်ပေသည်။

ကရင်ပြည်သူများက ထိုပါတီနှစ်ခုမှ ကရင်အလံသုံးပြီး ပါတီမှတ်ပုံတင်ရန်
လျောက်ထား အရွေးခံမှုကို ရွေးကောက်ပွဲကော်မရှင်ထံ အသေအချာကန့်
ကွက်စာတင်ပါက (၂၀၁၀)ရွေးကောက်ပွဲကို ကျနော်တို့ကရင်ပြည်သူလူထုမှ
လက္ခံနေသယောင်ယောင် ယူဆခံရပေလိမ့်မည်။ ထို့အပြင် နအဖစစ်
အာဏာရှင်တို့၏ မတရားသော (၂၀၀၈)အခြေခံဥပဒေများကို၎င်း၊
ဗမာနအဖ စစ်အစိုးရကို၎င်း၊ ရွေးကောက်ပွဲကော်မရှင်ကို၎င်း၊ ရလဒ်များကို၎င်း
အသိအမှတ်ပြုရာကျသဖြင့ှ် ထိုအရာများကို ကျနော်တို့မှ သဘောတူနေ
သယောင်ယောင် ထင်မှတ်ခံရပေလိမ့်မည်။

သည့်အပြင် ကရင်တွေ အချင်းချင်း မညီမညွတ်ကွဲကြပြန်ပြီး။ တစ်ဦးနှင့်တစ်ဦး
ရန်လိုမုန်းထားစေကာ လူမျိုးရေးအဓိကရုဏ်းကို ဖန်တီးပေးနေသည့် နအဖ၏မျက်
လှည့်ကွက်ထဲသို့ အလိုလို ရောက်နေစေသဖြင့် ကန့်ကွက်စာလဲမတင်ရန်၊
၎င်းတို့အားလည်း အသိအမှတ်မပြုရန် မိမိတို့၏ ရပ်တည်မှု သဘောတရား
များကို ကြေညာချက်များထုတ်ပြီး တမျိုးသားလုံးနှင့်ဆိုင်သော ကရင်အမျိုးသား
အလံကို မိမိပါတီအလံပြုပြီး ရွေးကောက်ပွဲဝင်ရန်ပြင်နေကြသော (KPP)နှင့်
(UKL)ပါတီနှစ်ခုကို နိုင်ငံရေးအရ မှားယွင်းကြောင်း၊ မတရားသောဥပဒေများနှင့်
ဗမာနအဖစစ်အစိုးရအား သက်ဆိုးရှည်ရေးအတွက် အုတ်တချပ်၊ သဲတပွင့်
အဖြည့်ခံပေးရာကျနေကြောင်းဆိုတာတွေကို ကြေညာချက်များထုတ်လျက် ထိုကြေ
ညာချက်ထဲတွင် ထဲတွင် ဖော်ပြထားပေးသင့်သည်။

ပြည်သူများကလည်း ဤအရာကို လက္ခံနိုင်မှာမဟုတ်ဘူး။ သည့်အတွက်ကြောင့်
၎င်းတို့ သည်လိုလုပ်ခြင်းဟာလဲ မိမိတို့ လူတစ်စု အကျိုးစီးပွားအတွက်ဘဲဖြစ်စေ၊
စစ်အစိုးရ လက်ဝေခံအဖြစ် လုပ်ရာကျနေပါတယ်။ အဲဒီအတွက်ကြောင့် ၄င်းတို့၏
ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ပြီး စဉ်းစားဖို့လိုအပ်ပေသည်။

နောက်ပြီး မည်သည့် ကရင်အမျိုးသားအဖွဲ့အစည်းတွေကလဲ ရွေးကောက်ပွဲဝင်မည်
ဆိုလျင် ဤအရာများကို အလေးအနက်ထားစဉ်းစားကြဖို့နှင့် ကရင်တမျိုးသားလုံး၏
အကျိုးစီးပွားကို ဘာမျှ မလုပ်ဆောင်နိုင်တဲ့အပြင် မိမိလူမျိုးအားလုံးအပေါ် သစ္စာေ
ဖာက်ရာကျပါပေတယ်ဟုလည်း နားလည်ထားသင့်ပါသည်။

ကရင်ပြည်သူလူထု အနေနဲ့လည်း သည်ရွေးကောက်ပွဲမှာ ပါဝင်မှု မလုပ်ကြဖို့လို
အပ်သည်။ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲဝင်တာသည်လည်း မှားတယ်၊
စစ်အစိုးရ သက်ဆိုးရှည်အောင် အားပေးရာလည်းကျသဖြင့် ပြည်သူလူထု
အနေနဲ့လည်း သည်ရွေးကောက်ပွဲမှာ ပါဝင်မှုများ မလုပ်ကြဖို့ လိုအပ်တယ်ဆိုတာ
ကျနော့အနေနဲ့ တိုက်တွန်းချင်ပါသည်။
မည်သူမဆို မည်သည့်အဖွဲ့အစည်းဘဲဖြစ်ဖြစ်၊ တသီးပုဂလဘဲဖြစ်ဖြစ် တမျိုးသား
လုံးရဲ့အလံကို မိမိတို့ပါတီရဲ့အလံအဖြစ် သုံးပိုင်ခွင့်လဲမရှိဘူး။ တမျိုးသားလုံးကလဲ
လက္ခံနိုင်မှာမဟုတ်ဘူးဆိုတာကို နားလည်ထားရမယ်။ ဒီလိုမှမဟုတ်ဘဲ တမျိုးသား
လုံးရဲ့ကိုယ်စားပြုအလံကို မိမိကိုယ်ပိုင်အလံအဖြစ် သုံးမည်ဆိုပါက တမျိုးသားလုံး၏
စက်ဆုတ်ရွံရှာခြင်း၊ အပြစ်ပေးစီရင် ဒဏ်ခတ်ခြင်းကိုခံယူရမှာဖြစ်တယ်။ နောင်လာမယ့်
အကျိုးဆက်များကိုလည်း သူတို့တွေကသာ တာဝန်ယူရမှာဖြစ်တယ်။

မည်သည့် ပါတီမဆို ရွေးကောက်ပွဲဝင်ရန်အတွက် မှတ်ပုံတင်ချင်ပါက ဗမာ နအဖ
စစ်အစိုးရက မတရားသဖြင့် ရေးဆွဲချမှတ်ထားတဲ့ (၂၀၀၈)အခြေခံဥပဒေကို
လေးစားလိုက်နာ၊ ခံယူ၊ ကာကွယ်၊ ကျင့်သုံးလုပ်ဆောင်မည်ဆိုသည့် အချက်တွေကို
ဂတိခံဝန်ပေးပြီးမှသာ ပါတီမှတ်ပုံတင် လိုင်စင်ရရှိနိုင်မယ်။ ထို့ကြောင့် နအဖစစ်အစိုးရကို
သစ္စာခံသည့်သဘော သက်ရောက်ပါသည်။ ထို့ကြောင့် ရွေးကောက်ပွဲကော်မရှင်ကို
ကရင်ပြည်သူလူထု ကိုယ်စားမပြုသော ဤနှစ်ပါတီအတွက် ကန့်ကွက်စာတင်မိပါက
ထိုရွေးကောက်ပွဲကော်မရှင်သို့ အသိအမှတ်ပြုရာကျသဖြင့် ထိုသို့ပြုလုပ်ခြင်းသည်
မလိုလားအပ်သော အရာဖြစ်သည်။

ဤအရာအားလုံးကိုပြန်ကြည့်လျင် ကျနော်တို့ဟာ ဒါတွေကို တခုမှ အသိအမှတ်
မပြုနိုင်ဘူး။ ရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်စာပေးပို့လျင်လည်း ထောင်
ချောက်က(၂)ခုရှိနှင့်ပြီးဖြစ်တယ်။ သူ့ကော်မရှင်ကို ထောက်ခံလို့၊ အလေးထားဦး
ထိပ်တင်လို့၊ အသိအမှတ်ပြုထားလို့ ဒီလို တကူးတက ကန့်ကွက်ပြောဆိုတာက
တစ်ခုဖြစ်တယ်။ နောက်တခုက ကန့်ကွက်လိုက်လျင် ကရင်အချင်းချင်း မကျေနပ်လို့
တိုက်ကြ၊ ခိုက်ကြ၊ ကွဲကြ ပြဲကြ နဲ့အဲ့လို ရန်ပြန်ဖြစ်ရတာကိုလည်း နအဖက
လိုလားနေပုံရတယ်။ အဲဒီအတွက်ကြောင့် ရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်စာများ
ပေးပို့စရာလည်းမလိုအပ်ပါဘူးလို့ ကျနော်ပြောချင်ပါတယ်။

ကရင်အဖွဲ့စည်းများက မိမိတို့၏ ရပ်တည်မှု သဘောထားကြေညာချက်များ ထုတ်ပြန်၍
ထိုကြေညာချက်ပါ သဘောထားများကို BBC, RFA ,DVB, VOA စသဖြင့်
သတင်းဌာနကြီးများ၊ မီဒီယာများနှင့် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ပြီး အပြည်ပြည်
ဆိုင်ရာနှင့် ကမ္ဘာကြီးသို့တင်ပြနိုင်ခဲ့ကြပါလျင် ပိုမိုထိရောက်နိုင်ပါလိမ့်မည်။ ထို့အပြင်
ပြည်တွင်း၊ ပြည်ပ ပြည်သူများသို့လည်း အသံသတင်း၊ စကားသတင်း၊ ဗွီဒီယိုသတင်း
အချက်အလက်များ ရောက်ရှိ ပေးပို့ နိုင်မှာဖြစ်သည်။
ထို့ကြောင့် ကရင်ကိုချစ်မြတ်နိုးသော ကရင်မျိုးချစ် ခေါင်းဆောင်များအနေနှင့် သဘောထား
ကြေညာချက်များ ထုတ်ပြန်ကြ၍ ရှင်းလင်းတင်ပြ နိုင်ကြရန်အထူး လိုအပ်လှပေသည်။
တိုက်ပွဲ တစ်ပွဲရှုံးလျင် အနည်းအကျဉ်းသာ ဆုံးရှုံးနိုင်ပြီး၊ နိုင်ငံရေးတစ်ကွက်ရှုံးလျင်
တစ်မျိုးလုံး ပေးဆပ် ဆုံးရှုံးရမှမို့ နိုင်ငံရေးအမြင်ကျယ်ကြရန် ကရင်လူမျိုးကို ချစ်တဲ့
စိတ်နဲ့ ကျနော် ရင်ဖွင့်လိုက်ရပါသည်။

အဝေးရောက် ကရင်ပြည်သူတစ်ဦး

Tuesday, April 13, 2010

ကရင်အမျိုးသားအလံတော်ကိုကာကွယ်ရန်နိုးဆော်ခြင်း

Flag Protection

Monday, April 12, 2010

ရွေးကောက်ပွဲဝင်ပြိုင်ရန် ကရင်ပါတီနှစ်ဖွဲ့ မှတ်ပုံတင်လျှောက်ပြီ

ဧပြီလ ၁၂ရက်။ ကေအိုင်စီ

လာမည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် သတ်မှတ်ထားသည့်
ပါတီမှတ်ပုံတင်ရက်အတွင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်
ထံသို့ မတ်လကုန်နှင့် ဧပြီလဆန်းပိုင်း၌ ကရင်ပါတီနှစ်ဖွဲ့က မှတ်ပုံ
တင်လိုက်ပြီးဖြစ်သည်။

အမှုဆောင် ၁၇ဦးပါဝင်သည့် ကရင်ပြည်သူ့ပါတီ(ကေပီပီ)သည် မတ်လ
၃၁ရက်နေ့တွင် ပါတီမှတ်ပုံတင်ခဲ့ပြီး ပြည်ထောင်စု ကရင်အမျိုးသားများ
အဖွဲ့ချုပ်(ယူကေအယ်လ်)က ဧပြီလ ၈ရက်နေ့တွင် မှတ်ပုံတင်ရန်
လျှောက်ထားကြောင်း စစ်အစိုးရ၏ နေ့ စဉ်ထုတ် သတင်းစာများတွင်
ဖော်ပြထားသည်။



ရန်ကုန်မြို့ခံ ကရင်အမျိုးသားတဦးက “သာမန် ကရင်ပြည်သူတွေက သူတို့တွေကို စိတ်တောင်မ
ဝင်စားဘူး။ အယုံအကြည် လည်း မရှိဘူး။ ဒီပါတီတွေ ရွေးကောက်ပွဲဝင်မယ်ဆိုလည်း နအဖရဲ့
ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမတ်နေရာ နည်းနည်းရရင် တောင် ကရင်ပြည်သူအကျိုးထက်
သူတို့ကိုယ်ကျိုးပဲ ပိုများမှာပါ”ဟု ဆိုသည်။

