၁။လက်နက်ချစကား အလျဉ်းမပြောရ။ ၂။ကရင်ပြည် ပြီးပြည့်စုံရမည်။ ၃။ကရင့်လက်နက် ကရင့်လက်ထဲရှိရမည်။ ၄။ကရင့်ကြမ္မာ ကရင်ဖန်တီးရမည်။

Wednesday, December 30, 2009

ခရီးသည်တင်ကား တိမ်းမှောက်မှုကြောင့် လူ ၉ဦး သေဆုံး

ဒီဇင်ဘာ ၂၉ရက်။ ကေအိုင်စီ

မြ၀တီ-ကော့ကရိတ် တောင်ပေါ်ကားလမ်းတွင် ယမန်နေ့က ခရီးသည်တင် ဟိုင်းလက်ကားတစီး တိမ်းမှောက်ခဲ့ရာ ကားပေါ် ပါလာသည့် ခရီးသည် ၉ဦးသေဆုံးကာ ၂၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ခရီးသည် ၃၀ဦးကျော်ကို တင်ဆောင်လာသည့် အ/၄၇၂၅ နံပါတ်ပါ အဆိုပါ ခရီးသည်တင်ကားမှာ မြ၀တီနှင့် ဖြူးသို့ ပြေး ဆွဲနေခြင်းဖြစ်ပြီး ယမန်နေ့ မွန်းလွဲ ၂နာရီခန့်တွင် ကားတန်းအဆင်း၌ မောင်းနှင်သည့်အရှိန်ပြင်းသဖြင့် အလေးချိန်ကို မထိန်း နိုင်ဘဲ အလယ်ဘိုတဲအနီးတွင် ချောက်ထဲထိုးကျကာ တိမ်းမှောက်သွားခြင်းဖြစ်သည်။


ယင်းသို့ ကားတိမ်းမှောက်မှုကြောင့် စပယ်ယာ အပါအ၀င် ၄ဦး ပွဲချင်းပြီးသေဆုံးကာ အခြားဒဏ်ရာရသူများအား ကော့ကရိတ် မြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ရာ ဆေးရုံတွင် နောက်ထပ် ၅ဦး ထပ်မံ သေဆုံးသွားသည်ဟု ကော့ကရိတ်ဆေးရုံမှ တာဝန်ကျ သူနာပြုဆရာမတဦးက ပြောသည်။

“ကားမှောက်လို့ ရောက်လာတဲ့လူနာတွေက အယောက် ၂၀ကျော်လောက်ရှိတယ်။ အများစုက ပဲခူး၊ ညောင်လေးပင်တွေ ဖက်ကပဲလို့ ပြောတယ်။ သေဆုံးသွားတဲ့သူတွေအပြင် ဒဏ်ရာရတဲ့ လူနာတွေကိုတော့ ကော့ကရိတ်ဆေးရုံမှာပဲ ကုသထားပါ တယ်”ဟု အမည်မဖော်လိုသူ အဆိုပါ သူနာပြုက ကေအိုင်စီကို ယနေ့ ပြောဆိုသည်။

ယခုတိမ်းမှောက်သွားသည့် ကားပိုင်ရှင်မှာ သထုံမြို့မှ မျိုးဝင်းဆိုသူဖြစ်ပြီး မြ၀တီမှ အပြန်တွင် ယခုလို တိမ်းမှောက်မှု ဖြစ်ပွားရ ခြင်းဖြစ်သည်ဟု ကော့ကရိတ်မြို့နယ်၊ မော်တော်ယာဉ်ထိန်းသိမ်းရေးရုံးမှ ၀န်ထမ်းတဦး၏ ပြောပြချက်အရ သိရသည်။

ကရင်ပြည်နယ်၏ နယ်စပ်ဒေသဖြစ်သည့် မြ၀တီ-ကော့ကရိတ်ကားလမ်းတွင် ကားစက်ချွတ်ယွင်းခြင်း၊ သယ်ဆောင်ဝန်အား များခြင်းနှင့် လုယက်မောင်းနှင်ခြင်းများကြောင့် ကားတိမ်းမှောက်မှုများ ဖြစ်လေ့ရှိသည့်အပြင် ထိုဒေသတွင် လှုပ်ရှားနေသည့် လက်နက်ကိုင်အဖွဲ့များ အချင်းချင်း ပစ်ခတ်တိုက်ခိုက်မှုများလည်း မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

နှစ်သစ်အားမာန်

ခေါင်ဆူ.လိုင့်

ကန္တာရခရီးကြမ်း လျှောက်ရင်း
လမ်းမပျောက်ဘဲ ရေငတ်နေတဲ့ ငါ
စမ်းရေတပေါက် တွေ့သောက်မိတော့
ပေါ့ပါးရွှင်လန်း ဆန်းစစ်မိခဲ့
ရှေ့ဆက်မဲ့ ခရီးသစ်ကို
နှစ်သစ်မှာ အကြံသစ်တွေနဲ့
ခွန်အားမာန်အပြည့်မို့
ရန်စွယ်ကျော်လွှားဖို့ အသင့်တွေး
ရွေးကောက်ပွဲမတိုင်ခင်
လေး၊ မျှားတံ တင်ကြပါစို့လား…။

Sunday, December 27, 2009

သားဆိုးမိခင်၏အရင်းခံနှလုံးသား

Submitted by Karen Information Center on December 24, 2009 – 4:50 amNo Comment

လယ်ပြင်ထင်ရှား၊ ဆင်တွေသွားနှယ်
မြင်ကျယ်စူးရှ၊ ပြစ်ကွင်းလှမို့
လက်တညှိုးလေး၊ ကွေးလိုက်ယုံ
စုပြုံကာသုဉ်း၊ နင်ကျဆုံးမှာ
ငါပင်သိနေလည်း။

နင်လုပ်ချင်တိုင်း၊ လုပ်တိုင်းရနေ
ရလဒ်တွေ၊ ရမှတ်တွေဟာ
တချိန်မှာ၊ချည်လာနိုင်ခြင်း
ဇတ်ချိုးဆင်း၊ သတ်ကြိုးကွင်းရာ
ငါပင်သိနေလည်း။


မပြစ်ချင်၊ မသတ်ချင်ပြန်
အလံမထူ၊ နိုင်မယူချင်
ဖြူစင်စိတ်ထား၊ ချစ်များဝင်နေတုန်း
စစ်မှန်ဆုံး၊ ပြုံးများခင်း၍
ပွင့်လင်းခဲ့၊ နားလည်ခဲ့စေချင်။

လေရှိန်နဲ့ဝဲရာ
လေငြိမ်မလာခင်
ငါရှိရာ၊ ပျံလာသင့်ပြီမို့။
နင်နင်ငါငါ….
အာဃာတ၊ မာန်မာန
ယူအဆ၊ ခဏချတွေ့
လာကြဟေ့လား၊ ပျော်ပါးပါးပေါ့
တို့များတစ်ည၊ မေ့လိုက်ကြစဉ်
ရင်ခွင်ငြိမ်းအေး၊ မျိုးသားတေးသံ
အလံတော်အောက်၊ ဥာဏ်မျှော်ထောက်လေ
အပြုံးတွေစွက်၊ ပခုံးဖက်လို့
ဆုံးဖြတ်ညီညာ ဦးညွတ်စို့။

ယမ်းငွေ့နံ့ကင်း၊ပန်းနံ့သင်းသည်
ရောင်နီကြွယ်ဝ၊ နေ့မြတ်လှမှာ
သာယာမြည်ဟီး၊ ဖားစည်တီးမယ်
ညီရယ် အစ်ကိုတွေဆုံကြမယ်။

အကြိုးမဲ့အား၊ လှည့်စားရန်မွေး
သွေးတွေချောင်းစီး၊ တိုက်ပွဲမီးတွေ
ပြန်ညှိနေ၊ ဆက်နေမဲ့အစား
ပြည်ဖုံးကားချစေ၊ သင်ပုန်းချေလော့
တေပေပြစ်များ၊ နင်ချန်ထားလေ
လာ..သွားမယ်ဆို၊ ဟို….နေ့သစ်
ချစ်စစ်တည်မဲ့ နှစ်သစ်တွေဆီပေါ့။