၁၉၉၀ခုနှစ် ရွေးကောက်ပွဲကာလက ကရင်ပါတီဟောင်းဖြစ်သည့် ယူကေအယ်လ်သည် ယခု
ဧပြီလ ၈ရက်နေ့တွင် နိုင်ငံရေး ပါတီအဖြစ် ဆက်လက် တည်ထောင်ခွင့်ပြုရန် ထပ်မံ မှတ်ပုံ
တင်ထားခြင်းဖြစ်ပြီး ဥက္ကဌ စောသန်းအောင်နှင့် အတွင်းရေးမှူးမှာ စောဂျူး ဖြစ်သည်ဟု
သိရသည်။

ကေပီပီပါတီတွင်မူ ဥက္ကဌမှာ အငြိမ်းစား ဒုဗိုလ်မှူးကြီး စောထွန်းအောင်မြင့်ဖြစ်ပြီး ဒုဥက္ကဌ
လေးဦးနှင့် အဖွဲ့ဝင် ၁၇ဦးကို အောက် ပါအတိုင်း ဖွဲ့စည်းထားသည်။
ဒု-ဥက္ကဌ(၁)-ဒေါက်တာစောစိုင်မွန်သာ(ဆေးပညာရှင်)
ဒု-ဥက္ကဌ(၂)-စောအေးကို(ဗိုလ်မှူးကြီး-အငြိမ်းစား)
ဒု-ဥက္ကဌ(၃)-စောကက်နက်ဝေသော်
ဒုဥက္ကဌ(၄)-ပါမောက္ခ နော်တင်တင်ရင်(ဒဿနိကဗေဒ-အငြိမ်းစား)
အထွေထွေအတွင်းရေးမှူး-စောစေးဝါးညွှန့်(ရဲမှူးကြီး-အငြိမ်းစား)
အတွင်းရေးမှူး(၁)-မန်းထွန်းတင်(ပုသိမ်)
ပါမောက္ခ နော်လောနော(သူနာပြု-အငြိမ်းစား)-(အဖွဲ့ဝင်)
နမ့်မေရီစိန်(အထက်တန်းပြကျောင်းဆရာမ-အငြိမ်းစား)-အဖွဲ့ဝင်
စောမိုးမြင့်(သတ္တုတွင်း အထွေထွေမန်နေဂျာ-အငြိမ်းစား)-အဖွဲ့ဝင်
နော်သပလေး(ကျန်းမာရေးဌာန-အငြိမ်းစား)-အဖွဲ့ဝင်
မန်းစံထွန်း(စီးပွားရေးလုပ်ငန်းရှင်)-အဖွဲ့ဝင်
မန်းကြယ်ဝင်း(စီးပွားရေးလုပ်ငန်းရှင်)-အဖွဲ့ဝင်
စောဆင်မြူရယ်(ပြည်နယ် EPC ဦးစီးအရာရှိ-အငြိမ်းစား)-အဖွဲ့ဝင်
စောဖရန်ကို(စီးပွားရေးလုပ်ငန်းရှင်)-အဖွဲ့ဝင်
မန်းစိန်လှဝင်း(စီးပွားရေးလုပ်ငန်းရှင်)-အဖွဲ့ဝင်နှင့်
မန်းတင်လှိုင်(စီးပွားရေးလုပ်ငန်းရှင်)-အဖွဲ့ဝင်တို့ဖြစ်ကြသည်။

“စိုင်မွန်တို့က ကရင်ကို လက်နက်ကိုင်ပြီးတော့ နယ်ခြားစောင့်တပ်ဖွဲ့ဖို့ကို ပွဲစားလုပ်ခဲ့တဲ့လူပဲ။
တော်လှန်ရေးသမား မဟုတ်ဘူး လေ။ တဖြည်းဖြည်း ကရင်လက်နက်ကိုင်ပြိုကွဲသွားအောင်
စီမံတဲ့နေရာမှာလည်း ထိပ်ဆုံးက ပါတာပဲ။ နောက်ပြီးတော့ သူတို့ အဖွဲ့က ဘယ်လိုပဲ၊
ဘာပဲ ကရင်နာမည်တပ်တပ် တကယ်လို့ အဲန်အယ်လ်ဒီ ပါဝင်ရလို့ ယှဉ်ပြိုင်ရမယ်ဆိုရင်
ရှုံးမဲ့အဖွဲ့ပဲ။ ပြည် သူက မထောက်ခံပါဘူး။ ကရင်တွေကလည်း မထောက်ခံပါဘူး။ လူမှု
ရေးမှာတော့ စိုင်မွန်က တော်ပါတယ်။ အခြားကေပီပီ အ ဖွဲ့ဝင် ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီး
တို့ဆိုတာ ကရင်က ဘယ်လောက်အရည်အချင်းရှိရှိ ဗိုလ်မှူးကြီးထက် မကျော်ရဘူးဆိုတဲ့
ပေါ် လစီကြီးချထားတဲ့ အစိုးရရဲ့အောက်မှာ ခေါင်းငုံ့ဝင်ခံပြီး အခုမှ ရွေးကောက်ပွဲလုပ်မယ်
ဆိုတော့ ကြံ့ဖွံ့အဆင့်လောက်ပဲရှိတယ်။ အစိုးရလက်အောက်မှာ မိနေတဲ့ သူတို့လိုလူစားတွေ
အကုန်လုံးက စုပြီးတော့ အဖွဲ့တဖွဲ့ထောင်တဲ့သဘောပဲ။ ကရင်မှာ ဒီကေ ဘီအေကို
သွားထောင်ခိုင်းလို့ မရဘူး။ ဒီကေဘီအေကို ဘယ်လိုလုပ် ဧရာဝတီတိုင်းမှာ သွားရွေးခိုင်း
လို့ ရမလဲ။ တောင်ငူခရိုင် မှာ ဘယ်လိုလုပ်သွားရွေးခိုင်းရမလဲ။ ဒီကေဘီအေက
တပ်မဟာ(၇)နယ်မြေပဲ ရမှာကိုး။ အဲဒီတော့ ပါတီဖွဲ့ခိုင်းတာက ဒီအစိုးရ ရဲ့
လက်ကိုင်တုတ်ပဲ”ဟု ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာနေသည့် မန်းမြင့်ဆိုင်က
ပြောသည်။

ယူကေအယ်လ်၏ တံဆိပ်ပုံ

ပြီးခဲ့သည့် ဇန်န၀ါရီလ ၂၃ရက်နေ့က ကရင်လူကြီးများ မိတ်သဟာယ ဖွဲ့စည်းခြင်းနှင့်
၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရေးကိစ္စများ ဆောင်ရွက်ကြမည့်
အစီအစဉ်များနှင့် ပတ်သက်၍ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ကရင်ပြည်နယ်အ

တွင်းရှိ ဂုဏ်သရေရှိ ကရင်အမျိုးသား လူပုဂ္ဂိုလ်များနှင့် ဘာသာရေးပုဂ္ဂိုလ်များက
ရန်ကုန်မြို့ ရွှေသံလွင်ကွန်ဒို (Hope Office) ၌ အစည်းအဝေးတခု ပြုလုပ်ခဲ့ကြောင်း
ပြည်တွင်းသတင်းအရ သိရသည်။

၎င်းအစည်းအဝေးတွင် အဖွဲ့ဝင် ၁၃ဦး ပါဝင်သည့် ကရင်လူကြီးများ မိတ်သဟာယအဖွဲ့ကို
ဖွဲ့စည်းခဲ့ပြီး အသစ်ဖွဲ့စည်းမည့် ကရင် အမျိုးသားပါတီများမှ မူအားဖြင့် ကရင်လူမျိုး
အများစုပါဝင်သော ကိုယ်စားလှယ်ရရှိရေး၊ လွှတ်တော်အသီးသီးတွင် ကရင်အ များစု
ပါဝင်ပြီး ပြောရေးဆိုခွင့်ရရှိရေး၊ ပါတီကိုယ်စားလှယ်များသည် လူအများ ကြည်ညိုလေး
စားသူဖြစ်ရေး၊ ပါတီကိုယ်စား လှယ် ရရှိရေးအတွက် မဲဆန္ဒနယ်မြေ ရွေးချယ်ရန်နှင့်
အရွေးခံကိုယ်စားလှယ်လောင်း သတ်မှတ်ထားရေး၊ သက်ဆိုင်ရာ နယ် မြေတွင်
စည်းရုံးရေးလုပ်ငန်း အချိန်မှီ ဆောင်ရွက်ရေးနှင့် ဘဏ္ဍာငွေကို ပါတီအလိုက် ထည့်ဝင်၍
ပါတီအကျိုးအတွက် စနစ်တ ကျ သုံးစွဲရေးကို ယေဘုယျ သဘောတူခဲ့ကြသည်။

ထို့အပြင် အစည်းအဝေး တက်ရောက်လာသူများက ပါတီဖွဲ့စည်းရေးနှင့် အခြားလုပ်ငန်းများက
ို အချိန်မှီဆောင်ရွက်နိုင်ရေး ဆွေးနွေးချက်များအရ ဗဟိုမှ ကျေးရွာအဆင့်ဆင့်ထိ ပါတီများကို
ဖွဲ့စည်းကြရန်နှင့် ပါတီအချင်းချင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ ညှိနှိုင်းလျှက်
၂၀၁၀ခုနှစ်၊ ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လအထိ သတ်မှတ်ချက်အတိုင်း ဆောင်ရွက်ကြရန်၊
ရန်ပုံငွေကောက်ခံခြင်းကို မတ်လမှ မေလအတွင်း ကနဦး ကောက်ခံရန် ပဏာမ
ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ ပါတီမှတ်ပုံတင်လျှောက်ထားသည့် ကရင်ပါတီနှစ်ခုစလုံး၏ အလံအဖြစ်
ကရင်အမျိုးသားအလံကို သတ်မှတ်ထားသည်။ ၎င်းအပြင် ပါတီမှတ်ပုံတင်ပြီးပါက
ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်များ၌ စည်းရုံးရေးလုပ်
ငန်းများ လုပ်ဆောင်သွားမည်ဟု ယေဘုယျအားဖြင့် သိရသည်။

တိုင်းရင်းသားနိုင်ငံရေး အင်အားစုများ ရွေးကောက်ပွဲဝင်ခြင်း မ၀င်ခြင်းသည် ၎င်းတို့၏
ဆန္ဒသဘောထားသာဖြစ်ကြောင်း တိုင်း ရင်းသားလူမျိုးများကောင်စီ(အီးအဲန်စီ)၏
အထွေထွေအတွင်းရေးမှူးလည်းဖြစ်၊ ကေအဲန်ယူ အလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်သူ
စောဒေးဗစ်ထောက ယခုလို သုံးသပ်ပြောဆိုသည်။

၎င်းက “နအဖ အုပ်ချုပ်မှုအောက်မှာရှိတဲ့ နအဖကို ကြောက်တဲ့သူတွေတော့ အဖွဲ့
အစည်းထောင်ပြီး ရွေးကောက်ပွဲဝင်မှာပဲ။ ၀င်မ၀င်တော့ သူတို့အပေါ်မှာပဲ မူတည်တယ်။
ဒါပေမယ့် ပြည်သူတွေဟာ မဖြစ်မနေ မဲပေးရမှာ ဖြစ်တဲ့အတွက် မဲပေးမယ်ဆို ရင်
သူတို့အတွက် အလုပ်လုပ်ပေးနိုင်မယ့် လူတွေကိုပဲ မဲပေးစေချင်တယ်လို့ ပြောချင်တယ်”ဟု
ဆိုသည်။

လက်ရှိအချိန်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ဧပြီလ ၉ရက်နေ့အထိ နိုင်ငံရေးပါတီ
တည်ထောင်ခွင့် လျှောက် ထားသည့် အဖွဲ့ပေါင်း (၁၆)ဖွဲ့၊ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်
ထောင်ခွင့် မှတ်ပုံတင်လျှောက်ထားသည့် ပါတီ ၃ပါတီရှိပြီး ထိုအထဲတွင် ကရင်၊ ကချင်၊ ပအိုဝ်း၊
ရခိုင်၊ ရှမ်း၊ ချင်း၊ တအာင်း(ပလောင်)၊ ၀နှင့် မြို(ခမိ) တိုင်းရင်းသားပါတီများ ပါဝင်သည်။

ကရင်ပြည့်သူ့ပါတီ အတွင်းရေးမှူး စောစေးဝါးညွန့်နှင့် ဆက်သွယ်မေးမြန်းချက်

နော်နိုရင်း(ဒီဗီဘီ)
၂၀၁၀ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေကြတဲ့ ပါတီတွေထဲက တိုင်းရင်းသားပါတီ
တခုဖြစ်တဲ့ ကရင်ပြည်သူ့ပါတီနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။ ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံ
တင်ထားပြီးဖြစ်တဲ့ ကရင်ပြည်သူ့ပါတီက အတွင်းရေးမှူးစောစေးဝါးညွန့်ကို တယ်လီဖုန်းနဲ့ အ
ခုလို ဆက်သွယ် မေးမြန်းထားပါတယ်။

ဆရာတို့ရဲ့ ပါတီမူဝါဒက ဘာလဲရှင့်။
သိတဲ့အတိုင်းပဲလေ အခုနိုင်ငံတော်ပြန်လည်တည်ဆောက်ရေးမှာ တို့လည်းပါဝင်တဲ့ သဘော
ပေါ့ ဒါအ ခြေခံပဲ အချို့လည်း အဲဒါပါပဲ။


ဟုတ်ကဲ့--ဆရာတို့ရဲ့ အခုလက်ရှိပါတီအင်အားရော ဘယ်လောက်လောက်ရှိပြီလဲရှင့်။
ပါတီအင်အားက စည်းရုံးရေးအပိုင်းကတော့ အမှန်ကတော့ သူ့မူအရတော့ မှတ်ပုံတင်ကျမှ
ရမှာလေ။ ဒါပေမဲ့ တို့ကတော့ ရှိပါတယ်။ ၁သောင်းပတ်ဝန်းကျင်တော့ ရှိပါတယ်။

ဆရာတို့ က ဒီရွေးကောက်ပွဲဝင်မယ်ဆိုရင် မဲဆနနယ်ဘယ်နှစ်နယ်ဝင်မှာလဲ။
အားလုံး အခြေအနေပေးတဲ့နေရာ ၀င်ပါမယ်။

တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြောတာလားရှင့်။
တနိုင်ငံလုံး အတိုင်းအတာပေါ့။

နောက်တော့ရော ဆရာတို့ ဒီပါတီ ရံပုံငွေရော ဘယ်လိုမျိုးရှာမလဲရှင့်။
ရံပုံငွေက ထုံးစံအတိုင်းပဲလေ တို့ပါတီအသင်းသားတွေဆီက ယူမယ်။ ကျနော်တို့ပါတီအ
သင်းသား စေတနာရှိတဲ့ ပုဂ္ဂိုလ်တွေဆီကနေ အလှူခံမှာပေါ့။ အဓိကတော့ အဲဒါပါပဲ။

ဆရာတို့ပါတီက တကယ်ကရင်ပြည်သူတွေအတွက် ဟိုဟာဖြစ်မလား။ ဒါမှမဟုတ်
တနိုင်ငံလုံး ပြည်သူတွေအတွက် ဘယ်လိုရပ်တည်မလဲရှင့်။
တို့ပါတီနာမည်ကြည့်ရင် သိသာတယ်လေ ကရင်ပြည်သူ့ပါတီဆိုတာ ကရင်အမျိုးသားရ/ဲ့
ပါတီ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ ပါတီဖြစ်တယ်။ အဲဒါအားလုံးပေါ့လေ။ တဆင့်တဆင့်
လုပ်သွားမယ့် ကိစ္စတွေပါ။

တကယ်လို့ဆရာတို့ ရွေးကောက်ပွဲဝင်လို့ရမယ် ၀င်ရောက်ယှဉ်ပြိုင်နေမယ်ဆိုရင်
ပါတီင်္အာဏာရလာလို့ရှိရင် ပြည်သူတွေအတွက် အဓိက ဘာတွေ လုပ်ဆောင်ပေးမလဲရှင့်။
အဲဒါတွေတော့ တော်တော်ကျယ်ဝန်းတယ်၊ အခုလိုအပ်ချက်တွေတော့ အများကြီးပဲလေ။
အဲဒါတွေတော့ တို့တော့ မပြောချင်သေးဘူးလေနော်။ ဒါပေမယ့် ဒီအထိလည်း တို့မျှော်
မှန်းချက်မားသေးပါဘူး၊ တဆင့်တဆင့်စဉ်းစားရမယ့် ကိစ္စပါ။

အခုလက်ရှိ ပါတီမှတ်ပုံတင်ထားတဲ့ကိစ္စက အကြောင်းပြန်လာတာမျိုး ရှိပြီလားရှင့်။
မလာသေးဘူး အဲဒါတို့စောင့်နေတယ်လေ။

ကရင်ပြည်သူတွေအတွက် အဓိက ရွေးကောက်ပွဲဝင်မယ်ဆိုတော့ ဒီကရင်ပြည်သူတွေ
အနေနဲ့ရော ဆရာတို့ပါတီကို ထောက်ခံမယ်လို့ မျှော်လင့်လားရှင့်၊ ယုံကြည်လား။
လုံးဝအပြည့်အ၀ယုံကြည်တယ် ဘာဖြစ်လို့လည်းဆိုတော့ ပြည်တွင်းကလူတွေ
ကရင်အမျိုးသားတွေက သူတို့ဦးဆောင်မှုလိုနေတယ်လေ။ ဒါကြောင့် ဒီကိစ္စလုပ်
နေရတာပေါ့။ လုံးဝယုံကြည်ပါတယ်။

တချို့လူတွေက ပြောတယ်။ ဒီရွေးကောက်ပွဲဥပဒေတွေနဲ့ ပတ်သက်ပြီူးတော့ လေ
၂၀၀၈ အခြေခံဥပဒေကနေ ယူထားတဲ့ ရွေးကောက်ပွဲဥပဒေက တရားမမျှတဘူးလို့
ဘယ်ပါတီကပဲ ဖြစ်ဖြစ် ၀င်လို့ရှိရင်လည်း သူအာဏာရမှာ မဟုတ်ဘူးလို့ ပြောတယ်
လေ။ အဲတော့ ဆရာတို့အနေနဲ့ ဒီအပေါ်မှာ ဘယ်လိုမြင်လဲရှင့်။

အဲဒီဟာကတွေ တို့ပါတီလျှောက်ကတည်းက အားလုံးက ဒီအခြေခံဥပဒေကို
လက်ခံထားပြီးသားဖြစ်တယ်ဆိုတာကို သူတို့ ဟိုဥစ္စာလုပ်ရတာလေ။ အဲဒါကြောင့်
တို့ကိုလည်း တို့မူအရပေါ့ တို့လက်ခံတယ်။ တဆင့်တဆင့် ဒီလူတွေကို ချည်းက
ပါရမယ့်ကိစ္စဖြစ်တဲ့အတွက် တို့လက်ခံခြင်း ဖြစ်တယ်။ အဲလိုပဲ တို့ယုံကြည်တဲ့အတွက်
ဒါကိုလည်းတို့ လက်ခံခြင်း ဖြစ်တယ်။ ဘာမှ အထူးအထွေပြောစရာမရှိပါဘူး။
အားလုံးဝိုင၈်းဝန်းပြီးတော့ အားပေးကြပါတယ်။ တို့အကြောင်းကို လေ့လာပြီးတော့
လေ အဲဒါပဲ ပြောချင်ပါတယ်။

ဒီဗီဘီ သတင်းဌာနမှ ကူးယူဖော်ပြပါသည်။

Sunday, April 11, 2010

လမ်းပေါ်တိုက်ခိုက်မှုတွေမှာ ၁၈ ယောက်သေ၊ ရာကျော် ထိခိုက်

ဧပြီ ၁၁၊၂၀၁၀(ဘန်ကောက်ပို့စ်)
Sunday, April 11, 2010

ဆေးရုံပေါ်မှာ ရှုပ်ထွေး၊ ဒဏ်ရာရသူတွေကို မော်တော်ဘုတ်ဖြင့် ဆေးရုံသယ်လာ။

စနေနေ့က ရတ်ချာဒမ်နိုအန်း လမ်းပေါ်က နာရီပေါင်းမျာစွာကြာတဲ့ အကြမ်းဖက်တိုက်ခိုက်
မှုတွေအပြီးမှာ စစ်သား ၄ ဦး၊ ဂျပန်သတင်း ထောက်တဦး အပါ အရပ်သား ၁၈ ယောက်
သေဆုံးပြီး ရာဂဏန်း ဒဏ်ရာရကြပါတယ်။

တိုကျိုအခြေစိုက်ဌာနကနေ ထိုင်းနိုင်ငံကို Thomson Reuters သတင်းဌာနအတွက်
တာဝန်နဲ့ရောက်လာတဲ့ ဂျပန်ဓါတ်ပုံသမား ဟီရို မူရာမိုတိုဟာ သေနတ်ပစ်ခံရပြီး၊
အဓိကရုဏ်းတွေကြားမှာ သေဆုံးခဲ့ပါတယ်လို့ ဘန်ကောက်နေပြည်တော်ဆေးရုံ၊
သတင်းထုတ်ပြန် ရေး ညွှန်ကြားရေးမှူး၊ ပီချာရာ နတ်ဝပ်ချာရာ က ပြောပါတယ်။


ဒီဝရုန်းသုန်းကား လူအုပ်ကြီးထဲမှာ လူပေါင်း ၆၀၀ ကျော် ထိခိုက်ဒဏ်ရာရာရပါ
တယ်လို့ ဘန်ကောက် ဒု အုပ်ချုပ်ရေးမှူး မလိနီးဆူ ကာဝေ့၀ိုရာကစ် က ပြော
ပါတယ်။

ရှပ်နီဆန္ဒပြသမားတွေနဲ့စစ်သားတွေအကြား တနေ့လုံး တိုက်ခိုက်မှုတွေအတွင်းမှာ
အသုံးပြုခဲ့တဲ့ မျက်ရည် ယိုဗုံးနဲ့ ရာဘာကျည်ဆံတွေ ထိခိုက်မှုကြောင့် ရတဲ့ဒဏ်ရာ
အများစုကတော့ မဖြစ်စလောက်ပါ။ ဒါပေမဲ့ ဖန်ဖတံတားမှာ စခန်းချထားတဲ့ ရှပ်နီ
တွေရဲ့အဓိက ဇတ် ခုံနားကို စစ်သားတွေရောက်လာလို့ Khok Wua မှာဖြစ်တဲ့
တိုက်ခိုက်မှုတွေမှာ M67 နဲ့ M79 လို လောင်ချာဗုံး ပစ်ခတ်မှုတွေကြောင့် တဒါ
ဇင်လောက်ကတော့ ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့ပါတယ်။

မက်ခါဝမ်ရမ်ဆန် တံတားအနီး နေ့လည်ပိုင်းတိုက်ခိုက်မှုတွေအတွင်း ရှပ်နီယောက်ျား
တယောက် သေနတ်ပစ် ခံရပြီး၊ ကျည်ဆံက ဗိုက်နဲ့အဆုပ်ကို ဖေါက်သွားပါတယ်။
သူ့ကို ၀ါချီး ရာဆေးရုံကို အရေးပေါ်ခွဲစိတ်ကုသဖို့ ပို့လိုက်ရပါတယ်။ လို့
ဒေါက်တော မလိနီးက ပြောပါတယ်။ ဒူးခေါင်းမှာ အပစ်ခံရတဲ့စစ်သားတ
ယောက်ကို ဆီရီရတ်ခ်ျဆေးရုံးကို ပို့လိုက်ပါတယ်။ လက်မှာအပစ်ခံရတဲ့
နောက်စစ် သား တယောက်ကတော့ ဖရားမွန် ကွတ်ကလောက် ဆေးရုံကို
ပို့လိုက်ပါတယ်လို့ ပြည်သူ့ကျန်းမာရေးဝန်ကြီး Jurin Laksanavisit
က ပြောပါတယ်။ မဆိုစလောက် ဒဏ်ရာရကြတဲ့ စစ်သား ဒါဇင်ပေါင်းများစွာ
ကို ဆေးရုံပို့လိုက်ရတယ်လို့ သူက ပြောပါတယ်။

ရတ်ချာဒမ်နိုအန်းလမ်းမပေါ်ကို စာရွက်တွေကြဲချတဲ့ ဟယ်လီကော်ပတာထဲမှာ
ရှိနေစဉ် သူ့ခြေထောက်ကို သေနတ်ပစ်ခံရတယ်လို့ ဗိုလ်မှူးကြီး မနဖရီညာ
ဆီရိ ကပြောပါတယ်။ Khok Wua လမ်းဆုံနဲ့ဒီမိုကရေစီ ကျောက်တိုင်မှာဖြစ်
တဲ့ ပြီးခဲ့တဲ့ည တိုက်ပွဲအပြီး ၀ရုန်း သုန်းကား နိုင်တဲ့ အဖြစ်အပျက် တခုက
တော့ ဖရားမွန် ကွတ်ကလော့ ဆေးရုံကမြင်ကွင်းပါပဲ။

ဒဏ်ရရစစ်သားတွေအတွက် ကုတင်အလောက်အလောက်မရှိ၊ သူ တို့ကို
ဆရာဝန်တွေက အရေးပေါ်ဆေးရုံခန်းမထဲက လမ်းတ လျှောက်၊ လူနာတင်
ထမ်းစင်ပေါ်မှာပဲ ကုသကြရတယ်။