(လင်္ကာဒီပ)

Wednesday, December 23, 2009

2749ခုနှစ်မြောက် ဆစ်ဒနီ ကရင်နှစ်သစ်ကူးပွဲတော် ဓါတ်ပုံမှတ်တမ်း

ဒီဇင်ဘာ ၂၃၊၂၀၀၉
စောကျော်ခွိ

Tuesday, December 22, 2009

၂၇၄၉ခုနှစ် မဲလ်ဘမ်းလူငယ်များ၏ ကရင့်ရိုးရာဒုံးအက



၂၇၄၉ခုနှစ်မြောက် ကမ်ဘာရာတွင်ကျင်းပသော ကရင့်နှစ်သစ်ကူးပွဲတော်တွင် ပူးပေါင်းပါဝင် လာရောက်ကပြသော မဲလ်ဘမ်ကရင်လူငယ်များ၏ ရိုးရာဒုံးအကဖြစ်သည်။

ကမ်ဘာရာလူငယ်များ၏ တောင်ယာစူးထိုးအက



2749ခုနှစ် မြောက် ကရင်နှစ်သစ်ကူးပွဲတော်မှ ကမ်ဘာရာလူငယ်များ၏ တောင်ယာစူးထိုးအကဖြစ်သည်။

2749ခုနှစ် မြောက် ကမ်ဘာရာ ကရင်နှစ်သစ်ကူးပွဲတော်မှ ဝါးညှပ်အက



2749ခုနှစ် မြောက် ကမ်ဘာရာ ကရင်နှစ်သစ်ကူးပွဲတော်မှ ကရင်လူငယ်များ၏ ဝါးညှပ်အကဖြစ်သည်။

Monday, December 21, 2009

၂၇၄၉ခုနှစ်မြောက် ကရင့်နှစ်သစ်ကူး Canberra၌ ကျင်းပပြီးစီးခြင်း

ဒီဇင်ဘာ ၂၀၊ ၂၀၀၉
သတင်း၊ ဓါတ်ပုံ -စောကျော်ခွိ

သြစတြေးလျ နိုင်ငံလုံးဆိုင်ရာ ကရင်အစည်းအရုံး ဥက္ကဌ စောလွင်ဦး

သြစတြေးလျနိုင်ငံ၏ မြို့တော်ဖြစ်သော Canberra(ACT)တွင် ၂၀.၁၂.၀၉ ရက်နေ့၌ ၂၇၄၉ခုနှစ်မြောက် ကရင့်နှစ်သစ်ကူးကို စိန့်ဂျွန်း Hallတွင် ညနေ (၅)နာရီမှ ည (၈)နာရျီ အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြီးစီးခဲ့ကြသည်။

ကရင်လူဦးရေ ၁၀၀ ကျော်ကျော်သာရှိနေသေးသော မြို့တော် ကမ်ဘာရာတွင်ရှိသော ကရင်လူမျိုးများသည် မိမိတို့၏အမျိုးသားနေ့ထူးနေ့မြတ် နှစ်သစ်ကူးကိုအားသွန်ခွန်စိုက် တက်တက်ကြွကြွကျင်းပခဲ့ရာ နိုင်ငံခြားသားဧည့်သည်တော်များ စိတ်ပါဝင်စား များပြားစွာလာရောက်ခဲ့ကြပြီး၊ဆစ်ဒနီမှလည်ကောင်း၊ ကမ်ဘာရာမှ လည်ကောင်း အရပ်ရပ်ရှိ ကရင်များကလာရောက် ပူးပေါင်းတက်ရောက်ကြကြောင်းသိရှိရပြီး တက်ရောက်လာကြသူပေါင်း (၃၀၀) ကျော်ရှိသည်ဟု သိရပါသည်။



AKO Canberra ဥက္ကဌ နန်းရှင်းသူ စကားပြောကြားနေစဉ်။
ကရင့်အလံတော် အလေးပြု အစီအစဉ်ဖြင့်အခမ်းအနားကိုစတင်ခဲ့သည်။ “သြစတြေးလျ အစိုးရအနေနဲ့လည်း မြန်မာပြည်မှ ဒုက္ခသည်များအတွက်စာရင်းကို လွန်ခဲ့သောနှစ်က (၃၀၀၀)ကျော်လက္ခံပေးခဲ့ပြီး၊ ယခုနှစ်တွင်လည်း ၂၁၁၂ဦးထက်မနည်းလက္ခံပေးခဲ့တယ်။ ဒီဟာတွေ အပေါ်မှာလည်း ကျနော်တို့ကျေးဇူးတင်ပါတယ်။”

“ ဒီနေ့ သြစတြေးလျနိုင်ငံသားတယောက်အနေနဲ့ကော၊ ကရင်အမျိုးသားတစ်ယောက်အနေနဲ့ကောပေါ့နော် သြစတြေးလျ အစိုးရနဲ့ ကမ္ဘာကို ပန်ကြားချင်တာက မြန်မာနိုင်ငံမှာ ခောတ်စနစ်တွေ ပြောင်းလဲလာတဲ့အထိဆိုရင်တော့ နအဖ စစ်အစိုးရရဲ့ အပြုအမူတွေ၊ နအဖ စစ်အစိုးရရဲ့ရွေးကောက်ပွဲတွေ၊ နအဖ စစ်အစိုးရရဲ့ စစ်သက်ဆိုးရှည်ရေးတွေအပေါ်မှာ အကျိုးပြုမဲ့ လုပ်ငန်းမှန်သမျှ၊ စီးပွားရေးတွေ၊ အမြတ်အစွန်းတစ်ခုစီက အစ ပါဝင်ကန့်ကွက်ကြဖို့၊ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်ထွန်းကားလာရေးအတွက် ပါဝင်ဖို့၊ ပူးပေါင်းဆောင်ရွက်ကြဖို့၊ အမေရိကန် အစိုးရနဲ့လဲ ဟန်ချက်ညီညီ လှုပ်ရှားဖို့ တိုက်တွန်းရင်းနဲ့ ကရင့်နှစ်သစ်ကူးပွဲတော်နဲ့ ခရစ်စမတ်ပွဲတော်မှာရော လူသားအားလုံးပျော်ရွှင် ချမ်းမြေ့ပါစေလို့ ကျနော် နှုတ်ခွန်းဆက်သလိုက်ပါတယ်” ဟု သြစတြေးလျ နိုင်ငံလုံးဆိုင်ရာ ကရင်အစည်းအရုံး ဥက္ကဌ စောလွင်ဦးမှပြောကြားသွားခဲ့ပါသည်။

ကမ်ဘာရာ ကရင့်မိသားစုများမှ တေးသီချင်းဆိုခြင်း၊ ကမ်ဘာရာ ကရင်လူငယ်များ၏ ဒုံးယိမ်း၊ ဝါးညှပ်အက၊ မဲလ်ဘမ်းကရင်လူငယ်များ၏ ဒုံးယိမ်းများနှင့် ဖျော်ဖြေရေးအပိုင်းတွင် ဆစ်ဒနီမှ ကရင် အဆိုတော်၊ ကမ်ဘာရာ၊ မဲလ်ဘမ်းမှ သီချင်းရှင်များ၊ ဆစ်ဒနီမှ တီးဝိုင်းအဖွဲ့ကလည်း လာရောက် တီးခတ်ပေးခဲ့သြသည်ဟု သိရပါသည်။