ဒဏ်ရာရ စစ်သားအများစုက ဖရားချင်ဘူရီက ဘုရင်ကိုယ်ရံတပ်ရဲ့ ခြေလျင်
တပ်မ ၂ က ဖြစ်ပါတယ်။ ရတ်ချာ ဒမ်နိုင်အန်း လမ်းမ ကြီးပေါ်မှာ တပ်စွဲ
ထားတဲ့ ဆေးမှူးရာပေါင်းများစွာဟာ ဒီဒေသက မျက်ရည်ယို ဓါတ်ငွေ့တွေ၊
ပစ်ခတ်မှုတွေနဲ့ဗုံးတွေကြောင့် လူနာတွေ ကို ဆေးရုံသယ်ရာမှာ အခက်အ
ခဲတွေ့ကြရပါတယ်။ မတတ်သာတဲ့အဆုံးမှာတော့ လူနာတွေကို ဆေးရုံကြီးဆီ
မော်တော်ဘုတ်နဲ့ သယ် ရပါတယ်လို့ အရေးပေါ် ဆေးဘက်ဆိုင်ရာအဖွဲ့ရဲ့
ဒုညွှန်ကြားရေးမှူး Prajakwich Lebnark က ပြောပါတယ်။

နေ့သစ်မှကူးယူဖော်ပြသည်။

ယဉ်ကျေးမှုပေါင်းစုံနှီးနှောဖလှယ်ပွဲ သြစတြေးလျနိုင်ငံတွင်ပြုလုပ်ခဲ့

ဧပြီ ၁၁၊ ၂၀၁၀
သတင်း-စောကျော်ခွီး


ယမန်နေ့က ကျင်းပပြီးစီးခဲ့သော ယဉ်ကျေးမှု
ပေါင်းစုံ နှီးနှောဖလှယ် တင်ဆက်ပြသပွဲကို
သြစတြေးလျနိုင်ငံတွင် နယူးဆောက်ဝေးပြည်နယ်
Bathurst မြို့တွင် ဧပြီလ(၁၁)ရက်နေ့က
နယူးဆောက်ဝေးစံတော်ချိန် နေ့လည်(၁၂)နာရီမှ
ညနေ(၃)နာရီအထိ
ကျင်းပခဲ့ကြသည်။


ယဉ်ကျေးမှု ပူးပေါင်းနှီးနှောဖလှယ်ပြသပွဲတွင်ပါဝင်သည့် စောဆာမူလာ(AKO လူငယ်အတွင်းရေးမှုး)
မှ “ကရင်လူမျိုးဒုက္ခသည်တွေဟာ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဘာသာစာပေ၊ ဓလေ့ထုံးစံများ၊
နေထိုင်ရာဒေသများ အထင်အရှားရှိခဲ့ပေမဲ့ ခေတ်အဆက်ဆက် မြေရှင်ပဒေသရာဇ်စနစ်
တွေကြောင့် ဒုက္ခတွေရောက်ခဲ့ရတယ်။ ဗမာ နအဖစစ်အစိုးရ၏ ကရင်ပြည်သူလူထုအပေါ်
လူမျိုးတုံးသုတ်သင်တာတွေကို ယနေ့အထိခံနေရဆဲဖြစ်တယ်။ IDP လို့ခေါ်တဲ့ ပြည်
တွင်း အိုးမဲ့အိမ်မဲ့များလည်းတနေ့တခြားတိုးတက်များပြားလာနေပါတယ်” ဟှု
ပြောကြားသွားခဲ့ပါသည်။

ထို့အပြင် Bathurst Refugee Councial နဲ့ သြစတြေးလျ ပြည်သူများကလည်း
သြစတြေးလျ အစိုးရထံသို့ ဗမာနအဖ စစ်အစိုးရအား နိုင်ငံတကာမှ ပိုမိုဖိအားတွေပေး
လာနိုင်အောင် ဝိုင်းဝန်းတွန်းအားပေးပြောကြားပေးရန်လည်း စောဆာမူလာမှ တိုက်တွန်း
ထားပါတယ်။


“ကရင့်ယဉ်ကျေးမှုကိုလာရောက်ဖျော်ဖြေခွင့်ရတာကိုက ကျနော်တို့လူမျိုးအတွက်
ဂုဏ်ယူစရာတခုလို့မြင်တယ်။ ဌာနေတိုင်းရင်းသားတွေ၊ နိုင်ငံတကာကရွှေ့ပြောင်း
လာကြတဲ့သူတွေကို ကျနော်တို့လူမျိုးရဲ့ ဝတ်စားဆင်ယဉ်မှု၊ ယဉ်ကျေးမှုအကများ၊
ဓလေ့ထုံးစံများကို လာရောက်ပြသခြင်းအားဖြင့် ကရင်လူမျိုးတွေဟာ သူတို့မှာလဲ
ကိုယ်ပိုင်ယဉ်ကျေးမှု၊ စကားအပြောအဆို၊ ဘာသာစာပေတွေရှိကြပါလား၊သူတို့က
ဘယ်နိုင်ငံကလဲ၊ ဘာကြောင့်များ ဒီနိုင်ငံကိုလာရောက်ခဲ့ကြပါလဲဆိုတဲ့ သိချင်စိတ်
တွေဖြစ်သွားမယ်လို့ ကျနော်မြင်တယ်။ နောက်ပြီး ကရင်လူမျိုးတွေကို စာနာနား
လည်တတ်နိုင် လာလိမ့်မယ်လို့မျှော်လင့်မိပါတယ်” ဟု ထိုပွဲသို့လာရောက်အား
ပေးခဲ့သူ စောဆားလော်လားက သတင်းရေးသူသို့ပြောကြားခဲ့ပါသည်။

ထို့အပြင် “သြစတြေးလျနိုင်ငံကိုရောက်လာတဲ့ ကရင်ဒုက္ခသည်တွေက ထိုင်း
မြန်မာ နယ်စပ်စခန်းတွေမှာကျန်ခဲ့တဲ့ ရောက်မလာနိုင်သေးတဲ့ ဒုက္ခသည်တွေ
အတွက် ပြန်လည်ကိုယ်စားပြုဆောင်ရွက်ပေးရတဲ့အတွက် ကိုယ့်ကိုယ်ကိုကျေနပ်
အားရမိပါတယ်” ဟု စဟိန်းဖန်း က သတင်းရေးသူသို့ပြောကြားခဲ့ပါသည်။

သြစတြေးလျနိုင်ငံသူ Mrs Franky ကလဲ အခုလိုကရင်ယဉ်ကျေးမှုကိုတွေ့ခွင့်
ရတာ တမူထူးခြားနေတယ်။မြိုင်ဆိုင်ညီညာပြီး အကတွေလဲကောင်းကြတယ်။ဒီနိုင်ငံ
ကိုရောက်လာတဲ့သူတွေဟာ အကုန်လုံးတန်းတူညီမျှ အခွင့်အရေးတွေရှိကြတယ်။
ဒုက္ခတွေရောက်နေတဲ့ ကရင်ပြည်သူတွေအတွက်လဲ ဆုတောင်းပေးနေပါ့မယ်လို့
သတင်းရေးသူသို့ပြောကြားသွာခဲ့ပါတယ်။

ကရင်ဦးရေ(၄၁) အစုအဖွဲ့ကို စောဒန်းနရယ်ဇူး(STARTT ကိုယ်စားလှယ်)
မှဦးဆောင်လာပြီးထို ယဉ်ကျေးမှုပေါင်းစုံနှီးနှောဖလှယ်ပွဲကို Bathurst Refugee
Council မှစီစဉ်ကျင်းပခဲ့ခြင်းဖြစ်သည်။ Lidcombe Baptist Church
မှလူငယ်တာဝန်ခံ စောမာရာဒိုနာဝင်းနှင့်STARTT ကိုယ်စားလှယ် စောဒန်းနရယ်ဇူးတို့မှ
ကရင့်ဘဝ၊ အလှအပတစေ့တစောင်းကို သြစတြေးလျဒေသခံများနှင့်လူမျိုးခြား
အသီးသီးသို့ နားလည်လက္ခံအောင်ကြိုးစားခြင်းဖြစ်သည်။

ထိုပွဲတွင် သြစတြေးလျနိုင်သို့ရောက်ရှိနေထိုင်လာကြသော ကရင်ဒုက္ခသည်များ
အပါအဝင်အခြားနိုင်ငံမှ ဒုက္ခသည်များသာမက သြစတြေးလျနိုင်ငံသို့ ရွှေ့ပြောင်း
လာကြသောသူများ၏ ယဉ်ကျေးမှုများကို အလှည့်ကျစီ တင်ဆက်ဖျော်ဖြေခဲ့ကြရာ
လူဦးရေ (၁၀၀၀)ကျော်မျှ လာရောက်ပြီး ကြည့်ရှု့အားပေးခဲ့ကြကြောင်း ကြားသိ
ရပါသည်။ ထို့အပြင် ကရင်ရိုးရာ ညီညီညာညာ ဒုံးယိမ်းအကကိုလည်း ပရိတ်သတ်
များမှ ဝမ်းသာလှိုက်လှဲစွာ သြဘာပေးခဲ့ကြသည်။

Saturday, April 10, 2010

နအဖက ကရင်အပစ်ရပ်အဖွဲ့ကို ခြိမ်းခြောက်

ရဲရင့်/ ၉ ဧပြီ ၂ဝ၁ဝ

နအဖနှင့်ပူးပေါင်းထားသည့် ကရင်အဖွဲ့များအားလုံး ယခုနှစ်လည်မတိုင်မီ နယ်ခြားစောင့်
့်တပ်အသွင်ပြောင်းမှုကို လက်မခံပါက အခြေအနေဆိုးများနှင့် ရင်ဆိုင်ရမည်ဟု နအဖ
ပြောဆိုကြောင်း ကရင်အပစ်ရပ်အဖွဲ့တခု၏ အဆင့်မြင့်ခေါင်းဆောင်တဦးက ပြောသည်။

၎င်းက “လာမယ့် ဇွန်လကုန်မှာ ကရင်အဖွဲ့တွေကို နယ်ခြားစောင့်တပ်အဖြစ် အပြီးအသွင်
ပြောင်းမှာ ဖြစ်တယ်။ ဒါကို လုံးဝလက်မခံနိုင်ဘူးလို့ ဗိုလ်ဌေးမောင်ဦးဆောင်တဲ့ ကေအန်
ယူ၊ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့က တရားဝင် ကြေညာချက် ထုတ်ထာ
းတာနဲ့ပတ်သက်ပြီးတော့ နအဖဘက်က ဒီအဖွဲ့ကို ခြိမ်းခြောက်ထားတယ်လို့ သိရတယ်။
ဗိုလ်ဌေးမောင်က အသာတကြည် လက်မခံလို့ကတော့ ဒီကိစ္စ သွေးမြေကျမှုတွေ
အများကြီးဖြစ်ဖို့ရှိတယ်” ဟု ပြောသည်။



နအဖ၏ တပ်မတော်စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်က အဆိုပါကိစ္စနှင့် ပတ်သက်၍ ဗိုလ်ဌေးမောင်ကို ယခုရက်ပိုင်းအတွင်း လာရောက်တွေ့ဆုံရန် ဆင့်ခေါ်သည်ကို ဗိုလ်ဌေးမောင်က လက်မခံဘဲ ကျန်းမာရေး အကြောင်းပြကာ ငြင်းပယ်ခဲ့သည့်အတွက် နအဖဘက်မှ ယခုကဲ့သို့ ခြိမ်းခြောက်မှု ပြုလုပ်လာခြင်းဖြစ်သည်ဟု အဆိုပါခေါင်းဆောင်က ဆက်ပြောသည်။

နအဖတာဝန်ရှိသူများနှင့် နယ်ခြားစောင့်တပ်ကိစ္စ ဆက်လက်ဆွေးနွေးရန် ဆန္ဒမရှိတော့သဖြင့် ဗိုလ်ဌေးမောင်သည် ၎င်း၏အဖွဲ့အခြေချရာ ကော့ကရိတ်မြို့နယ် ထော့ကိုကိုးရွာတွင် မနေတော့ဘဲ ယခင်နေထိုင်ခဲ့သည့် ထိုင်း-မြန်မာနယ်စပ် မျဉ်းအနီးရှိ မယ်လစခန်းတွင် ပြောင်းရွှေ့နေထိုင်လျက်ရှိသည်ဟု သိရသည်။

ဒီကေဘီအေ အပါအ၀င် ကရင်ခွဲထွက်အဖွဲ့ (၆) ဖွဲ့ရှိသည့်အနက် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန်ကိစ္စကို ဗိုလ်ဌေးမောင်၏ အဖွဲ့တဖွဲ့တည်းကသာ ငြင်းဆန်ခဲ့ပြီး ကျန်အဖွဲ့များက လက်ခံသဘောတူခဲ့ကြသည်။

ယမန်နှစ် နှစ်ကုန်ပိုင်းက နအဖထိပ်တန်းခေါင်းဆောင်များနှင့် ဗိုလ်ဌေးမောင်အဖွဲ့တို့ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းမည့်ကိစ္စ ဆွေးနွေးခဲ့ကြရာ ၎င်းတို့အနေဖြင့် လုံးဝလက်မခံနိုင်ကြောင်း အတိအလင်း ပြောကြားခဲ့ပြီးနောက် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။

နအဖ၏ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်ရန် ကရင်ပါတီအဖွဲ့အချို့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီး နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းမည့်ကိစ္စကိုလည်း ငြင်းပယ်ခဲ့သည့် ဗိုလ်ဌေးမောင်အဖွဲ့၏ ရှေ့အလားအလာများနှင့်ပတ်သက်၍ ကရင်ခွဲထွက်အဖွဲ့များနှင့် ပြည်တွင်းပြည်ပရှိ ကရင်အမျိုးသားထုအတွင်း အထူးစိတ်ဝင်စားလျက်ရှိသည်။

ကေအန်ယူ ဒု-ဥက္ကဋ္ဌ ပဒိုဒေးဗစ်သကဘောက “ကရင်ခွဲထွက်အဖွဲ့တွေအနေနဲ့ သဘောထားအမှန်နဲ့ ပြန်လာတဲ့ ဘယ်အဖွဲ့ကိုမဆို ကြိုဆိုပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ဗိုလ်ဌေးမောင်နှင့်အဖွဲ့သည် ၂၀၀၇ ခုနှစ်က ကေအန်ယူမှခွဲထွက်ပြီး နအဖနှင့်ပူးပေါင်းကာ ကေအန်ယူ၊ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ကော့ကရိတ်မြို့နယ် ထော့ကိုကိုးရွာတွင် အခြေစိုက်နေထိုင်သည်။

The NEJ မှကူးယူဖော်ပြသည်။

Friday, April 9, 2010

ကေအဲန်ယူနှင့် သုံးရက်တိုက်ပွဲတွင် နအဖ ဗိုလ် ၂ဦး ကျဆုံး

ဧပြီလ ၉ရက်။ စောသိန်းမြင့်(ကေအိုင်စီ)

ကရင်ပြည်နယ် ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ)နှင့် နအဖတပ်ဖွဲ့ဝင်တို့ကြား ဧပြီလ ၇ရက်နေ့မှစ၍ ယနေ့အထိ သုံးရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖဘက်မှ ဗိုလ် (၂)ဦး အပါအ၀င် ၄ဦး ကျဆုံးခဲ့သည်ဟု ကေအဲန်ယူ တပ်မဟာ (၇)မှ ထိပ်တန်းအရာရှိတဦးက ကေအိုင်စီကို ပြောသည်။

ယခုလ ၇ရက်နှင့် ၈ရက်နေ့တွင် ကေအဲန်ယူ တပ်မဟာ (၇)နယ်မြေ ခလယ်ဒေးဂွင်၌ လှုပ်ရှားနေသော အင်အား (၈၀)ကျော်ရှိ နအဖ စကခ(၁၉) လက်အောက်ခံ ဒုဗိုလ်မှူးကြီးမြင့်တိုး ဦးဆောင်သည့် ခမရ(၅၈၈)တပ်ရင်းနှင့်တကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့မနက်၌ အရှေ့တောင်တိုင်း စစ်ဌာနချုပ်-ရတခ လက်အောက်ခံ အင်အား (၁၀၀)ကျော်ရှိ ဒုဗိုလ်မှူးကြီးခင်မောင်ကို ဦးစီး သော ခလရ(၂၇၅)တပ်ရင်းနှင့်တကြိမ် ထိပ်တိုက် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။



အဆိုပါတိုက်ပွဲနှစ်ရက်တွင် နအဖစစ်တပ်ဘက်မှ ဒုဗိုလ်တဦး အပါအ၀င် ၄ဦးသေဆုံးပြီး ၄ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်အယ်လ်အေ တပ်မဟာ(၇) ရုံးထိုင်မှူး ဗိုလ်မှူးစောအယ်ဆဲဆဲက ပြောသည်။

၎င်းက “၇ရက်နေ့က ၀ိုင်းထော်နဲ့ ရှမ်းရွာသစ်ကြားမှာ ကျနော်တို့လှုပ်ရှားတပ်ဖွဲ့နဲ့ ခမရ(၅၈၈) တကြိမ်ဖြစ်တယ်။ အဲဒီမှာ နအဖ ဒုဗိုလ်တယောက် သေသွားတယ်။ တပ်သား (၂)ယောက် ဒဏ်ရာရတယ်။ ၈ရက်နေ့မှာ အဲဒီအဖွဲ့နဲ့ပဲ တကြိမ်ထပ်ဖြစ်တယ်။ နအဖဘက်က ဗိုလ်ကြီးတယောက် အပါအ၀င် (၃)ယောက်သေပြီး (၂)ယောက်ဒဏ်ရာရတယ်။ ဒီနေ့မနက် (၉)နာရီ (၁၅)မိ နစ်လောက် မယ်သဝေါကားလမ်းမှာ ရတခ ခလရ(၂၇၅)တပ်ဖွဲ့နဲ့ ခြောက်မိနစ်လောက် အပြန်အလှန် ပစ်ခတ်ကြပြီး ထိခိုက်မှု တော့ မသိရသေးဘူး။ ကျနော်တို့ဘက်က ထိခိုက်မှု တစုံတရာမှ မရှိဘူး”ဟု ပြောသည်။

ထိုဒေသတွင် အခြေချလှုပ်ရှားလျှက်ရှိသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(ဒီကေဘီအေ) တပ်မ ဟာ(၉၉၉) တပ်ရင်း(၇)မှ တပ်မှူးတဦးက အဆိုပါတိုက်ပွဲမှာ အမှန်တကယ် ဖြစ်ပွားခဲ့သည်ဟု အတည်ပြုပြောဆိုသည်။

ကေအဲန်ယူ တပ်မဟာ (၇)နယ်မြေတွင် ပြီးခဲ့သည့် ၂၀၀၉ခုနှစ်က ကေအဲန်အယ်လ်အေနှင့် နအဖစစ်တပ်ဖွဲ့ဝင်တို့ကြား တိုက် ပွဲဖြစ်ပွားမှုများရှိခဲ့ပြီး ၂၀၁၀ခုနှစ် ၃လကျော်အတွင်း ယနေ့အထိ လေးကြိမ် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

အလားတူ ကေအဲန်ယူ တပ်မဟာ (၆)နယ်မြေ၌လည်း ပြီးခဲ့သည့် မတ်လ ၂၉ရက်နေ့တွင် ဒီကေဘီအေ တပ်မဟာ(၅) လက် အောက်ခံ တပ်ရင်း(၉၀၇)နှင့် နအဖစစ်တပ် စကခ(၁၂)လက်အောက်ခံ ခမရ (၉၀၄)ပူးပေါင်းတပ်နှင့် ကေအဲန်အယ်လ်အေ တပ်ရင်း(၂၀၁)တို့ကြား ၂၂မိနစ်ကြာ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖတပ်သား (၂)ဦးထိခိုက်ဒဏ်ရာရရှိပြီး ကေအဲန်အယ်လ် အေမှ ၁ဦး ထိခိုက်မှုရှိကြောင်း ၎င်းကေအဲန်အယ်လ်အေတပ်ရင်းမှ ဗိုလ်မှူးစောကြည်အောင်က ပြောသည်။

လက်ရှိအချိန်တွင် ဖားအံခရိုင်အတွင်း၌ နအဖ စကခ(၁၉)နှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ရင်းများ၊ ဒီ ကေဘီအေ တပ်မဟာ(၃၃၃)၊(၅၅၅)၊(၉၉၉)၊ လက်အောက်ခံတပ်ရင်းများနှင့် ကေအဲန်ယူ တပ်မဟာ(၇) လက်အောက်ခံတပ် ရင်းတို့ ပုံမှန်လှုပ်ရှားလျှက်ရှိသည်။

မှော်ရုံတောကပြန်ခဲ့ပါ

ဧပြီ ၉၊ ၂၀၁၀
ဓါတ်ပုံ-ကေအိုင်စီ

မှော်ရုံတောကပြန်ခဲ့ပါ



ကြည့်စမ်းပါအုံး……..
ဒါ…မင်းတူ၊တူမတွေလေ
အဖေအမေနဲ့အတူ
မနိုင်နိုင်တာလေးထမ်းရင်း
ငိုရင်းပြေးရင်း၊ မိုင်းနင်းရင်း
သြော်..ဆင်းရဲတွင်းနက်နေကြတာတွေလေ။



ကြည့်စမ်းပါအုံး……..
ဗုံးသံ၊ ယမ်းသံ၊ ငိုငြီးသံကြား
ပြေးလွားရှောင်ကွင်း၊ ခရီးပြင်းနှင်နေကြ
မုဆိုးမ အမေအိုတို့နဲ့
ကိုယ်ဝန်သည်တွေလဲ
မိုးထဲ ရေထဲ၊ ဝမ်းဆွဲမပါ
တောထဲမှာ မွေးလိုက်ရတာတွေလေ။


ကြည့်စမ်းပါအုံး……..
မုဆိုးမရွာလို့ဘဲခေါ်မလား
လင်ယောကျာင်္းတွေ
ပေါ်တာပါသွားပြီးနောက်
မိန်းမတွေ ရွာသူကြီးဖြစ်ပြန်တော့လဲ
အားနွဲ့မိန်းမသားဆိုပြီး
ညှာတာထားတာတွေဝေးစွ
ဒုက္ခက ရှုတ်ပွလှပါတယ်လေ။


ကြည့်စမ်းပါအုံး……..
ကူညီမဲ့သူ၊ ကယ်သူမျှော်နေကြတဲ့
ဆာလောင်နေကြ၊ သူတို့ခမျာ
ဘယ်တာမှာခရီးဆုံးမလဲ
တဝဲလည်လည်မေးခွန်းများနဲ့
မျှော်လင့်ချက်မဲ့နေကြပေါ့သားရယ်။

သားတို့ရေ ..အခုအခါ
မင်းရဲ့အကူအညီတခု
မင်းရဲ့အပြုအစု
မင်းရဲ့ကာကွယ်ပေးနိုင်မှု
မင်းရဲ့သွန်သင်မှုသာရှိခဲ့မယ်ဆိုရင်
မင်းဟာ သူတို့ရဲ့ အမေတို့ရဲ့
မြင့်မြတ်တဲ့ သူရဲကောင်းပေါ့။

အမေတို့မှာ
ထမီတိုတို၊ ရေစိုစိုနဲ့
ငိုယိုပြေးလွှားနေရ
ခောတ်သစ် မပဋာတယောက်လို
ဆောက်တည်ရာမဲ့နေတုန်းပါ။

တတိယနိုင်ငံမှာ
ပညာတွေသင်၊ စာတွေသင်လဲ
အရင်တခါက ဘဝတွေအတွက်
ထည့်တွက်စဉ်းစား မေ့မထားနဲ့နော်။

အဲဒီမှာ
ပကာသန၊ အလှအဖုံ
ရောင်စုံဆေးဆိုးဖော်ထားကြ
အပေါ်ယံအလွှာပါးက
အားကျစရာတွေမို့
မှင်သက်လို့နေသလား သားရေ။

အဲဒီမှာ
အမေတို့မျှော်လင့်တဲ့
မြင့်မြတ်တင့်တယ် ပန်းတိုင်မရှိဘူး။
ဆင့်ကဲပျက်စဉ်တွေပေး
အလှမ်းဝေးခြင်းတွေသာရှိတယ်။

အဖော်တွေအစုံနဲ့
အပျော်တွေစုံပါတယ်
အညှော်တွေစုံပါတယ်
မတော်တရော်တွေထုံတဲ့
မှော်ရုံတောကပြန်ခဲ့ပါတော့…သားရယ်။ ။

(လင်္ကာဒီပ)

မှတ်ချက်။ ။လမ်းမှားများပေါ်တွင်လျောက်နေကြသော၊ သိုးမဲဖြစ်မှန်းမသိဖြစ်
နေကြသော
အဝေးရောက် ကရင့်မျိုးဆက်ညီအစ်ကို မောင်မယ်အချို့ကို
လက်ရှိကရင့်ဘဝအခြေအနေမှန
် ချိန်ထိုးပြရင်း မပြီဆုံးသေးတဲ့တော်လှန်ရေး၊ မရောက်သေးတဲ့မျှော်လင့်ချက်ပန်းတိုင်အတွက် သတိတရားပြန်လည်ရရှိလား
ရေးအတွက်ရည်ရွယ်ရင်း၊ စွမ်းစွမ်းတမံနဲ့ တော်လှန်ရေးလမ်းပေါ်တွင် မမှိတ်မသုန်တန်းတူရေးတိုက်ပွဲဝင်နေသောကရင်အမျိုးသမီးခေါင်းဆောင်များ
ကိုလေးစားသမှုထားရင်း
(၂၅)နှစ်မြောက် ကရင်အမျိုးသမီးအစည်းအရုံး ငွေရတု
သဘင်နေ့အတွက် ကျွန်ုပ်မှဂုဏ်ပြုမှတ်
တမ်းတင်အပ်ပါသည်။

Thursday, April 8, 2010

IDPs ကလေးငယ်များ ခိုလှုံရာကင်းမဲ့နေ

ဧပြီလ ၈ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

စစ်အစိုးရမှ သတ်မှတ်ခံရထားသော အနက်ရောင်နယ်မြေအတွင်းရှိ ဌာနေမဲ့ ပြည်သူ(အိုင်ဒီပီ) ကလေးငယ်များသည် အကူအညီ ကင်းမဲ့လျှက်ရှိကြောင်း Free Burma Rangers နှင့် Partners အဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်သည်။