“ကျနော်တို့ ပြည်တွင်းမှာနေတုန်းက ကိုယ့်ကရင်နှစ်သစ်ကူးကို မလွတ်မလပ်၊ အချုပ်အခြယ်တွေကြားကကျင်းပခဲ့ရတာ။ ကရင်တမျိုးသားလုံးနဲ့ဆိုင်တဲ့ ကရင့်နှစ်သစ်ကူးကို အခုလို ပြည်ပမှာကျင်းပနိုင်နေကြတာတွေ့ရတော့ အတော့ကို ဝမ်းသာမိပါတယ်။ နောက်ပြီး အနယ်နယ် အရပ်ရပ်ကကရင်များကလည်း အခုလို လာရောက် ပူးပေါင်းဆင်နွဲကြတာတွေ့ရတော့ စည်းလုံးညီညွတ်ခြင်းရဲ့ ရလဒ်ကိုရှိကြတယ်။ အခုလိုဘဲ ကျနော်တို့ ပြည်တွင်း၊ ပြည်ပက ကရင်တွေပြန်ပြီးဥမကွဲ သိုက်မပျက် ပြန်လည် ပေါင်းဆုံကြချင်ပါတယ်” ဟု နှစ်သစ်ကူးပွဲတော် တက်ရောက်ခဲ့သူ ကမ်ဘာမြို့မှ မြို့ခံ ကရင်လူငယ်လေး စောလားခုဂျူးကဆိုသည်။

နိုင်ငံခြားသားဧည်သည်တော်များကလည်း ကရင့်ရိုးရာ အဝတ်အထည် များစွာကို သဘောကျနှစ်ခြိုက်လျက် လာရောက်ဝယ်ယူအားပေးခံကြသည်။ ကမ်ဘာရာ ကရင့်မိသားစုများမှ ပွဲတော်လာ ပရိတ်သတ်များကို ကြက်သားဒံပေါက်၊ သစ်သီးဝလံများ၊ အချိုရည်များနှင့်စုံလင်စွာ ကျွေးမွေးဧည့်ခံခဲ့ကြသည်။ ပွဲတော် အခမ်းအနားသည် ည(၈)နာရီတွင် အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်းသိရပါသည်။

Sunday, December 20, 2009

2749ခုနှစ် မြောက် မဲဘမ်းကရင်နှစ်သစ်ကူး ဓါတ်ပုံသတင်း

ဒီဇင်ဘာ ၁၉၊ ၂၀၀၉
ဓါတ်ပုံ -ဖိုးခွား

အမျိုးသမီး ဘော်လီဘော ယှဉ်ပြိုင်နေကြစဉ်


စကောရွက်ပြိုင်ပွဲ ဆင်နွဲနေကြစဉ်



အားပေးကြသူ နှစ်သစ်ကူးရောက် ပရိတ်သတ်များ


ယောင်္ကျားလေးများ ဘော်လုံးကန်နေကြစဉ်


ယောင်္ကျားလေးများ ဘော်လုံးကန်နေကြစဉ်


အမျိုးသမီး ဘော်လီဘော ယှဉ်ပြိုင်နေကြစဉ်


ခောတ်ပေါ်ကရင်သီချင်းများနှင့် ဖျော်ဖြေနေကြစဉ်


ခောတ်ပေါ်ကရင်သီချင်းများနှင့် ဖျော်ဖြေနေကြစဉ်


ခောတ်ပေါ်ကရင်သီချင်းများနှင့် ဖျော်ဖြေနေကြစဉ်


ခောတ်ပေါ်ကရင်သီချင်းများနှင့် ဖျော်ဖြေနေကြစဉ်


ယောင်္ကျားလေးများ ပိုက်ကျော်ခြင်းခတ်နေကြစဉ်။



































မဲလ်ဘမ်းမြို့၂၇၄၉ခုနှစ်မြောက် ကရင်နှစ်သစ်ကူးကို ကျင်းပပြီးစီးခြင်း

ဒီဇင်ဘာ ၁၉၊ ၂၀၀၉
သတင်း-စောကျော်ခွိ
ဓါတ်ပုံ- စောဖိုးခွား

သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ် မဲလ်ဘမ်းမြို့၌ သက္ကရာဇ် ၂၇၄၉ခုနှစ်မြောက် ကရင်နှစ်သစ်ကူးကို ကျင်းပပြီးစီးခဲ့ကြောင်းသိရပါသည်။ လူပေါင်းတစ်ထောင့် နှစ်ရာကျော် တက်ရောက်သော ထိုအခမ်းအနားကို ဝေါ်ရဘီရပ်ကွက် ကူကဘာရာ အဝိုင်းရှိ ဂလန်းအော်ဒန် မူလတန်းကျောင်းတွင် ကျင်းပခဲ့ရာအဝေးရောက်ကရင်များ၊ ရပ်နီး၊ ရပ်ဝေး မိတ်သယာရများ စုံညီစွာ တက်ရောက်ခဲ့ကြသည်။



မနက်(၁၀)နာရီမှ စတင်ကျင်းပခဲ့ရာ ကရင်လူကြီးများမှ နှစ်သစ်ကူးမိန့်ခွန်းများပြောကြားပြီးနောက် ကောက်ညှင်းပေါင်းနှင့်ကြက်သားကြော်များ ဝေငှ ကျွေးမွေးခဲ့သည်။ ရိုးရာ ကရင့်ဒုံးအကများ၊ ဝါးညှပ်အကများနှင့်ဖျော်ဖြေတင်ဆက်ခြင်း၊ စတိတ်ရှိုးကဏ္ဍတွင်ခေတ်ပေါ်ကရင်သီချင်းများမြိုင်ဆိုင်စွာ သီဆိုပျော်ပါးကြရင်း မိမိတို့၏ အမျိုးသားဆိုင်ရာနေ့ကို ဝမ်းပန်းတာ ကြိုဆိုခဲ့ကြသည်ဟု သိရပါသည်။

ထို့အပြင် ကဗျာ ပြိုင်ပွဲကိုလည်း ကျင်းပပေးပြီး အားကစားကဏ္ဍတွင်လည်း ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ ဘော်လုံး၊များပါဝင်သည်။ မိန်းကလေးများလည်း ဘော်လီဘောတွင်ပါဝင်ပြီး စကောရွက် လမ်းလျောက်ပြိုင်ပွဲများပါဝင်သည်ဟုသိရပါသည်။ ကလေးထိန်းသိန်းရေးနေရာတွင်လည်း ကစားစရာ အစုံအလင်နှင့် အလွန်ကို စည်ကားလှသည်ဟုသိရပါသည်။

အစားအသောက်များရောင်းချခြင်း၊ ကရင်ရိုးရာ အသုံးအဆောင်၊ အဝတ်အထည်များရောင်းချခြင်း၊ ၂၀၁၀ ခုနှစ်ပြည်တွင်းထုတ် ပြက္ခဒိန် ရောင်းချခြင်းများပါဝင်ပြီးများပါဝင်ကြကြပီး ထိုရောင်းချရငွေများကို ရံပုံငွေအဖြစ် သိမ်းဆည်းထားကြမည်ဖြစ်သည်ဟု သိရပါသည်။

မိမိတို့ဌာနေ၊ မြေ မဟုတ်မှန်းသိပေမဲ့ ကိုယ့်ရပ်ရွာဒေသကဲ့သို့ သဘောထားပြီး နှစ်သစ်ကူးအချိန်မှာ တစုတစည်းထဲ ရောက်လာ ပြန်လည်ဆုံဆည်းရတဲ့ ကရင့်ဆွေမျိုးများကို တွေ့ရတဲ့အတွက် အင်မတန်မှ ဆွတ်ပျံကြည်နူးခံစားမိပါတယ်။ မိမိဒေသရပ်ရွာမှာနေခဲ့စဉ်တုန်းက လွတ်လွတ်လပ်လပ်ဆင်နွဲခဲ့ကြသလို ဒီမှာလည်း ကရင်နှစ်သစ်ကူးကို လွတ်လပ်စွာကျင်းပခွင့်ရလို့ ကြိုးစားပေးခဲ့ကြသူအားလုံးကိုလည်းကျေးဇူးအထူးတင်မိပါတယ်။ ကျနော်တို့ရဲ့ နိုင်ငံကို ပြန်လည်တမ်းတမိပါတယ်။

နောက်ပြီး ဒီနှစ် ကရင်နှစ်သစ်ကူး ဖာပွန်မှာဗုံးပေါက်ကွဲမှူတွေဖြစ်တယ်။ လူအသေအပျောက်၊ ထိခိုက်ဒဏ်ရာရမှူတွေများစွာဖြစ်ခဲ့တယ်လို့ ကြားသိရတယ်။ နအဖ စွပ်စွဲသလိုKNU ကဗုံးခွဲ တရားခံမဟုတ်ဘဲ တပ်မဟာ(၅)ကို တိုက်ခိုက်ရန် ရမယ်ရှာ စစ်ပြင်ဆင်ခြင်းသာဖြစ်လို့ DKBAနှင့် KNU တို့က ၄င်းကိစ္စကို အထူးသတိထားသင့်တယ်။ ဒီလို ကရင်နှစ်သစ်ကူးမှာ လုပ်ကြံ ဗုံးခွဲခြင်းဟာ ကရင်တမျိုးသားလုံးကို အမျိုးတုန်းသုတ်သင်ဖို့ ဖြစ်ပါတယ်။ ကျနော် အင်မတန်မှ စိတ်မကောင်းဖြစ်မိပါတယ် ဟုမဲလ်ဘမ်း ကရင်နှစ်သစ်ကူးသို့ ပါဝင် တက်ရောက်ခဲ့သူ စောဖိုးခွားမှ ပြောဆိုပါသည်။
ညနေ(၃)နာရီခန့်တွင် နှစ်သစ်ကူးအခမ်းအနားကို ရုတ်သိမ်းခဲ့ကြသည်ဟု သိရပါသည်။

Friday, December 18, 2009

မွဲာပ်ုလိက်ယုဂ်ပ်္ဘုးမာ

မွဲာပ်ုလိက်ယုဂ်ပ်္ဘုးမာ

လိုဒ္ကါေခါဟ္မီႝၟလုက္ခႜာ
အင်းအ၀်မေ၀်ဏ်ုယ်ုကိုဝ်ဟှာ
လာဏင့်သီးမွဲာမ်ုမီႝၟယိုဝ်
ဆိုဒ်ကါင်ဖါအှ်ဝေ့လုက်ကိုဝ်
ဏ်ုမွဲာယှင်ယ်ုမွဲာဖံႜုဖေါဟ်
သါင့်ဍေယေါဝ် ဍေပ်ုယင်ဖေါဟ်
္ဘေ့ဆိုဒ်အှ်ဝယ်ထီ့ဆာသိုဝ်
လိက်လဲာဆ်ုဃှီ့္ဘးအှ်္ဘိုဝ်
လိက်ယိုဝ်မွဲာဆိုဒ်သာမိုင့်
ဆိုဒ်အ်ုဟှင်္ဘးအှ်ဟှုံင်ၟခိုင့်
လိက္လု္အွ္ဆိုဒ္မု္လင္မာၟ
ကို၀္ဟွာၟသၱာ္အွ္႓းလာၟ
ဖႜံဳယွင္ဆိုဒ္သီးကို၀္အု္ဟွာ
မွဲာပ်ုလိက်ယုဂ်ပ်္ဘုးမာ။

(နန်ကဗျာ)

ကဗျာပေးပို့လာသူ နန်းကဗျာလေးအား ကျေးဇူးတင်ရှိပါသည်။

ကရင်နှစ်သစ်ကူး(Video)မှတ်တမ်း(Sydney,Australia) Part 1,2




ကရင်နှစ်သစ်ကူး Video မှတ်တမ်း (Part-2)Sydney,Australia

ဖာပွန်မြို့ဗုံးပေါက်ကွဲမှု ကေအဲန်ယူလက်ချက်ဟု နအဖထုတ်ပြန်

ဒီဇင်ဘာလ ၁၈ရက်၊ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ် ဖာပွန်မြို့၌ ဒီဇင်ဘာလ ၁၆ရက်နေ့က ကျင်းပပြုလုပ်သည့် ကရင့်နှစ်သစ်ကူးနေ့ပွဲတော်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ ၎င်းသည် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)၏ လက်ချက်ဖြစ်သည်ဟု နအဖမှ ယမန်နေ့က သတင်း ထုတ်ပြန်ခဲ့သည်။

ဖာပွန်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းရှေ့ ကွင်းပြင်၌ ကျင်းပပြုလုပ်သည့် ၂၇၄၉ခုနှစ်မြောက် ကရင်နှစ်သစ်ကူးပွဲတော်တွင် အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် အရပ်သား ၇ဦးသေဆုံးပြီး အမျိုးသား ၁၀ဦး၊ အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အဆိုပါမိုင်းထောင်သူမှာ ဖာပွန်နှင့် နယ်စပ်ဒေသကြားတွင် လှုပ်ရှားလျှက်ရှိသည့် ကေအဲန်ယူအဖွဲ့မှ ဖြစ်ကြောင်း နအဖ စစ်အစိုးရပိုင် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။


သို့သော် ဗုံးပေါက်ကွဲမှုသည် ၎င်းတို့နှင့် ပါဝင်ပတ်သက်မှုမရှိသည့်အပြင် ယင်းသို့လုပ်ဆောင်ရန်လည်း မည်သည့်ညွှန်ကြားမှု တစုံတရာမှမရှိကြောင်း ထိုဒေသတွင် လှုပ်ရှားနေသည့် ကေအဲန်ယူ တပ်မဟာ (၅)မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစောကလယ် ဒိုက ပြောသည်။

သူက “ဗုံးပေါက်ကွဲတယ်လို့တော့ ကျနော်တို့ ကြားပါတယ်။ ဘယ်လိုပုံစံနဲ့ စတင်ပေါက်ကွဲခဲ့သလဲဆိုတာ ကျနော်တို့မသိဘူး။ အဲဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီးတော့ အောက်ခြေတပ်ရင်း၊ တပ်ခွဲတွေကို လှမ်းမေးကြည့်တော့ ဘယ်သူမှလည်း သွားလုပ်တာ မရှိသလို ကျနော်တို့ဘက်က သွားပြီးလုပ်ပါလို့လည်း ဘာညွန်ကြားမှုမျိုးမှ ကျနော်တို့မှာ မရှိပါဘူး။ အခုဖြစ်တာက နအဖရဲ့ အုပ်ချုပ်မှုဂွင်မှာဆိုတော့ စဉ်းစားစရာတခုတော့ ဖြစ်တာပေါ့နော်”ဟု ကေအိုင်စီကို ပြောသည်။

ထိုနေ့ည ၉နာရီ ၁၀မိနစ်ခန့်တွင် ပွဲတော်အတွင်းရှိ အ၀တ်အထည်များနှင့် ကလေးကစားစရာ ပစ္စည်းများ ရောင်းချသည့် ဈေး ဆိုင်တန်းမှ ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်ပြီး ထိုနေရာတွင် အနက် ၁လက်မ၊ အချင်း ၉လက်မခန့်ရှိ မြေကျင်းတကျင်း ဖြစ်ပေါ်ခဲ့ ကြောင်း ဈေးဆိုင်တန်း ၀ါးလုံးများ၌ အချင်း ၅မီလီမီတာခန့်ရှိ သံမဏိဘောစေ့များကို တွေ့ရှိရကြောင်း၊ မိုင်းထောင်သူအား ဖမ်းဆီးရမိရေးကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်ဟု မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