ယမန်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ နိုင်ငံခြားသတင်းထောက်များကလပ်တွင် Free Burma Rangers နှင့် Partners တို့ ပူးတွဲထုတ်ဝေသည့် “ခိုလှုံရာမဲ့ကလေးများ( Launch of Displaced Childhoods)”အမည်ရှိ အစီရင်ခံစာကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။



အဆိုပါ အစီရင်ခံစာထုတ်ဝေရခြင်းနှင့် ပတ်သက်၍ Partners အဖွဲ့မှ တာဝန်ရှိသူတဦးဖြစ်သူ Mrs. Sonyaက “ဒီအစီရင်ခံစာကို ထုတ်ပြန်ရတာက အိုင်စီပီဒေသတွေမှာရှိတဲ့ မြန်မာတိုင်းရင်းသား ကလေးငယ်တွေ ကြုံတွေ့နေရတဲ့ ခိုကိုးရာမဲ့ဘ၀တွေကို နိုင်ငံတ ကာ သိရှိဖို့ရယ်။ ဒီအကြောင်းအရာတွေကို သိရှိပြီးတော့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာမိသားစုတွေက မြန်မာစစ်အစိုးရကို နိုင်ငံရေး အရ ပိုမိုဖိအားပေးရန်ရည်ရွယ်ပြီး ထုတ်ပြန်ရတာဖြစ်တယ်”ဟု ပြောသည်။

အစီရင်ခံစာ ဖြစ်မြောက်ရေးအတွက် သတင်းအချက်အလက်များ ကိုယ်တိုင်ကောက်ခံခဲ့သူ Free Burma Ranger မှ တာဝန်ရှိသူ စောမန်းကီးက “ကလေးတွေ အကူအညီကင်းမဲ့မှုဟာ မြန်မာတပြည်လုံးမှာ ရှိနေပါတယ်။ အထူးသဖြင့် မြန်မာပြည်အရှေ့ဖက်ခြမ်း အနက်ရောင်နယ်မြေလို့ သတ်မှတ်ခံရတဲ့ တိုင်းရင်းသားဒေသတွေမှာ ကလေးတွေဟာ နအဖစစ်တပ်တွေရဲ့ အဓမ္မခိုင်းစေတဲ့အပြင် တိုက်ပွားဖြစ်ပွားနေတဲ့နေရာတွေမှာဆိုရင် လူကြီးတွေလို အသက်ကို စတေးပစ်ခဲ့ရတယ်”ဟု ပြောသည်။

အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော စာမျက်နှာ (၁၀၇)မျက်နှာရှိ ထိုအစီရင်ခံစာတွင် ကလေးသူငယ်များအား သတ်ဖြတ်မှုများ၊ ဖိနှိပ်ညှင်းပမ်းမှုများ၊ ဖမ်းဆီးထောင်သွင်းအကျဉ်းချမှုများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ ကျောင်းနေအရွယ် ကျောင်းမနေရမှု များ၊ ကျန်းမာရေးချို့တဲ့မှုများအပြင် ကလေးများ ဘ၀လုံခြုံမှုမရှိခြင်းနှင့် အကူအညီကင်းမဲ့ခြင်းတို့ ကြုံနေရသည်ဟု ဖော်ပြထား သည်။

အဆိုပါ အစီရင်ခံစာကို FBR နှင့် Partners အဖွဲ့ဝင်များက ၂၀၀၂ခုနှစ်မှစ၍ ၂၀၁၀ခုနှစ် ဇန်န၀ါရီလအထိ ရခိုင်၊ ချင်း၊ ကချင်၊ ကရင်၊ ကရင်နီ၊ မွန်နှင့် ရှမ်းပြည်နယ်တို့တွင် အချက်အလက်များကို ကိုယ်တိုင်သွားရောက်ကောက်ယူသည့်အပြင် ယင်းဒေသများ မှ ကလေးငယ် ၁၇၅ဦးကို တွေ့ဆုံမေးမြန်း၍ ဓါတ်ပုံ၊ ဗွီဒီယိုများဖြင့် မှတ်တမ်းရယူပြီး ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

လွန်ခဲ့သည့်ရက်သတ္တပတ်က အိုင်ဒီပီများ၏နေရာသို့ သွားရောက်ခဲ့သူ Partners အဖွဲ့ဝင် စောကချေးဝါးက “ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လ ၃ရက်နေ့က ကျောက်ကြီးမြို့နယ်မှာရှိတဲ့ ကေအဲန်အယ်လ်အေနေရာကို နအဖစစ်တပ်မှ ၀င်ရောက်တိုက်ခိုက်တဲ့အချိန်မှာ ပြည် သူတွေလည်း ထွက်ပြေးနေရတယ်။ အဲဒီအထဲမှာ အများစုက ကလေးငယ်တွေဖြစ်ကြပါတယ်။ အဲဒီဒေသက အရမ်းအေးတော့ ကလေးတွေလည်း ရာသီဥတုဒဏ် မခံနိုင်ဘူး။ ဖျားနာနေကြတယ်။ ကျနော်တို့အဖွဲ့လည်း အန္တရာယ်ကြားကနေ စွန့်စားပြီး ဆေး လိုက်ကုရတယ်”ဟု ပြောသည်။

၂၀၀၂ခုနှစ်မှ ၂၀၀၉ခုနှစ်ကုန်အထိ မြန်မာပြည်အရှေ့ဘက်ခြမ်းရှိ ဒေသခံရွာသား ၅၈၀,၀၀၀ဦးအထဲမှ ကလေးငယ် ၁၉၀,၀၀၀ ကျော်သည် ပြည်တွင်းဒုက္ခသည် (အိုင်ဒီပီ)အဖြစ် အတင်းအဓမ္မ သွတ်သွင်းခံရသည်ဟု အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားပြီး ကုလသမဂ္ဂအနေဖြင့် ကော်မရှင်တရပ် ဖွဲ့စည်းကာ မြန်မာနိုင်ငံ၌ အုပ်စိုးသူ စစ်အစိုးရကျူးလွန်နေသော နိုင်ငံတကာရာဇ၀တ်မှုများ ကို တရားဝင် ၀င်ရောက်စစ်ဆေးမှုများ ပြုလုပ်ရန် ယခုအစီရင်ခံစာကို ထုတ်ဝေသည့် အဖွဲ့နှစ်ဖွဲ့က ပူးတွဲတောင်းဆိုလိုက်သည်။

Partners အဖွဲ့သည် ထိုင်း-မြန်မာနယ်စပ်ရှိ ကလေးငယ်များကို ကူညီစောင့်ရှောက်ရန် ၁၉၉၅ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး FBR အဖွဲ့သည် တိုင်းရင်းသားနယ်မြေအသီးသီးရှိ တိုက်ပွဲဖြစ်ပွားရာဒေသများတွင် ပြည်သူများ ကြုံတွေ့နေသော အခက်အခဲအမျိုးမျိုး ကို ကူညီပေးရန် ရည်ရွယ်ကာ ကချင်၊ ကရင်၊ ကရင်နီ၊ ရှမ်း၊ ရခိုင်၊ ပအိုဝ်း၊ ချင်း၊ လားဟူ အပါအ၀င် လူမျိုးပေါင်း (၁၀)ခုဖြင့် ၁၉၉၇ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။

Partners နှင့် Free Burma Rangers သည် လူ့အခွင့်ချိုးဖောက်မှုနှင့်ပတ်သက်၍ ပြီးခဲ့သည့်နှစ်များက အစီရင်ခံစာများ အလျင်း သင့်သလို ထုတ်ဝေခဲ့သော်လည်း ကလေးငယ်များနှင့် ပတ်သက်သည့် ယခု ခိုကိုးရာမဲ့ကလေးများ အစီရင်ခံစာမှာ ပထမဦးဆုံး ဖြစ် သည်။

Wednesday, April 7, 2010

KIC March 2010

KIC March 2010 - Edit New

ABMA Journal Volume 1 No 5

ကေဒဗလျူအို၏ ၂၅နှစ်မြောက် ငွေရတုသဘင်နေ့ အခမ်းအနား ကျင်းပခဲ့

ဧပြီလ ၆ရက်။ နန်းထူးစံ (ကေအိုင်စီ)

ကရင်အမျိုးသမီးအစည်းအရုံး(ကေဒဗလျူအို)၏
၂၅နှစ်မြောက် ငွေရတုသဘင်နေ့ အခမ်းအနားကို ယမန်
နေ့က ထိုင်း-မြန်မာ နယ်စပ်တနေရာတွင် ကျင်းပပြုလုပ်
ခဲ့သည်ဟု သိရသည်။

ထိုအခမ်းအနားကို ကရင်ပြည်နယ်အတွင်းရှိ ခရိုင် (၇)ခုနှင့်
အထူးဒေသ (၂)ခုမှ ကရင်အမျိုးသမီးကိုယ်စားလှယ်များ၊
ဧည့် သည်တော်များ စုစုပေါင်း (၅၀၀)ဦး တက်ရောက်ခဲ့
ကြပြီး ၂၅နှစ်တိုင်တိုင် ကေဒဗလျူအို၏ လုပ်ငန်းများကို
အချိန်ပြည့် တာဝန် ထမ်းဆောင်လျှက်ရှိသော အမျိုးသမီး
၈ဦးကိုလည်း အခမ်းအနားတွင် မှတ်တမ်းတင် ဂုဏ်ပြုခဲ့ကြောင်း
ယမန်နေ့ထုတ် ကြေညာချက်တွင် ဖော်ပြထားသည်။



ငွေရတုသဘင် အခမ်းအနား မကျင်းပခင် သုံးရက်အလိုတွင် အဖွဲ့အစည်း၏ လုပ်ငန်းစဉ်များ၊
ဆောင်ရွက်ချက်များကို ပြန်လည် သုံးသပ်ခြင်းနှင့်အတူ လက်ရှိနိုင်ငံရေးအခြေအနေများကို
ဆွေးနွေးသုံးသပ်ကာ နအဖ စစ်အစိုးရတို့ ကျင်းပပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲသည်
၎င်းတို့ အာဏာတည်တံ့ရေးသာ ဖြစ်သဖြင့် ကေဒဗလျူအိုအနေဖြင့် ဆန့်ကျင်ရှုတ်ချကြောင်း
အတွင်းရေး မှူး နန်းဒါးအဲကလယ်က ပြောသည်။

သူမက “လက်ရှိ နအဖတို့ ကျင်းပမဲ့ ရွေးကောက်ပွဲဟာ သူတို့ အာဏာသက်ဆိုးရှည်ဖို့
လုပ်နေတာဖြစ်တယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲတရပ် မဟုတ်တဲ့အတွက်ကြောင့်
ကျမတို့ ကေဒဗလျူအို အမျိုးသမီးထုအနေနဲ့ ရှုတ်ချတယ်။ ကျမတို့ လုပ်နိုင် သမျှ
ဆန့်ကျင်သွားမယ်”ဟု ကေအိုင်စီကို ပြောသည်။

ငွေရတုသဘင် အခမ်းအနားတွင် ဂုဏ်ပြုခံရသည့် အမျိုးသမီးခေါင်းဆောင်အချို့

ထို့အပြင် အစည်းအဝေးတွင် အမျိုးသမီးများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊
နိုင်ငံရေးအသိအမြင် ပိုမိုတိုးတက် မြင့်မား လာစေရေးနှင့် ကရင်အမျိုးသမီးများ၏
စွမ်းရည်မြှင်တင်ရေး လုပ်ငန်းစဉ်များ ဆက်လက် အကောင်အထည်ဖော်သွားရန် ရှေ့
လုပ်ငန်းစဉ်အဖြစ် ဗဟိုကော်မတီဝင် ကိုယ်စားလှယ်များက ဆုံးဖြတ်ခဲ့ကြသည်။

ကရင်အမျိုးသမီးအစည်းအရုံး (ကေဒဗလျူအို)ကို ၁၉၈၅ခုနှစ် ဧပြီလ ၅ရက်နေ့တွင်
စတင်တည်ထောင်ခဲ့ပြီး ပြီးခဲ့သည့် ဖေ ဖော်ဝါရီလ ၂၅ရက်နေ့က ထုတ်ဝေသည့်
အစီရင်ခံစာ အပါအ၀င် ကရင်ပြည်နယ်အတွင်းရှိ အမျိုးသမီးများ တွေ့ကြုံရင်ဆိုင်
ခံ စားမှုများကို ဖော်ထုတ်သည့် အစီရင်ခံစာ သုံးအုပ် ထုတ်ဝေခဲ့ပြီးဖြစ်သည်။