ကရင်လူငယ်တဦးဖြစ်သူ စောဆာထီးကော်က “အမှန်ဆိုရင် ဒီလို နေ့ထူးနေ့မြတ်မျိုးမှာ ဘယ်ကရင်အဖွဲ့အစည်းကမှလည်း ကိုယ့်နှစ်သစ်ကူးကို ပျက်လိုပျက်စီး လုပ်ချင်မှာမဟုတ်ဘူး။ ဒီအလုပ်မျိုးက နအဖတွေပဲ လုပ်လေ့ရှိတာပါ။ အရင်ကလည်း ရန် ကုန်လိုမြို့ကြီးတွေမှာ ဗုံးပေါက်ကွဲမှုတွေ ဖန်တီးနေပြီး တခါမှ တရားခံ ဖမ်းမမိခဲ့ဘူး။ နအဖဟာ ကိုယ်ကိုးကွယ်တဲ့ ဘုန်းကြီးကို တောင် သတ်ဝံ့သေးတာပဲ။ သူ့အတိုက်အခံဖြစ်တဲ့ ကေအဲန်ယူကို အခုလို ရွေးကောက်ပွဲ နီးလာတော့ နာမည်ဖျက်တဲ့သဘော လည်း ပါနိုင်တယ်”ဟု ဆက်ပြောသည်။

ကရင်၊ ပအိုဝ်း၊ ဗမာ၊ ရှမ်း၊ တရုတ်နှင့် မွတ်ဆလင်မ်ဘာသာဝင်များ နေထိုင်လျှက်ရှိသည့် အဆိုပါဖာပွန်မြို့ပေါ်တွင် နအဖ စစ် တပ်မှ ခမရ ၃၄၀၊ ၃၄၁၊ ၄၃၄နှင့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(ဒီကေဘီအေ) (၇၇၇)မှ ကဆော ၀ါးတပ်ရင်းတို့ အခြေချလှုပ်ရှားလျှက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ရက်နေ့ကလည်း ဖားအံ-ရွှေဂွန်းသွားလာသည့် ခရီးသည်တင်သင်္ဘောတစင်းအား ကေအဲန်ယူတပ် ဖွဲ့ဝင်များက လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ ခရီးသည် သုံးဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု စစ်အစိုးရပိုင်သတင်း များက ဖော်ပြခဲ့သည်။

ဖာပွန်မြို့ကရင်နှစ်သစ်ကူးတွင် ဗုံးပေါက်ကွဲမှု ၈ ဦးသေဆုံး ၂ဝကျော် ဒါဏ်ရာရ

Kawthoolei Media Service
Friday, 18 December 2009 03:15

ထစ်ခနဲ့ မဖြစ်လိုက်နဲ့ နအဖ က သူ့အဖေ KNU နာမည် လှမ်းခေါ်တော့တာဘဲ နောက်ဆုံး မောင်သန်းရွှေက သူ့သမီးဗိုက်ကြီးရင်တောင် KNU လာသောင်းကျန်းသွားတယ်လို့ ပြောအုံးမှာ မယုံမရှိနဲ့ ၊ ရူးများနေလာမသိဘူး ကရင်နှစ်သစ်ကူးမှာ KNU က ဗုံးပြန်ခွဲရမှာလား၊ ကရင်လူထုအပေါ်ကို အကြမ်းဖက်သောင်းကျန်းနေတာ နအဖ စစ်တပ်လား KNU လား ၊ မြန်မာ့အလင်းဆိုတာ သတင်းစာလား ကျွန်တော်ကတော့ ဟာသစာစောင်လို့ထင်တာဘဲ ...


နအဖလက်ချက်မဟုတ်ရင်တောင် ဒီကိစ္စ နအဖ နဲ့ ဆက်နွယ်နေတယ်။ ကရင်ပြည်သူတွေကို ကရင်လက်နက်ကိုင်အဖွဲ့အချင်းချင်း မတည့် တာနဲ့ ပြန်ပြီး ဗုံးထောင်မဲ့ကိစ္စမျိုးက ဖြစ်တန်ချေ မရှိလှပါဘူး။ ကရင်နှစ်သစ်ကူးကို ကရင် ဗုံးခွဲနိုင်မလား စဉ်းစားကြည့်ရင်အရှင်းကြီးဘဲ ဘယ်သူမှ ကိုယ့်နှစ်သစ်ကူးကို အကျည်းတန်အောင်လုပ်မှာမဟုတ်ဘူး ... တရုတ် ၀န်ကြီးချုပ် လာလို့ နအဖ မဖြစ်နိုင်ဘူးလို့ ပြောရအောင် တရုတ်ဝန်ကြီးချူပ် လာတာ ဖျာပုံကို လာတာမဟုတ်ဘူး ... ဒီဗုံးကွဲတဲ့ ကိစ္စ က ကရင်တွေကို လူမျိုးတုန်းအောင်လုပ်နေတဲ့ နအဖ က လွဲပြီး ဘယ်သူမှ မဖြစ်နိုင်ဘူး...
Freedom News Group

ကရင် ပြည်နယ်ဖာပွန် မြို့ တွင် ကရင်နှစ်သစ်ကူး နေ့ အခမ်းအနားကျင်းပနေစဉ် ဗုံးပေါက်ကွဲသော
ကြောင့် ကရင်လူမျိုး ရှစ်ဦးသေဆုံးပြီး နှစ်ဆယ်ကျော် ဒဏ်ရာရရှိကြောင်းသိရသည်။

အငြင်းပွားဖွယ်ရာ ပေါက်ကွဲခဲ့သည့် ထိုဗုံးသည် မည်သူ၏ လက်ချက်ဖြစ်ကြောင်းကို မြန်မာစစ်အစိုးရ မှ ထုတ်ဖေါ်ပြောကြားခြင်းမရှိ သေးချေ။ပြီးခဲ့သည့် ဇွန်လက စစ်အစိုးရတပ်ဖွဲ့ များသည် ကရင်လွတ်မြောက်ရေး တပ်မတော် အခြေစိုက်ရာ ထိုဒေစအနီးရှိစခန်း
များအား အကြီးအကျယ် ထိုးစစ်ဆင်ခဲ့သည်။

ကရင်လွတ်မြောက်ရေးတပ်မတော် ၏ ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်သည့် ဗိုလ်ချုပ်မြ မွေးဖွားရာ ဒေသတွင် ဗုံးပေါက်ကွဲမှု နှင့် ပတ်သက်၍ Freedom News Group မှ ဖာပွန် ပညာရေးဌာန မှ ၀န်ထမ်းတစ်ဦးကို ဆက်သွယ်မေးမြန်းရာ သူက “နအဖ လက်ချက်လို့ 
စွပ်စွဲ လို့ မရ နိုင်ဘူး ၊တရုတ် ၀န်ကြီးချုပ် လာနေတဲ့ အချိန် ဒီလို အခြေအနေမျိုးရှိနေ တာကို သူတို့ ကိုယ်တိုင်လုပ်မှာ မဟုတ်ဘူး ၊ဒီကိစ္စက ကရင်ခွဲထွက် အဖွဲ့တွေ လက်ချက် ဖြစ်လိမ့်မယ် ။

ကမမောင်း နဲ့ လှိုင်းဘွဲ့ ဘက်မှာ ဆိုရင် ကရင် နှစ်သစ်ကူးပွဲလုပ် တာကိုတောင် ဒီကေဘီအေက ကရင်အချင်းချင်းဆက်ကြေးတောင်းတယ် ၊ဆက်ကြေး တောင်းမရရင် ရန်ရှာတာတွေရှိတယ် “ဟု ပြောသည်။

Thursday, December 17, 2009

ကရင်နှစ်သစ်ကူး အခမ်းအနား ပြည်တွင်းပြည်ပတွင် စည်ကားစွာကျင်းပ

Wednesday, 16 December 2009 19:13 ဇာနည်မာန်
ရိုးရာ အထည်ဆိုင်များနှင့် ဈေးဆိုင်တန်းများ အလွန်ရှိ ၂၇၄၉ နှစ်ပြည့် ကရင်နှစ်သစ်ကူးနေ့ ဆိုသော မုခ်ဦးအ၀င် ဆိုင်းဘုတ်အောက်တွင် ကရင်အလံငယ် ရင်ထိုးလေးများကို တပ်ဆင်ပေးနေသည့် ကရင် အမျိုးသမီးငယ်လေးများ လက်မလည်နိုင်အောင် ဖြစ်နေကြသည်။