Monday, April 5, 2010

ကဗျာဆရာစောဝေနှင့်ကိုမြင့်စိုး(NLD)တို့ပြန်လည်လွတ်မြောက်လာ


ဘယ်ဘက်ကမျက်မှန်နဲ့ ကဗျာဆရာ ကိုစောဝေပါ။

၂ဝဝ၈ခုနှစ် ဇန်နဝါရီ ၂၁ ရက်နေ့က “အာဏာရူးကြီး မှူးကြီး သန်းရွှေ” ကဗျာရေးသားမှုဖြင့် ဖမ်းဆီးချုပ်နှောင်ခြင်းခံရတဲ့ ကဗျာဆရာကိုစောဝေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့မှ ကိုမြင့်စိုးတို့ ကြာသာပတေးနေ့ နေ့လည်က ပြန်လည်လွတ်မြောက် လာကြောင်းသိရှိရပါတယ်။

ကဗျာဆရာကိုစောဝေဟာ ၂၀၀၈ခုနှစ် က ဇန်နဝါရီလက အချစ်ဂျာနယ်မှာ ချစ်သူများနေ့အထိမ်းအမှတ် ဖေဖော်ဝါရီ ၁၄ကဗျာဖြင့် " အာဏာရှုးကြီးမှုးကြီးသန်းရွှေ "စာသားကို ရေးသားမှုဖြင့် ထောင်ဒဏ်(၂)နှစ် ချမှတ်ခြင်းခံခဲ့ရပြီး ဧပြီလ၁ရက်နေ့က ပြန်လည် လွတ်မြောက်လာပါတယ်။ ကဗျာဆရာကိုစောဝေရဲ့ ကဗျာကို ထည့်သွင်းခွင့်ပြုတဲ့ အချစ်ဂျာနယ်အယ်ဒီတာချုပ် စစ်အစိုးရ အလိုတော်ရိ မီဒီယာကို မီဒီယာဖြင့်တိုက်မယ်ဆိုတဲ့ ဗိုလ်ကျော်ဆန်းရဲ့တပည့် မြတ်ခိုင်ဖြစ်ပြီး၊ ထုတ်ဝေသူကတော့ ဂျပန်ပြန် သာကူး မောင်ပန်းမွှေးဖြစ်ပါတယ်။ ထိုစဉ်ကကိုစောဝေရဲ့ ကဗျာကို မြတ်ခိုင်မှ တာဝန်ယူသည်ဆိုပြီး အချစ်ဂျာနယ်တွင် ထည့်သွင်းပေးခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ တာဝန်ခံမြတ်ခိုင်နှင့် မောင်ပန်းမွှေးတို့မှာမူ အရေးယူခံရခြင်းမရှိခဲ့ပါဘူး။


ကဗျာဆရာကိုစောဝေရဲ့ ဖေဖော်ဝါရီလ ၁၄ကဗျာ

မနေ့က ပြန်လည်လွတ်မြောက်တဲ့ သူတွေထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့မှ ကိုမြင့်စိုးလည်း ပါဝင်ကြောင်းသိရှိရပြီး (၂)ဦးလုံး လွတ်ရက်စေ့ပြီးမှ လွတ်မြောက်လာသူတွေ ဖြစ်ကြောင်းသိရှိရပါတယ်။

သတင်း... ဒီမိုဝေယ(ကိုထိုက်မှတဆင့် ကူးယူဖော်ပြပါသည်။)

Saturday, April 3, 2010

ဒီကေဘီအေနှင့် ငြိမ်းချမ်းရေးအဖွဲ့များသို့စောကျော်ခွီး၏ပေးစာ

ဧပြီ ၄၊ ၂၀၁၀ စောကျော်ခွီး

ညီအစ်ကို ရဲဘော်တို့......
မင်းတို့ အထင်ကြီးလေးစားနေတဲ့ ဗမာစစ်ရာဇဝတ်ကောင်တွေဟာ
ဘယ်အချိန်၊ ဘယ်အခါမှ ကတိတည်တဲ့ အတန်းအစားတွေ မဟုတ်
ဖူးဆိုတာ မင်းတို့သဘောပေါက်သင့်တယ်။ တို့ ကရင်တွေကို စည်းလုံး
ညီညွတ်မှု ပျက်ပြားအောင် သွေးထိုးလှုပ်ဆော်၊ ရာထူးဌာနတွေနဲ့မျှား၊
ငွေကြေးမက်လုံးတွေနဲ့မျှား၊ ဘာသာရေးနဲ့ခွဲထုတ်၊ စီးပွားရေး လုပ်ကွက်
တွေနဲ့ဘမ်းပြပြီး ငါတို့ ကရင်တွေကို အယုံသွင်းပျက်စီးစေနေတာ ငါ့ညီ
အစ်ကို ဒီကေဘီအေနဲ့ ငြိမ်းချမ်းရေးအဖွဲ့တွေလဲ အသိပါ။ မသိရင် ထပ
်ပြောပြမယ်။


တို့ကရင်တွေဟာရိုးသားကြတယ်၊ သစ္စာရှိကြတယ်။ လိမ္မာပါးနပ်မှုမရှိကြဘူး။
ဗမာမဟာလူမျိုးကြီး စစ်အုပ်စုတွေကျတော့ ကောက်ကျစ်တယ်၊
စဉ်းလဲတယ်၊ နောက်ဆုံးပြောမယ် ရေခပ်ရင်တောင် အနည်မထဘူး။ အဲလို
ဥာဏ်နီ၊ ဥာဏ်နက်နဲ့လိမ္မာပါးနပ်လွန်းတဲ့အပြင် သူများဘာသာမပြောနဲ့
မိမိယုံကြည်သက်ဝင်တဲ့ ဘာသာကိုတောင် ဖျက်ဆီးနေတဲ့သူတွေကို ဘယ်လို
နည်းနဲ့မှ မင်းတို့ တွေ ဆည်းကပ်မှီတွယ်နေစရာမလိုဘူး။

သူတို့တွေဟာ မိစ္ဆာဒိဌိတွေဖြစ်တဲ့အပြင် သူတို့အတွက်လိုအပ
်လာရင် ဘယ်လူမျိုး၊ ဘယ်အရာ၊ ဘယ်ပုဂိုလ်မဆို အစားထိုး ချကျွေးရင်းပစ်မဲ့
သွေးကြောင်၊ သွေးပျက်နေတဲ့ လားရာမကောင်းနိုင်တော့တဲ့သူတွေဖြစ်တယ်။
အဲဒီလိုလူမျိုးတွေရဲ့နောက်လိုက်လုပ်နေသရွေ့ တို့ကရင်တွေရဲ့ဘဝတွေဟာ
အင်မတန်မှ အဖတ်ဆည်မရဖြစ်နေလိမ့်မယ်။

ကရင်တွေရဲ့ အောက်ခြေလူတန်းစားဘဝတွေထဲ ပြန်ဆင်းကြည့်ပါအုံးရဲဘော်တို့။
ဗျာပါသောက အပူမီးတွေနဲ့အနှစ်နှစ်အလလ မျှော်လင့်ချက်မဲ့၊ ခိုကိုးရာမဲ့၊
ကျန်းမာရေး၊ ပညာရေး အဖက်ဖက်က ချွတ်ခြုံကျနေရတဲ့ မင်းတို့လူမျိုးတွေ၊
ငါတို့လူမျိုးတွေရဲ့ဘဝတွေကို သေချာပြန်လည်ကြည့်လှည့်ပါအုံးကွာ။

ဗမာ နအဖတွေကို ကြောက်ရ၊ မင်းတို့ကိုပါ တဖန်အားကိုးဖော်မရဘဲ ပြန်ကြောက်
နေရတဲ့ အိုးပစ်၊ အိမ်ပစ် ထွက်ပြေးနေရတဲ့ မင်းတို့ရဲ့ ကရင်အမျိုးအနွယ်တွေရဲ့
ထိန့်လန့်ငိုကြွေးနေတဲ့မျက်နှာကို ပြန်လည် မြင်ယောင်စမ်းပါအုံးကွာ။ မင်းညီမတွေ၊
မင်းအစ်မတွေ မှုဒိန်းကျင့်ခံနေရတာ မင်းပျော်နေသလား ရဲဘော်။ မင်းရဲ့အဖေ၊ အမေ၊
ညီအစ်ကိုတွေ အသတ်ခံနေရတာ မင်းကြည့်ရက်သလားရဲဘော်။

သူတို့တွေမှာ ထမင်းတစ်လုပ်စားဖို့အတွက်အခက်အခဲတွေကြုံနေရတဲ့အပြင်
အဲဒီထမင်းလေးကို ဝေမျှစားရင်းနဲ့ဘဲ သူတို့ဘယ်တော့ အသတ်ခံရမလဲဆိုတာစိုးရိမ်ထိန့်
လန့်နေကြရတယ်။ သေဖို့ရက်တွေကို မဝရေစာ ထမင်းလေးစားရင်း အကြောက်တရား
တွေနဲ့စောင့်နေကြရတယ်။ အဲဒီလူတွေကလဲ မင်းတို့ချစ်တဲ့ မင်းတို့ကရင်မိသားစုတွေလေ။
ညီအစ်ကို အချင်းချင်းရန်တိုက်ပေးပြီး သူခိုင်းတာကို ရွပ်ရွပ်ချွန်ချွန် တာဝန်ထမ်းဆောင်
ပေးခဲ့လို့ မသထာရေစာ ပေးကမ်းချီးမြောက်လိုက်တာက အိမ်ကြီးခရိုင်တဲ့လား။

သူများမြှောက်လို့ ဂွေးတက်အောင်ထကနေတဲ့ အဲဒီ ကျောက်ရူးကလဲတမှောင့်။ အဲဒီမှာ
မင်းတို့တွေ စံပျော်ခွင့်မရှိပါဘူး။ “ချစ်သူ”တို့ နလဘိန်းတုံးဇနီးမောင်နှံနဲ့ဆွေမျိုးနီးစပ်
သူတွေသာ သာသာယာခွင့်ရှိကြမဲ့နေရာဖြစ်တယ်။ နအဖစစ်အုပ်စုတွေကလဲ မလိုရင်
မလိုသလို အချိန်မရွေးဖျက်ဆီးပြစ်နိုင်တာကို "ချစ်သူ"တို့ သဘောပေါက်သင့်ပါတယ်။

နအဖစစ်အုပ်စုက သူ့အတွက် လုံခြုံမှု၊ အကာအကွယ်၊ ရပိုင်ခွင့်တွေအပြည့်ပါတဲ့ မတ
ရားသဖြင့်ရေးဆွဲထားတဲ့ (၂၀၀၈) အခြေခံဥပဒေနဲ့ သူတို့တွေ သီးသန့်ရွေးချယ်ထားတဲ့
လက်ညိုးထောင် ခေါင်းညှိမ့် အရိုးရင်းမျှော်ပါတီလေးတွေနဲ့စုပေါင်းကျင်းပမဲ့ အတု
အယောင်(၂၀၁၀)ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြဖို့လိုအပ်တယ်။
ရွေးကောက်ပွဲကို ဆန့်ကျင်မှာစိုးလို့ မင်းတို့ကို နယ်ခြားလေး ခေတ္တစောင့်ခိုင်းထား
တာပါ။ တကယ်တော့ မင်းတို့အတွက် ဘာမှ လုံခြုံမှု မရှိဘူးဆိုတာ နားလည်ရမယ်။

ညီအစ်ကိုရဲဘော်တို့......
ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ တန်းတူရေးတွေအတွက် တို့ကရင်တွေ တောင်းဆို တိုက်ပွဲဝင်
လာတာ နှစ်(၆၀)တောင်ကျော်ခဲ့ပြီဘဲ။ အုပ်စိုးသူ မဟာဗမာလူမျိုးကြီးတွေကြောင့်
မင်းတို့၊ ငါတို့တွေဟာ ဒီလက်နက်ကိုင် တော်လှန်ရေးလမ်းကို မရွေးချင်ဘဲ ရွေးလိုက်
ကြရတယ်။ တို့ ကရင့်အမျိုးသားခေါင်းဆောင် စောဘဦးကြီးပြောခဲ့သလို ဒီလက်
နက်ကိုင် တော်လှန်ရေးဟာ ပထမနဲ့ နောက်ဆုံးဖြစ်စေရမယ်။ ပန်းတိုင်မရောက်မချင်း
တို့တွေဟာ မဆုတ်မနစ် ချီတက်နေရမယ်။

ကရင်ပြည်သူတွေကို မနှိမ့်စက်ပါနဲ့၊ မူးယစ်ဆေးဝါးတွေ မလုပ်ပါနဲ့၊ နအဖခိုင်းတာ
တွေကို မလုပ်ဘဲ မင်းတို့ စွန့်ခွာခဲ့တဲ့ မိခင် ကရင်ရင်ခွင်ထဲ ပြန်လာခဲ့ပါလား။
တို့မှာ မိသားစုစိတ်ဓါတ်တွေရှိတယ်၊ အမျိုးချစ်တဲ့စိတ်တွေရှိတယ်။ အဲဒီစိတ်ဓါတ်တွေက
မင်းတို့တွေအတွက် လုံခြုံမှုတွေတွေ၊ အေးမြမှုတွေပေးနိုင်ပါတယ်။ တို့ရဲ့
အမျိုးသားတာဝန်၊ သမိုင်းပေးတာဝန်တွေအတွက် တို့တွေအတူတကွ ပြန်လည်
လက်တွဲပြီးလုပ်ကြရအောင်လို့ လက်ကမ်းဖိတ်ခေါ်ပါရစေ။