[ရန်ကုန် အာလိန်ငါးဆင့် ဘုရားပရဝဏ်အတွင်း ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပစဉ်]

အလံတင် အခမ်းနား ကျင်းပမည့် နေရာတွင်မူ ထိုင်စရာ မဆိုထားနှင့်၊ ခြေတချောင်း ချရပ်ရန်ပင် မလွယ်ကူနိုင် လောက်အောင် လူများ ပြည့်သိပ်နေသည်။ ကရင်အမျိုးသား သီချင်းကို သံပြိုင် သီဆိုရန် ကြေညာလိုက်ချိန်တွင်မူ တိုးဝှေ့နေသော လူအုပ်ကြီးမှာ ချက်ခြင်း ငြိမ်သက်သွားပြီး သီချင်းကို သံပြိုင် သီဆိုလိုက်သည်။


ရန်ကုန် အင်းစိန်မြို့နယ်ရှိ မဟာဆေးဝင်္ကဘာ၊ အာလိန်ငါးဆင့် ဘုရားပုရ၀ဏ်တွင် ကရင် နှစ်သစ်ကူး အခမ်းအနား ကျင်းပနေခြင်း ဖြစ်သည်။

နှစ်စဉ် ပြာသိုလဆန်း ၁ ရက်နေ့တွင် ကျင်းပမြဲဖြစ်သော နှစ်သစ်ကူးပွဲတော်တွင် ရိုးရာ ယဉ်ကျေးမှု ပြခန်းများလည်း ခင်းကျင်းထားရာ ကရင်တိုင်းရင်းသားများ၏ သမိုင်း၊ ၀တ်စားဆင်ယင်မှုများ၊ ရိုးရာ တူရိယာများ၊ အသုံးအဆောင်များ၊ အနုပညာနှင့်စာပေ အားကစားတို့တွင် ထူးချွန်သူ များ၏ ပုံများကိုတွေ့ရသည်။

သို့သော် ပြခန်းများမှာ စိစစ်ရေး ကော်မတီမှ စိစစ်ခွင့်ပြုမှု ရယူထားရသည်ဖြစ်၍ ကရင်အမျိုးသား အဓိက ခေါင်းဆောင် စောဘဦးကြီး၏ ပုံများ၊ နယ်စပ်ဒေသမှ နွမ်းပါးသည့် ကရင်တိုင်းရင်းသားများ၏ အကြောင်းများနှင့် ကရင်သမိုင်းကြောင်း များကိုမူ ကြည့်ရှုလေ့လာခွင့် မရကြပေ။

ယခင်က ကရင်တိုင်းရင်းသား လူမျိုးစုများ၏ အလေ့အထနှင့် သမိုင်းကြောင်းများကို ရေးသားထားသော စာအုပ်များကို ပြသ ရောင်းချခြင်းများ ရှိသော်လည်း ယခုနှစ်တွင်မူ အဆိုပါ စာအုပ်များတွင် လွတ်လပ်ရေး မရခင်ကာလ အကြောင်းအရာများ များလွန်းသည်ဟု ဆိုကာ စာပေစိစစ်ရေးက တချို့အချက်အလက်များကို ဖြတ်တောက်ခိုင်းသောကြောင့် ပွဲတော်အမီ စာအုပ်များ ထွက်ရှိရန် ခက်ခဲသည်ဟု ကရင် စာပေအသိုင်းအ၀န်းက ဆိုသည်။

ရိုးရာဝတ်စုံ ဆင်ယင်မှု ပြိုင်ပွဲများတွင်လည်း ယခင်က ဆင်ယင်လေ့ရှိသည့် ရိုးရာ ယဉ်ကျေးမှု ဝတ်စုံများကို ယခုနောက်ပိုင်း ဝတ်ဆင်ခြင်း မရှိတော့ ဟုလည်း ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်တဦးက ပြောသည်။

“အခုနောက်ပိုင်းက လူငယ်တွေက ရိုးရာအထည်တွေကို ဖက်ရှင်ထွင်ဝတ်လာကြတယ်။ အရင်ကလို ရှေးရိုးရာအထည်တွေကို ၀တ်ပြိုင်ဖို့ ဘယ်သူမှ စိတ်မ၀င်စားကြတော့ဘူး။ လူကြီးတွေကျတော့လည်း မလုပ်နိုင်ကြတော့ဘူး။ အဲဒီလိုပဲ ကရင်ရိုးရာ ထား ကဗျာတွေကို လူငယ်တွေ မရွတ်တတ်တော့ ပြိုင်ပွဲတွေ မလုပ်နိုင်တော့ဘူး၊ နောက်ပိုင်း တိမ်ကောသွားနိုင်တယ်” ဟု သူက ဆိုသည်။

ကရင်နှစ်သစ်ကူးနေ့ နီးကပ်လာတိုင်း ယခုနှစ်သည် ပွဲတော်ကျင်းပခွင့်ပြုမည့် နောက်ဆုံးနှစ်ဖြစ်ကြောင်းနှင့် နောင်လာမည့် နှစ်များတွင် ကျင်းပခွင့်ရလိမ့်မည်မဟုတ်ဆိုသော ကောလာဟလများလည်း နှစ်စဉ်ထွက်ပေါ်လာလေ့ရှိသည်။

ယခင်က ကရင်နှစ်သစ်ကူးပွဲတော်ကို ရန်ကုန်တမြို့လုံးတွင် ကရင် အများစု နေထိုင်ရာ အင်းစိန်မြို့နယ် အာလိန်ငါးဆင့် ဘုရားပုရ၀ုဏ် တနေရာတွင်သာ ကျင်းပလေ့ရှိသော်လည်း နောက်ပိုင်းတွင်မူ ပွဲတော်တက်ရောက်သူ ဦးရေ တိုးပွားလာ သောကြောင့် အလုံမြို့နယ်ရှိ ပိုးကရင် နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းဝင်းအတွင်း၊ မြောက်ဥက္ကလာပ၊ ကရင်လူမျိုး အများစုနေထိုင်ရာ ရပ်ကွက်များရှိ ခရစ်ယာန် ဘုရားရှိခိုးကျောင်းများတို့တွင် နေရာများခွဲ၍ ကျင်းပကြသည်။

“ကရင်နှစ်သစ်ကူး ဆိုတာက ဘာသာရေး ဘာညာရယ်မရှိဘူး၊ လူမျိုး တခုတည်းပဲလေ။ အဲ့ဒီတော့ ကိုယ်နီးစပ်ရာနေရာက အခမ်းအနားကို သွားလိုက်တာပါပဲ။ တချို့ကျတော့ ခရစ်ယာန် ဘုရားကျောင်းတွေမှာ လုပ်တာဆို ဗုဒ္ဓဘာသာဝင်တွေက မသွားလိုတာ ရှိတာပေါ့နော်။ ဒါပေမယ့် ဒါက ဘာသာနဲ့ မဆိုင်ဘူးပေါ့” ဟု အင်းစိန်မြို့နယ်နေ ကရင်အမျိုးသမီးတဦးက ပြောသည်။

ရန်ကုန်မြို့တွင် ကရင်နှစ်သစ်ကူး ပွဲတော် ကျင်းပသည့်နည်းတူ တခြားသော နေရာဒေသ အသီးသီးတွင် ရောက်ရှိနေသည့် ကရင်တိုင်းရင်းသားတိုင်း နှစ်သစ်ကူးပွဲ အခမ်းအနားကို ကျင်းပ ပြုလုပ်လျက်ရှိသည်။