ညီညွတ်ရေးအတွက် အမြဲတမ်းနွေးထွေးစွာနဲ့ ကြိုဆိုနေမယ်ဆိုတာ မျိုးချစ်တဲ့
နှလုံးသားထဲက ပြောနေပါရစေ။ မိမိကောင်းစားရေးထက် မိမိလူမျိုး မိမိရင်သွေး
သားငယ်၊ သမီးငယ်တွေ လူတန်းစေ့ရေး၊ လူသားတိုင်းလို လူ့ဂုဏ်သိက္ခာတွေ
ရရှိပိုင်ဆိုင် ထိန်းသိမ်းနိုင်ကြရေးတွေအတွက် မင်းတို့ငါတို့တွေတာဝန်ရှိကြတယ်။

အနာဂတ်မဲ့နေတဲ့ ကရင့်ရင်သွေးများအရေး၊ ကရင်တွေ ပြတိုက်ထဲတွန်းပို့မခံရရေး၊
မိမိလူမျိုးကို ချစ်တတ်နိုင်ကြစေရေး စဉ်းစားပေးကြဖို့ပြောကြားလိုက်ပါရစေ။
တချိန်တခါက ညီအစ်ကိုအချင်းချင်း မှားယွင်းဖြစ်ပျက်ခဲ့တာတွေ၊ ရန်ငြိုးအာဃာတ
တွေကို သင်ပုန်းခြေ ပြင်ဆင်ကြပြီး တစ်ဦးနဲ့တစ်ဦး သံသယကင်းစွာ အမျိုးအတွက်
အဓိပ္ပါယ်ရှိတဲ့ ပေးဆပ်ခြင်းမျိုးနဲ့ ဆထက်တံဘိုး ပေးဆပ်ထမ်းရွက်ကြပါစို့။

Thursday, April 1, 2010

နေရပ်ရင်းပြန် ကရင်ဒုက္ခသည် ကလေးတဦး ဗုံးဒဏ်ကြောင့် သေဆုံး

VOA
01 April 2010

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ယန်မြို့နယ် အတွင်းမှာရှိတဲ့
မယ်အုစု ယာယီဒုက္ခသည် စခန်းက ကရင်ဒုက္ခသည် ၈၀၀
နီးပါးဟာ ဒီနေ့ နောက်ဆုံးထားပြီး နေရပ်ရင်းကို ပြန်နေကြပြီ
ဖြစ်ပါတယ်။ သူတို့ ပြန်သွားတဲ့ နယ်မြေဟာ စစ်ပွဲအတွင်းက
ကျန်ရှိတဲ့ မြေမြှုပ်မိုင်းတွေ မရှင်းလင်းရသေးတဲ့ နယ်မြေဖြစ်ပြီး
မနေ့ကတင် ဗုံးတလုံး ပေါက်ကွဲခဲ့တာကြောင့် ၆ နှစ်အရွယ်
ကလေးငယ်တယောက် သေဆုံးခဲ့ရပါတယ်။ အပြည့်အစုံကို
ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံ အနောက်ပိုင်း တာ့ခ်ခရိုင် ထာ့ဆောင်ယန်မြို့နယ်
အတွင်းမှာ ယာယီဒုက္ခသည်စခန်း ၃ ခုရှိပြီး အဲဒီက ဒုက္ခသည်
တွေဟာ လွန်ခဲ့တဲ့နှစ် ဇွန်လအတွင်းက မြန်မာစစ်တပ်ရဲ့ ထိုးစစ်
ကြောင့် ထိုင်းနိုင်ငံအတွင်းကို လာရောက် ခိုလှုံနေခဲ့ကြတာြ
ဖစ်ပါတယ်။



ဒီနှစ် ဇန်န၀ါရီ လကုန်ပိုင်းမှာတော့ မြန်မာပြည်ဘက်မှာ တိုက်ပွဲတွေ
မရှိတော့လို့ သူတို့ကို နေရပ်ရင်း ပြန်ဖို့အတွက် ထိုင်းအာဏာပိုင်တွေ
ဘက်က စတင် စီစဉ်လာခဲ့ပြီး ဒီကနေ့မှာတော့ မယ်အုစု ယာယီစခန်းက
ဒုကသည်အကုန် နေရပ်ရင်း ပြန်ကြပြီလို့ စခန်း တာဝန်ရှိသူ တယောက်
က ပြောပါတယ်။

“မနေ့က ပြန်ကြတာ၊ သူတို့ အခု အကုန်လုံး ပြန်ကြပြီ။ အိမ်ထောင်စု
၁၂၀၊ လူဦးရေက ၇၀၀ ကျော် မယ်အုစုကနေ ပြန်ကြတာ။”

အခြား စခန်းတာဝန်ရှိသူ တယောက်ကတော့ အမျိုးသမီးနဲ့ ကလေး အပါအ၀င်
ပြန်သူစုစုပေါင်း ၇၈၅ ယောက် ရှိတယ်လို့ ပြောပါတယ်။

ထာ့ဆောင်ယန်မြို့နယ်က အခြား ယာယီစခန်းတခု ဖြစ်တဲ့ နောင်ဘိုးစခန်းက
ပြန်သွားသူတွေရဲ့ အခြေအနေကိုတော့ တာဝန်ရှိသူ တယောက်က အခုလို
ပြောပါတယ်။

“ကျနော်တို့ဘက်မှာလည်း မနေ့က စထွက်တယ်။ ဒီနေ့ သူတို့ ကုန်တယ်ပေါ့နော်။
မိသားစု ၂၁ စု၊ လူဦးရေ ၁၀၈ ယောက်ပေါ့။ ပြီးတော့ အခု ဒီဘက်မှာ
တာဝန်ယူနေတဲ့ ထိုင်းစစ်သားတချို့ပေါ့နော်၊ နယ်စပ်က စစ်သားတွေလည်းပဲ
တာဝန်ကျတဲ့ တခြားနေရာကို ပြန်သွားရမယ်လို့ ပြောသံကြားတာပေါ့။”

နောင်ဘိုးစခန်းက ထွက်ခွာသွားသူတွေ တချို့ကတော့ နေရပ်ရင်း မြန်မာပြည်
ဘက်ကို မပြန်ဘဲ ထိုင်းနိုင်ငံအတွင်းက အခြားဒေသတွေမှာ ခိုလှုံနေတယ်လို့
ပြောပါတယ်။

ကျန်စခန်းတခုဖြစ်တဲ့ မယ့်စလစ်စခန်းက အခြေအနေကိုတော့ ဆက်သွယ်လို့
မရပါဘူး။

ယာယီစခန်း ၂ ခုက ပြန်သွားတဲ့ ဒုက္ခသည်တွေကို TBBC ခေါ် ဒုက္ခသည်တွေ
ကို ရိက္ခာ ထောက်ပံ့ပေးနေတဲ့ အဖွဲ့က တလစာ ရိက္ခာ ထုတ်ပေးပြီး သူတို့ကို
သုံးလအထိ ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။

လွန်ခဲ့နှစ်က ဒီယာယီစခန်း ၃ ခုကို ရောက်လာတဲ့ ဒုက္ခသည် စုစုပေါင်းဟာ
၃,၀၀၀ လောက် ရှိမယ်လို့ ဒုက္ခသည်အရေး ကူညီသူတွေက ခန့်မှန်းပါတယ်။

ထိုင်းအစိုးရက ယာယီဒုက္ခသည်တွေကို ပြန်ပို့ဖို့ စတင် စီစဉ်ခဲ့တုန်းက ဒုက္ခသည်ေ
တွ ပြန်ရမယ့် နေရာဟာ စစ်ပွဲအတွင်းက ကျန်ရှိနေတဲ့ မြေမြှုပ်မိုင်းတွေ မရှင်းလင်း
ရသေးတာကြောင့် ဒုက္ခသည်အရေး ကူညီဆောင်ရွက်နေတဲ့ အဖွဲ့ ၃၅ ဖွဲ့နဲ့
အမေရိကန် လွှတ်တော်အမတ် ၂၇ ယောက်က အတင်းအကျပ် ပြန်မပို့ဘို့
ထိုင်းအစိုးရကို ပန်ကြားခဲ့ပါတယ်။

ဒါပေမဲ့ ဒေသခံ ထိုင်းစစ်တပ်တွေက ဖိအားပေးတာနဲ့ နေရေးထိုင်ရေး အခက်
အခဲတွေကြောင့် ဒုက္ခသည် တ၀က်လောက်ဟာ ဖေဖော်ဝါရီလကတည်းက ပြန်
ခဲ့ကြတယ်လို့ ဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။

နေရပ်ရင်းပြန်သွားတဲ့ ဒုက္ခသည်တွေ လက်ရှိ ကြုံတွေ့ရမယ့် အခက်အခဲကိုတော့
ကရင်ဒုက္ခသည်ရေးရာ ကူညီရေးအဖွဲ့က စောရောဘတ်ထွေးက အခုလို ပြောပါတယ်။

“အဲဒီ ရိက္ခာနဲ့ ပတ်သက်တာတွေလည်း ရှိတယ်။ အဲဒီ Security မိုင်းဗုံး
တွေလည်း ရှိတယ်။ ပြီးတော့ အဲဒီမှာ ပေါ်တာအနေနဲ့လည်း အခိုင်းခံရမယ်။
အခုလောလောဆယ်မှာ ဆိုရင် နအဖကလည်း သူတို့ကို စစ်သားစုဆောင်းရေးနဲ့
ပတ်သက်ပြီး စစ်သားခေါ်ချင်လည်း ခေါ်နိုင်တယ်။ ဒါတွေ အခက်အခဲတွေတော့
ရှိတယ်။”

မယ်အုစုစခန်းက အမည်မဖော်လိုတဲ့ တာဝန်ရှိသူ တယောက်ကတော့ မနေ့က
စစ်ပွဲလက်ကျန် အမ် ၇၉ ဗုံးသီးတလုံး ပေါက်ကွဲခဲ့တာကြောင့် ကလေးတယောက်
သေသွားတယ်လို့ ပြောပါတယ်။ ဒီသတင်းကိုတော့ ကရင်သတင်းစဉ်က
အယ်ဒီတာ နန်းဖောဂေက အခုလို ပြောပြပါတယ်။

“မနေ့ နေ့လယ်ကဆိုရင် ဒီ မယ့်လအားစီးရွာက ကလေးလေး ၂ ယောက်ဆိုရင်
သူတို့က စောပြီး ကြိုပြန်နှင့်တဲ့ အဖွဲ့တွေပေါ့။ ကျမ ထင်တာတော့ ဇန်န၀ါရီ၊
ဖေဖော်ဝါရီကတည်းက ပြန်သွားတဲ့ လူတွေထဲက အဲဒီကလေးလေး ၂ ယောက်
က တောင်ယာတဲဘေးနားမှာ မနှစ်က တိုက်ပွဲဖြစ်တဲ့ အတောအတွင်းမှာ
ကျည်ဆံမပေါက်ဘဲနဲ့ ကျန်တဲ့ ကျည်ဆံတွေ ရှိတယ်လေ။

“အဲဒီကျည်ဆံကို သွားဆော့မိတော့ ထပေါက်တယ်။ ကောင်လေးချည်းပဲ
၂ ယောက်။ ၆ နှစ်အရွယ် တယောက်က ဆုံးသွားပြီးတော့ သူ့ထက်ကြီးတဲ့
ကောင်လေးတယောက်ကတော့ အသည်းအသန်ပေါ့နော်။ ဒဏ်ရာ အပြင်းအ
ထန်ရတဲ့ အနေအထားရှိတော့ သူတို့ မယ့်အုစုပေါ့၊ ဥသုထရှိတဲ့ မယ့်အုစုဘက်
ပို့လိုက်တယ်လို့ ကြားတယ်။ အဲဒါ မနေ့က ဖြစ်တာနော်။ အဲလို အတိုင်းအတာ
ဆိုရင်တော့ မနေ့က အကုန်ပြန်သွားတဲ့ လူတွေရဲ့ အခြေအနေက
နောက်ပိုင်းဆိုရင် မဖြစ်လာဘူးလို့ ပြောလို့မရဘူး။ အသက်အန္တရာယ်ထိ
ဖြစ်လာနိုင်တယ်။ ကလေးတွေက ဘာမှ နားလည်တာ မဟုတ်ဘူး။”

ဒီရက်ပိုင်းအတွင်း ပြန်သွားကြတဲ့ ဒုက္ခသည် အများစုဟာ ဘားအံခရိုင်
ပိုင်ကျုံမြို့နယ်နဲ့ လှိုင်းဘွဲ့မြို့နယ်တွေက ဖြစ်ပြီး သူတို့တွေဟာ မိမိသဘော
ဆန္ဒအရ ပြန်သွားကြတယ် ဆိုပေမဲ့ ဒုက္ခသည်အရေး စောင့်ကြည့် လေ့လာ
သူတွေကတော့ အဲဒီအပေါ်မှာ သံသယ ရှိနေကြပါတယ်။