“ဒီလိုအခမ်းအနားမျိုးဟာ ကရင်ရိုးရာတွေ မပျောက်ပျက်အောင် ကြီးကြီးကျယ်ကျယ်လုပ်တာပဲဖြစ်ဖြစ်၊ သိပ်မကြီးမကျယ် လုပ်တာပဲ ဖြစ်ဖြစ် တတ်နိုင်သလောက် နှစ်စဉ် လုပ်ရမယ်ဆိုတာ ကရင်လူမျိုးတွေ အတွက် သမိုင်းပေးတာဝန်ပါ” ဟု ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းမှ နှစ်သစ်ကူးပွဲတော် ဖြစ်မြောက်ရေး ကော်မတီဝင် စောနေထူးက ဆိုသည်။

ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်များအဖြစ် ယေဘုယျ ကွဲပြားခဲ့သည့် ကရင်လက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်ကြသော ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်ဖွဲ့ (DKBA) တို့သည်လည်း ၎င်းတို့ နည်း၊ ၎င်းတို့ဟန်ဖြင့် ကရင်နှစ်သစ်ကူး အခမ်းအနားများ ကျင်းပကြသည်။ DKBA ၉၉၉ အထူးတပ်ရင်း ရွှေကုက္ကိုတွင် နှစ်သစ်ကူးပွဲတော် ကျင်းပရာ၌ လူပေါင်း ၁၅၀၀၀ ခန့် တက်ရောက်သည်ဟု သိရသည်။

ကရင်အမျိုးသားအရေး ကြိုးပမ်းရာတွင် ဖိနှိပ်ကျွန်ပြုမှု အပေါင်းမှ လွတ်မြောက်နိုင်ရန်၊ နိုင်ငံရေးအရ နိုးကြားပြီး ဘာသာ အယူဝါဒ မခွဲခြားရန်၊ တစိတ်တဝမ်းတည်း စည်းလုံးညီညွတ်ကြရန်၊ အမျိုးသားရန်သူ မသမာသူများ၏ လိမ်လည်မှုများကို မခံကြစေရန် အတွက် အထူးသတိရှိရန် လိုအပ်ကြောင်း ယခုနှစ်ကရင်နှစ်သစ်ကူး မိန့်ခွန်းအဖြစ် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး တာမလာဘောက ပြောကြားခဲ့သည်။
ကရင်အမျိုးသားရေး ကြိုးပမ်းရာတွင် ဖိနှိပ် ကျွန်ပြုမှုအပေါင်းမှ လွတ်မြောက်နိုင်ရန် နိုင်ငံရေး အရ နိုးကြားပြီး KNU သည် ၂၀၀၈ခုနှစ် စစ်အစိုးရက အတည်ပြုခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မကြာမီတွင် ပြုလုပ်မည့် ရွေးကောက်ပွဲကို ဆန့်ကျင်သော အဖွဲ့ တဖွဲ့ဖြစ်သည်၊ ထို့ကြောင့် လာမည့် ၂၀၁၀ ပြည့်နှစ်သည် စစ်အစိုရ လက်အောက်တွင် နေထိုင်ကြသော ကရင်တိုင်းရင်းသားများအတွက် အလွန်စိုးရိမ်ဖွယ်ကောင်း သောနှစ် ဖြစ်မည်ဟု ဗိုလ်ချုပ်ကြီး စောတာမလာဘော၏ နှစ်သစ်ကူးမိန့်ခွန်းတွင် ဖော်ပြထားသည်။

KNU နှင့် DKBA ခေါင်းဆောင်များက ယခုနှစ် နှစ်သစ်ကူးမတိုင်မီ အပစ်ခတ်ရပ်စဲရေး အတွက် လျှို့ဝှက် ဆွေးနွေးခဲ့ကြသည်ဟု ပြီးခဲ့သည် စက်တင်ဘာလက ပြည်ပ မီဒီယာတချို့တွင် ဖေါ်ပြခဲ့သည်။

“DKBAနဲ့ အပစ်ခတ်ရပ်စဲမှုနဲ့ ပတ်သက်ပြီး အခုလောလောဆယ် ကျနော်တို့ ဘာမှ သဘောတူညီထားခြင်း မရှိသေးပါဘူး။ နှစ်သစ်မှာ KNU အနေနဲ့ကတော့ ထုံးစံအတိုင်း ပြည်တွင်းစစ်ကလည်း မရပ်သေးဘူး၊ ရည်မှန်းချက်ကလည်း မပေါက်မြောက် သေးဘူးဆိုတော့ ကိုယ့်အမျိုးသားရေး ရပ်တည်ဖို့အတွက် ဒီလိုပဲ ခုခံကာကွယ်တဲ့ စစ်ကို ဆက်လက်ဆင်နွှဲရမယ်” ဟု KNU ဗိုလ်မှူး စောလှငွေက ပြောသည်။

ကရင်တိုင်းရင်းသားများသည် ဘီစီ ၇၃၉ တွင် မြန်နိုင်ငံတွင်းသို့ ပထမဦးဆုံးရောက်ရှိလာသော တိုင်းရင်းသား လူမျိုးစု ဖြစ်ပြီး ငြိမ်းချမ်းလွတ်လပ်စွာ နေထိုင်လိုသူများ ဖြစ်သည်။

ဤသတင်းအား ဧရာဝတီသတင်းထောက် ဝါးရှီးဖော ပါဝင်ရေးသားသည်။

Wednesday, December 16, 2009

လူ့အခွင့်အရေး လမ်းလျောက်ချီတက်ပွဲ သြစတြေးလျားတွင် ပြုလုပ်

Submitted by Karen Information Center on December 15, 2009 – 6:50 amNo Comment
ဒီဇင်ဘာလ ၁၅ရက်။ စောကျော်ခွိ (ကေအိုင်စီ)

လူ့အခွင့်အရေးအတွက် လမ်းလျှောက်ချီတက်ပွဲတရပ်ကို သြစတြေးလျားနိုင်ငံ၊ ဆစ်ဒနီမြို့ မန် လီ(Manly)ပင်လယ်ကမ်းခြေတွင် ဒီဇင်ဘာလ ၁၃ရက်နေ့က ပြုလုပ်ခဲ့ကြရာ လူပေါင်း ၈၀၀ ကျော် ပါဝင်ခဲ့သည်ဟု သိရသည်။

အဆိုပါ လမ်းလျှောက်ချီတက်ပွဲတွင် မြန်မာ၊ တိဘက်၊ တရုတ်၊ ဖာလန်ဂေါင်၊ ဆူဒန်၊ ပါကစ္စ တန်နှင့် သြစတြေးလျားနိုင်ငံသားများက Manly ကမ်းခြေကို လှည့်ပတ်ချီတက်ကြပြီး မိမိတို့ လူမျိုးများ၏ ဖိနှိပ်မှုခံနေရသော လူ့ဂုဏ်သိက္ခာ၊ အခွင့်အရေးများအတွက် ပိုစတာများ ကိုင် ဆောင်လျှက် ချီတက်တောင်းဆိုနေကြသည်ဟု သိရသည်။



လမ်းလျှောက်ချီတက်ပွဲတွင် ပါဝင်ခဲ့သူ ဘားမားကမ်ပိန်းတာဝန်ခံ ဒေါက်တာမြင့်ချိုက “မြန်မာ နိုင်ငံမှာ လက်ရှိ နိုင်ငံရေး အကျဉ်းသား(၂၀၀၀)ကျော်ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံ ရေးအကျဉ်းသားတွေ အကုန်လုံးလွတ်မြောက်ဖို့အတွက် အရေးကြီးပါတယ်။ ဒေါ်အောင်ဆန်း စုကြည်နဲ့ မြန်မာနိုင်ငံသားတွေဟာ နိုင်ငံတကာရဲ့ အကူအညီယူပြီးတော့ မြန်မာနိုင်ငံမှာ လူ့ အခွင့်အရေးတွေ ပြန်လည်ထွန်းကားအောင်လုပ်ဖို့ တောင်းဆိုထားပါတယ်”ဟု ပြောသည်။

မိနစ်(၃၀)ကြာမြင့်သည့် အဆိုပါချီ်တက်ပွဲအပြီးတွင် လူမျိုးအသီးသီးက လူ့အခွင့်အရေး ချိုး ဖောက်မှုနှင့် ပတ်သက်၍ ဟောပြောခြင်း၊ တိဘက်အကများ၊ တရုတ်ဖာလန်ဂေါင်အကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

အဆိုပါ လမ်းလျှောက် ချီတက်ပွဲအခမ်းအနားကို မွန်းလွဲ ၁နာရီမှ ညနေ ၃နာရီ ပြုလုပ်ကြပြီး ထိုအခမ်းနားသို့ ကမ္ဘာ့လှည့်ခရီးသည်များက စိတ်ဝင်တရား မေးမြန်းမှုများ လုပ်ဆောင်နေကြသည်။

ပိုးကျသဖြင့် စပါးအထွက်နှုန်း လျော့နည်းလာ

Submitted by Karen Information Center on December 15, 2009 – 7:00 amNo Comment
ဒီဇင်ဘာလ ၁၅ရက်။ စောသိန်းမြင့်(ကေအိုင်စီ)

ကြိတ်ကျေးရွာမှ စိုက်ခင်းတနေရာ
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကြိတ်ကျေးရွာ၌ ယခုနှစ်တွင် စပါးမရိတ်သိမ်းမီကာလ တွင် စပါးပိုးကျသောကြောင့် ယခင်နှစ်များထက် စပါးထွက်နှုန်း လျော့နည်းလာသည်ဟု ရွာ သားများ၏ ပြောပြချက်အရ သိရသည်။

ကြိတ်ကျေးရွာမှ လယ်ဧကတချို့သည် ယခင်နှစ်များတွင် စပါးတင်း ၁၀၀ ထွက်သည့် လယ် တကွက်မှာ ယခုနှစ် ဒီဇင်ဘာလ စပါးထွက်သည့်ရာသီတွင် ၇၀တင်းမျှသာ အထွက်နှုန်းရှိသည် ဟု ကြိတ်ရွာသားတဦးက ယခုလို ပြောသည်။


၎င်းက “ဒီနှစ်မှာ စပါးအထွက်နှုန်း လျော့နည်းလာတယ်။ ဘာဖြစ်လို့ဆိုရင် စပါးမရိတ်သိမ်းခင် မှာ ပိုးတခေါက်ကျတယ်လေ။ အဲဒီပိုးဟာ မရင့်သေးတဲ့ စပါးသီးတွေကို ကိုက်စားလိုက်လို့ တင်း ၁၀၀ထွက်ရမယ့် လယ်က ဒီနှစ်ကျတော့ တင်း ၇၀၊ ၇၀ကျော်လောက်ပဲ အများဆုံး ထွက်နိုင်တော့တယ်”ဟု ပြောသည်။

ကြိတ်ကျေးရွာသည် ယခုနှစ် စပါးထွက်နှုန်းလျော့နည်းလာသလို နှမ်းပင်၊ ပဲပင်များသည်လည်း ပင်စည်သန်အားကောင်းလွန်းပြီး အသီး၊ အဥတွင် အောင်မြင်နိုင်သည့် အလားအလာ အလွန် နည်းပါးနေသည်ဟုလည်း အဆိုပါရွာသားက ဆက်ပြောသည်။

ကြိတ်ကျေးရွာတွင် လယ်ကွင်းပေါင်း ၁၀၀ကျော်ရှိပြီး ယခု စပါးပိုးကျသည့် လယ်ကွင်းသည် ထက်ဝက်ခန့်ပင် မရှိကြောင်း၊ ကြိတ်ကျေးရွာ၌ စပါးတတင်းလျှင် ၂,၅၀၀ကျပ်၊ နှမ်းတတင်း လျှင် ၈,၀၀၀ထောင်ကျပ်၊ ပဲတတင်းလျှင် ၁,၅၀၀မှ ၂,၀၀၀ကျပ် ဈေးနှုန်းရှိသည်ဟု ကေအိုင်စီ က စုံစမ်းသိရှိရသည်။


ကြိတ်ကျေးရွာမှ စိုက်ခင်းတနေရာ

ကရင်ပြည်နယ်မြောက်ပိုင်း တောင်ငူခရိုင် ထန်းတပင်မြို့နယ်ဘက်တွင်လည်း ယခုနှစ်တွင် မိုး နည်းသည့်အတွက် စပါးထွက်နှုန်း သုံးပုံတပုံခန့် လျော့နည်းလာသည့်အပြင် လာမည့်နှစ်တွင် လယ်သမားများ စားဝတ်နေရေးပြဿနာများနှင့် ရင်ဆိုင်ရနိုင်သည်ဟု ဒေသခံလယ်သမားများ က ပြောကြသည်။

Monday, December 14, 2009

၂၇၄၉ခုနှစ် ကရင်နှစ်သစ်ကူးပွဲတော် ဓါတ်ပုံသတင်း(ဆစ်ဒနီ)


အခမ်းအနားမှူး


စောလေးလေးနှင့်ပရိတ်သတ်အချို့


ဒေါက်တာဂျိုးမှ အမှာစကားပြောကြားနေစဉ်





ဤနေရာမှ ပွဲစဉ်ကိုမှတ်တမ်းတင်နေသူ


အခမ်းအနားမှူးနှစ်ဦး


ဒုက္ခသည်ဆိုင်ရာ ကိုယ်စားလှယ် မိန့်ခွန်းပြောကြားနေစဉ်


အဝင်ဝမုခ်ဦး၌ကရင်နှစ်သစ်ကူးဆိုင်ရာ သတင်းအချက်အလက် စာစောင်များခင်းကျင်းပြသ ဝေငှရာ


စာစောင်ထုတ်ဝေသူတစ်ဦး



ဒုက္ခသည်ဆိုင်ရာ ကိုယ်စားလှယ် မိန့်ခွန်းပြောကြားနေစဉ်


မဲလ်ဘမ်း(ဒေါ်လဲ့လဲ့ဝင်း)ဒုံးအဖွဲ့မှ ကပြဖြော်ဖြေနေစဉ်


မဲဘမ်း AKOမှ ဆိုင်းတီးသူများ


မဲလ်ဘမ်း(ဒေါ်လဲ့လဲ့ဝင်း)ဒုံးအဖွဲ့မှ ကပြဖြော်ဖြေနေစဉ်


မဲလ်ဘမ်း(ဒေါ်လဲ့လဲ့ဝင်း)ဒုံးအဖွဲ့မှ ကပြဖြော်ဖြေနေစဉ်


မဲလ်ဘမ်း(ဒေါ်လဲ့လဲ့ဝင်း)ဒုံးအဖွဲ့မှ ကပြဖြော်ဖြေနေစဉ်








မဲလ်ဘမ်း(စောစမ်းမောင်)ဒုံးအဖွဲ့ ကပြဖျော်ဖြေနေစဉ်

မဲလ်ဘမ်း(စောစမ်းမောင်)ဒုံးအဖွဲ့ ကပြဖျော်ဖြေနေစဉ်


မဲလ်ဘမ်း(စောစမ်းမောင်)ဒုံးအဖွဲ့ ကပြဖျော်ဖြေနေစဉ်


ဘားမာကမ်ပိန်းမှ မစ္စဇယ်တီ စကားပြောကြားနေစဉ်။

AKO ဥက္ကဌမှ
စကားပြောကြားနေစဉ်။


တီးမောရစ်မှ
စကားပြောကြားနေစဉ်။


ကရင်အမျိုးသားသီချင်း၊သြစတြေးလျနိုင်ငံတော်သီချင်းကို ညီညီညာညာ သီဆိုနေစဉ်။


သြစတြေးလျနိုင်ငံတော်သီချင်းကို ညီညီညာညာ စီဆိုနေစဉ်။


ကရင့်ရိုးရာ တူရိယာနှင့်ခေတ်သစ် ကရင့်မျိုးဆက်လေးများ။


ခေတ်သစ် ကရင့်မျိုးဆက်လေးများ။


နိုင်ငံခြားဧည့်သည့်တော်များ။